BREAKING
October 18, 2024

ထားဝယ်

ထားဝယ်တွင် ဓာတုလွတ် စိုက်ပျိုးရေး စံပြဥယျာဉ် စတင်

diz_admin

February 25, 2020

ထားဝယ်တွင် ဓာတုလွတ် စိုက်ပျိုး ရေးစံပြဥယျာဉ် စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း ထားဝယ်ဒေသ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံပန်းမာန် စိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။ ဓာတုလွှတ် စိုက်ပျိုးရေးစံပြဥယျာဉ် တွင် ကွမ်းရွက်ပင်ကို အဓိက စိုက်ပျိုး မည်ဖြစ်ပြီး ငရုတ်၊ သခွား၊ ချည်ပေါင်၊ ကန်စွန်း၊ ရုံးပတီသီး၊ သရက်စသဖြင့် နှစ်ရှည်ပင်နှင့် နှစ်တိုပင်များကို စိုက်ပျိုး သွားမည်ဖြစ်ကြောင်း အထက်ပါအသင်းမှ (နည်းပညာ၊ ဆေးဝါး၊ မြေဩဇာ) ဒေသအကြံပေး ဦးအောင်ကျော်မျိုးက ပြောသည်။ “ကျွန်တော်တို့ ဓာတုလွတ် စံပြ ဥယျာဉ်ဆိုလုပ်လိုက်တယ်ဆိုရင် မည်သည့် တောင်သူမဆို လာပြီးတော့ လေ့လာ နိုင်အောင်၊ ဒေသမှာ စားသုံးသူလူတန်း စားတစ်ရပ်လုံး ဓာတုကင်းလွတ်သီးနှံစား သုံးပြီး ကျန်းကျန်းမာမာ လူတန်းစား တစ်ရပ်ဖြစ်လာအောင် ရည်ရွယ်တယ်”ဟု ကိုအောင်ကျော်မျိုးက ဆိုသည်။ […]

ထားဝယ်လေထု အရည်အသွေး ပုံမှန်အတိုင်းရှိမြဲ

diz_admin

February 25, 2020

တနင်္သာရီတိုင်း သဘာ၀ပတ်ဝန်းကျင် ထိမ်းသိန်းရေး ဦးစီးဌာနမှ လေထုအရည်အသွေး တစ်လတစ်ကြိမ် တိုင်းတာချက်အရ ထားဝယ်လေထုအတွင်း လူနှင့် အခြားသက်ရှိ၊ သက်မဲ့များကို ထိခိုက်စေနိုင်သည်အထိ ဓာတ်ငွေ့များ ရှိမနေဘဲ ပုံမှန်အတိုင်းရှိနေကြောင်း သိရသည်။ လေထုအရည်အသွေးကို နယူး ဇီလန်နှင့် ယူကေနိုင်ငံထုတ် လေထု အရည်အသွေးတိုင်း ကိရိယာနှစ်ခုဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုက် အောက်ဆိုက်၊ နိုင်ထရိုဂျင် စသည့် ဓာတ်ငွေ့အမျိုးအစားများကို တိုင်းတာ နေခြင်းဖြစ်ကြောင်း အထက်ပါဌာ တာဝန်ခံ ဦးထွန်းထွန်းဦးက ပြောသည်။ ယင်းကဲ့သို့တိုင်းတာချက်အရ ကမ္ဘာ့ဘဏ်နှင့် သဘာ၀ပတ်ဝန်းကျင် ဦးစီးဌာနက သတ်မှတ်သော အန္တရာယ်ရှိစံချိန်၊ စံညွှန်းဖြစ်သည့် 9 PPM ထက်မကျော်ဘဲ အနိမ့်ဆုံး 2 PPMမှ အမြင့်ဆုံး 4 PPM အထိသာရှိကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။ PPM […]

လယ်မြေပေါ်ဆောက်ထားသည့် နေအိမ် ငါးဆယ်နီးပါး ဖျက်ရမည်

diz_admin

February 20, 2020

ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက် (စောမိညိုလယ်ကွင်း)ရှိ လယ်ယာမြေ ပေါ် မြေဖို့ထားခြင်း၊ အိမ်ဆောက်ခြင်း ပြုထားသူ ငါးဆယ်နီးပါးကို ၁၅ ရက် အတွင်း ပြန်ဖျက်ရန် ထားဝယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဖေဖော်ဝါရီ လ ၄ ရက်က ညွှန်ကြားလိုက်သည်။ စောမိညိုလယ်ကွက်ပေါ်တွင် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် မရှိဘဲ ဆောက်ထားသည့် နေအိမ် ၄၈ လုံးနှင့် မြေဖို့ထားခြင်းကို စာထုတ်သည့် နေ့မှ ၁၅ ရက်အတွင်း ပြန်လည်ဖယ်ရှား ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။ အဆိုပါ နေအိမ်များကို သတ်မှတ် ရက်အတွင်း မဖယ်ရှားပါက ၂၀၁၂ လယ်ယာမြေဥပဒေအရ အရေးယူဆောင် ရွက်မည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(လယ်စီ) အတွင်းရေးမှူးက ဆိုသည်။ လယ်ယာမြေဥပဒေ-၁၉ အရ အခြား နည်းအသုံးပြုခွင့်မရှိဘဲ […]

အမှိုက်ခွဲပစ်သည့် ပစ္စည်းအပါအဝင် နည်းပညာထုတ်ကုန် သုံးဆယ်နီးပါး ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ပြသ

diz_admin

February 20, 2020

ထားဝယ်ကွန်ပျူတာ တက္ကသိုလ်တွင် ကျင်းပသည့် နည်းပညာထုတ်ကုန်ပြပွဲတွင် အမှိုက်ခွဲခြားပစ်သည့် ထုတ်ကုန်ပစ္စည်း အပါအဝင် ထုတ်ကုန်၂၇ မျိုးကို ယင်းတက္ကသိုလ်ကျောင်းသားများက ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၅ ရက်အထိ နှစ်ရက်တာ ခင်းကျင်း ပြသခဲ့သည်။ ရော်ဘာစက်ရုံများတွင် အသုံးပြုရမည့် Inventory Management System၊ ဒေသတွင်း ခရီးသွားလုပ်ငန်း များတွင် အသုံးဝင်သည့် ravel with me ၊ ကျောင်းများတွင် အသုံးဝင်သည့် Student Management System for Private School စသည့် ဝက်ဘ်fဆိုက် ခြောက်ခုကို ပြသခဲ့သည်။ ယင်းအပြင် ထားဝယ်ဒေသအတွင်း ရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ရဲစခန်းများ စသည်တို့ကို အလွယ်တကူ သွားလာ ဆက်သွယ်နိုင်မည့် Dawei Directory၊ […]

ကျောက်နီမော်ရွာ ငါးအမှုန့် ကြိတ်စက် အနံ့ဆိုးကိစ္စ ထပ်တင်ပြမည်

diz_admin

February 19, 2020

လောင်းလုံးမြို့နယ် ကျောက်နီမော် ကျေးရွာရှိ ငါးအမှုန့်ကြိတ်စက်မှ အနံ့ဆိုး ထွက်နေသည့်ကိစ္စကို မခံနိုင်သည့် အတွက် စာဖြင့်တင်ပြရန် ပြင်ဆင်နေ ကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုး က ကျောက်နီမော်ရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာ ၆ ရွာအထိ ပျံ့နှံ့နေ ကြောင်း ကျောက်နီမော်ရွာ အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်စိုးက ဆိုသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရပ်ရွာ လူထုမှ ယခင်က တိုင်ကြားခဲ့ဖူးသော် လည်း အကြောင်းထူးခြင်းမရှိသည့် အတွက် ယခုလအတွင်း ထပ်မံတိုင်ကြား ရန် ပြင်ဆင်နေကြောင်း ၎င်းက ပြောသည်။ “စက်ရုံကထွက်တဲ့အနံ့ကို လုံး၀ခံ လို့မနိုင်ဘူး။ အနံ့က ရှူလိုက်ရတာနဲ့ ရင်ထဲမှာစူးပြီး အရမ်းကို ခံစားရတယ်”ဟု ဒေါ်သက်သက်စိုးက ဆိုသည်။ ထို့အပြင် ကျွန်းပေါ်တွင် […]

စာသင်ခန်းအတွင်း အတန်းပိုင်ဆရာ စားပွဲတွင် စိတ်ကြွဆေးပြား လေးဆယ်ကျော် ဖမ်းမိ

diz_admin

February 19, 2020

ရေဖြူမြို့နယ်၊ ဖားချောင်းအင်းရွာရှိ အလယ်တန်းကျောင်းခွဲတွင် စာသင်ခန်း အတွင်းရှိ အတန်းပိုင်ဆရာ၏ စားပွဲ အံဆွဲအတွင်းမှ စိတ်ကြွဆေးပြား လေး ဆယ်ကျော်ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။ အထက်ပါကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ဖေဖော်ဝါရီလ ၁၀ ရက် က စာသင်ခန်းများကို လိုက်လံစစ်ဆေးစဉ် တတိယတန်းအခန်းတွင် အသက် ၂၉ နှစ်အရွယ်အတန်းပိုင်ဆရာ၏ စားပွဲခုံ အောက်တွင် ဝါးပြောင်းနှင့် ခဲပြားများ တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့တွေ့ရှိမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများကို အကြောင်း ကြားပြီး အဆိုပါ စာသင်ခန်းအတွင်း ရှာဖွေရာ စားပွဲအောက်အံဆွဲအတွင်းမှ WY စိတ်ကြွဆေး ၄၃ ပြားဖမ်းမိခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ လက်ရှိတွင် အဆိုပါ […]