BREAKING
October 18, 2024

ထားဝယ်

ပညာရေး အဆောက်အအုံ လေးရာနီးပါး ဆောက်လုပ်ရန် တင်ပြထား

diz_admin

February 25, 2020

လာမည့်ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်း စာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာ လေးရာနီးပါး အသစ်ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနသို့ အဆို ပြုတင်ပြထားကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ပညာရေး အဆောက်အအုံများတွင် အန္တရာယ်ရှိသည့် ကျောင်းဆောင်၊ ကျောင်းသားဦးရေ တိုးလာသည့် ကျောင်းဆောင်၊ ဝန်ထမ်းအိမ်ရာ၊ သိပ္ပံခန်းနှင့် ကျောင်းစာ ကြည့်တိုက်တို့ ပါဝင်ကြောင်း တိုင်းပညာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ “တင်ပြတာတော့ များတယ်။ ပြည် ထောင်စုက ဘယ်လောက်ထိ ခွင့်ပြုမယ်မှန်း မသိသေးဘူး”ဟု ဒေါ်မြင့်စိန်က ဆိုသည်။ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တွင်ရှိသည့် လွှတ်တော်အမတ် စသည်တို့ ပါဝင် ဖွဲ့စည်းထားသော ရွေးချယ်ရေးကော်မတီမှ တင်ပြလာသည့် ဦးစားပေးကျောင်းများကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြပေးသည်ဟု ၎င်းက ပြောသည်။ ယင်းအဆောက်အအုံများအတွက် ကျပ်သန်း နှစ်သောင်းကျော် […]

လောင်းလုံး၊ ကညုံကျွန်းရွာတွင် ရေစရှား

diz_admin

February 25, 2020

လောင်းလုံးမြို့နယ် ကညုံကျွန်း ကျေးရွာတွင် ဖေဖော်ဝါရီလ ဒုတိယ အပတ်မှစပြီး သောက်သုံးရေ ရှားပါးနေ ပြီဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက ပြောသည်။ ကညုံကျွန်းကျေးရွာတွင် နွေရာသီ ရေရှားပါးမှုဖြစ်ပေါ်ပါက သုံးစွဲရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေဖြင့် တူးဖော်ထားသည့် ရေကန်မှာ ခမ်းခြောက်သွားသဖြင့် ရွာ အရှေ့ပိုင်းနှင့် ရွာအနောက်ပိုင်းတွင် ရေရှားပါးနေခြင်းဖြစ်ကြောင်း ဦးလှဝင်းက ပြောသည်။ “ကျွန်တော်တို့ရွာ့မှာက အိမ်ခြေ ငါးရာနီးပါးရှိတယ်ဆိုတော့ အခုဆိုရင် (အိမ်ခြေ) သုံးရာနီးပါးလောက်ကို ရေရှား နေပြီ။ အိမ်ခြေရှစ်ဆယ်လောက်ရှိတဲ့ ရွာမ ရွာထဲမှာဆို ပိုပြီးရေအခက်အခဲဖြစ် နေတယ်။ အခုက ရှိတဲ့ကန်မှ ဒီလိုပဲ လိုက် ခပ်နေရတာပေါ့”ဟု ၎င်းက ဆိုသည်။ ယင်းကျေးရွာ အနီးတွင်ရှိသည့် ကထောင်းနီကျေးရွာတွင်လည်း ရေ အနည်း ငယ်ရှားပါးနေသော်လည်း အခြားရွာမှ […]

ထားဝယ်စည်ပင်ဈေးကြီး အိမ်သာသန့်ရှင်းမှု အားနည်း

diz_admin

February 25, 2020

ထားဝယ်မြို့ စည်ပင်သာယာဈေး ကြီး(အထက်ဈေး)ရှိ အများသုံးအိမ်သာမှာ သန့်ရှင်းသပ်ရပ်မှု အားနည်းလှသည် ဟု ဈေးရောင်းချသူများက ပြောဆိုသည်။ အဆိုပါဈေးရှိ အိမ်သာကို အဆင့် မြှင့်ကာ ပြန်လည်တည်ဆောက်ထား သော်လည်း သန့်ရှင်းရေးလုပ်ဆောင်မှု အားနည်းနေခြင်း ဖြစ်သည်။ အများသုံးအိမ်သာ တစ်ကြိမ် အသုံး ပြုခအဖြစ် တစ်ဦးလျှင် ငွေကျပ် ၁၀၀ ကောက်ခံနေပြီး ခင်းထားသည့် ကြွေပြားနှင့် အိမ်သာခွက်တို့မှာ သန့်ရှင်းမှု အားနည်းနေကြောင်း ဈေးအတွင်း အဝတ်အထည်ရောင်းချနေသည့် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။ “အခြားနေရာတွေလိုမျိုး သန့်သန့် ရှင်းရှင်းလေး ဖြစ်စေချင်တယ်”ဟု အထက် ပါ အမျိုးသမီးက ပြောသည်။ အိမ်သာသုံး ရေပန်း ခေါင်းများလည်း ပျက်စီးနေပြီး အိမ်သာ နံရံတို့တွင်လည်း ညစ်ပတ်နေသည့်အတွက် သန့်ရှင်း သပ်ရပ်စွာ […]

သိမ်းဆည်းမြေကိစ္စ အစိုးရနှင့် လယ်သမား သဘောတူညီမှု မရသေး

diz_admin

February 25, 2020

ထားဝယ်မြို့ ဆန်းချီအနောက် တိုးချဲ့မြို့သစ်ရှိ သိမ်းဆည်းလယ် ကိစ္စ အတွက် လျော်ကြေးငွေရယူထားခြင်း မရှိသေးသော လယ်သမားခြောက်ဦးနှင့် တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှု မရသေးကြောင်း ယင်း ညှိနှိုင်းပွဲ တက်ရောက်ခဲ့သူ အချို့ထံမှ သိရသည်။ တိုင်းအစိုးရဘက်က ယခင်က လယ်သမားခြောက်ဦးအား ကမ်းလှမ်း ခဲ့ဖူးသည့် လယ်သုံးဧကလျှင် ပေ လေး ဆယ်၊ ခြောက်ဆယ် မြေတစ်ကွက်ပေးမည့်အစား နောက်ထပ်မြေတစ်ကွက်ကို ထပ်တိုးပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဦးညီညီထွန်းက ပြောသည်။ ဥပမာ ကိုးဧက အသိမ်းခံထားရသော လယ်သမားသည် ယခင်က ပေလေးဆယ်၊ ခြောက်ဆယ် မြေသုံးကွက်ရမည့်အစား ယခုမြေကွက်လေးကွက်၊ သုံးဧက အသိမ်းခံထားရသူသည် ယခင်က မြေကွက် တစ်ကွက်ရမည့်အစား ယခုနှစ်ကွက် စသည်ဖြင့် ရရှိမည်ဟု […]

ထားဝယ်ခရိုင်တွင် ကျောက်ထုတ် လိုင်စင် တစ်ရာကျော်

diz_admin

February 25, 2020

ထားဝယ်ခရိုင်အတွင်း ကျောက် ထုတ်လိုင်စင် တစ်ရာကျော်ရှိပြီး ယင်း လုပ်ငန်းများမှ အခွန်ငွေ ကျပ်သိန်း တစ်ထောင့်တစ်ရာကျော် ရရှိခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်း လမ်းခင်းကျောက်၊ ကျောက်စရစ် စသည့် ကျောက်ထုတ်လိုင်စင် ၁၂၃ ခု ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင် စိုးမိုးက ဆိုသည်။ ယင်းလုပ်ငန်းများမှ ထုတ်လုပ် သည့် ကျောက်ကျင်းအရေအတွက်ကို လုပ်ငန်းခွင်အတွင်းရှိ လုပ်သားဦးရေ၊ ထုတ်လုပ်နိုင်မှု ပမာဏတို့ကို စိစစ်ကာ ထုတ်လုပ်သည့်ပမာဏကို စောင့်ကြည့် ကြောင်း ဦးအောင်စိုးမိုးက ပြောသည်။ အဆိုပါ ကျောက်ထုတ်လုပ်ငန်းများတွင် ကျောက်တစ်ကျင်း(၁၀၀ ကုဗပေ)လျှင် အခွန်ငွေ ၂၅၀၀ ကျပ်နှုန်းကောက်ခံနေကြောင်း ၎င်းက ဆိုသည်။ “မကြာခင်တော့ အခွန်နှုန်းထား ပြန်မြှင့်ဖို့ အနေအထားလေးတော့ […]

မလွှဲတောင် အများသုံးအိမ်သာ ဝန်ဆောင်မှု လုပ်ချင်က ဆက်သွယ်ပါ

diz_admin

February 25, 2020

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် ကြားရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်အနီး တွင် တည်ဆောက်ထားသည့် အများသုံး အိမ်သာကို လုပ်ကိုင်လိုပါက ဆက်သွယ် နိုင်ကြောင်း လမ်းအထူး ၂၃ အဖွဲ့ထံမှ သိရသည်။ အထက်ပါ အများသုံးအိမ်သာကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကာလတွင် တည်ဆောက်ထားပြီး အိမ်သာအသုံးပြုပါက ငွေကျပ် ၁၀၀ နှုန်း ကောက်ခံနေသည်။ အိမ်သာဆောက်ပြီးချိန်တွင် တစ်နေ့ တာဝင်ငွေကို သိနိုင်ရန် ဌာနဝန်ထမ်းများ ဖြင့် စမ်းသပ်ကောက်ခံရာ တစ်ရက်လျှင် နှစ်သောင်းကျပ်ဝန်းကျင် ရရှိကြောင်း လမ်းအထူးအဖွဲ့ ၂၃ မှ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်လင်း(မြို့ပြ)က ဆိုသည်။ လက်ရှိတွင် အများသုံးအိမ်သာဝန် ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်မည့်သူ မရှိသေးသည့်အတွက် ယင်းဂိတ်အနီးရှိ ကျေးရွာမှ ဒေသခံတစ်ဦးကို လုပ်ကိုင်ခွင့် ပေးထားရကြောင်း ၎င်းက ပြောသည်။ […]