BREAKING
October 18, 2024

ထားဝယ်

တိုင်းအဆင့် မသန်စွမ်းအသင်း မတ်လကုန် ဖွဲ့မည်

diz_admin

March 3, 2020

တနင်္သာရီတိုင်းဒေသကြီး မသန်စွမ်းအသင်းကို မတ်လကုန်ပိုင်းတွင် ဖွဲ့စည်း မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ကိုယ်အင်္ဂါ မသန်စွမ်းအသင်း၏ စည်းရုံး ရေးနှင့် ပြန်ကြားရေးတာဝန်ခံ ဦးထွန်း ဝင်းအောင်က ပြောသည်။ တိုင်းဒေသကြီးအသင်းကို မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းအောက်တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အသင်းဖွဲ့စည်းပြီးပါက မသန်စွမ်း အခွင့်အရေး မြှင့်တင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်ပြီး ဥပဒေ ကြောင်းအရ အစိုးရနှင့် ပူးပေါင်းဆောင် ရွက်ရန် စသည့်အချက်များ ညှိနှိုင်းလုပ် ဆောင်မည်ဖြစ်ကြောင်း ဦးထွန်းဝင်း အောင်က ပြောသည်။ “ဒီအသင်းပေါ်လာရင် အသင်းရဲ့ လုပ်ဆောင်ချက်နဲ့ တိုင်းတွင်းက မသန်စွမ်းတွေရဲ့လိုအပ်ချက်တွေ ကို ထဲထဲဝင်ဝင် ကူညီဆောင်ရွက်နိုင်ရေး အတွက်ပေါ့”ဟု ဦးထွန်းဝင်းအောင်က ဆိုသည်။ တိုင်းဒေသကြီးမသန်စွမ်းအသင်း ကို ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ဖွဲ့စည်းသွားမည်ဖြစ်ပြီး မသန်စွမ်း ကိုယ်စားလှယ်အဖြစ် […]

ဖုန်းနှင့် ဆက်စပ်ပစ္စည်းများတွင် အခွန်အမှတ်တံဆိပ်မကပ်က ဒဏ်ရိုက် အရေးယူမည်

diz_admin

March 3, 2020

လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်း များပေါ်တွင် QR စနစ်ထည့်သွင်းထား သည့် အခွန်အမှတ်တံဆိပ် မကပ်ပါက ယင်းပစ္စည်း၏ တစ်ရာ ရာခိုင်နှုန်းကို ဒဏ်တပ်ရိုက်မည်ဖြစ်ပြီး အကောက် အခွန်မဲ့ပစ္စည်းအဖြစ် မှတ်ယူကာ အကောက်ခွန် ဥပဒေအရလည်း အရေးယူမည်ဖြစ် ကြောင်း ပြည်တွင်အခွန်များ ဦးစီးဌာန က ထုတ်ပြန်လိုက်သည်။ ယင်းအတွက်ကြောင့် ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၊ ဖုန်း ပြုပြင်ဆိုင် လုပ်ငန်းရှင်များသည် ဖုန်း နှင့်ဆက်စပ် ပစ္စည်းများပေါ်တွင် QR စနစ်ထည့်သွင်းထားသည့် အခွန်အမှတ် တံဆိပ်များကို ကပ်နိုပ်ရောင်းချရမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ကုန်တွင် စတင်စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ QR စနစ်ပါသော အခွန်အမှတ် တံဆိပ်ကို ဖုန်း၊ ဆက်စပ်ပစ္စည်း၊ ဝန်ဆောင်မူ(ဘောင်ချာတွင် ကပ်သည့် အခွန်အမှတ်တံဆိပ်) ဟု သုံးမျိုး […]

အခွန်ရုံးတွင် တစ်နှစ်အတွင်း အောင်ဘာလေထီဆုငွေ လာထုတ်သူ လေးဆယ်ကျော်သာရှိ

diz_admin

March 3, 2020

ကျပ် ၁၀၀၀ တန်ထီ ၁ ကြိမ်မြောက် မှ ၁၂ ကြိမ်မြောက်အထိ တစ်နှစ်တာ ကာလအတွင်း အောင်ဘာလေထီဆုငွေ လာထုတ်သူ လေးဆယ်နှစ်ဦးသာရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည် တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ အောင်ဘာလေထီဆုငွေထုတ်ယူရာ တွင် ထီလက်မှတ်၊ မှတ်ပုံတင်၊ အိမ် ထောင်စု၊ ပတ်စပိုစ့်ဓာတ်ပုံ စသည့် အထောက်အထားများဖြင့် မြို့နယ်ပြည် တွင်းအခွန်များ ဦးစီးဌာနတွင် တင်ပြ တောင်းခံရပြီး ၂ ပတ်မှ တစ်လခန့်ကြာ လေ့ရှိကြောင်း အထက်ပါဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး နန်းဆိုင်အုံက ပြောသည်။ “ချက်ချင်း ပိုက်ဆံမရဘူး။ ဒါက တောင်းခံရသေးတယ်လေ။ နေပြည်တော် ကို။ သူက ထုတ်ခွင့်ပြုပါဆိုမှ ချက်လက် မှတ်နဲ့ ပေးရမှာ။ ဘဏ်မှာ တစ်ခါသွား ထုတ်ဆိုတော့ […]

ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း အစီရင်ခံစာ အတိုင်ပင်ခံရုံး ပို့မည်

diz_admin

March 3, 2020

ထိုင်း- မြန်မာနယ်စပ်ရှိ ထီးခီးကုန်သွယ်ရေးစခန်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံရုံးထံ တင်ပြမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ ထီးခီးကုန်သွယ်ရေးစခန်းနှင့် ပတ်သက်သည့် ဌာနဆိုင်ရာများ၏ တင်ပြချက်၊ အကြံပြုချက်များ အပါအဝင် ကွင်းဆင်းတွေ့ရှိချက်များကို မကြာမီအစီရင်ခံစာတင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တိုင်းအစိုးရက ထီးခီးကုန်သွယ်ရေး စခန်းကွင်းဆင်း စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်း ထားပြီး တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေ သည်။ “ဌာနအသီးသီးရဲ့ လိုအပ်ချက်နဲ့ သူတို့တင်ပြချက်တွေ အားလုံးယူပြီး တော့မှ အစည်းအဝေးလုပ်ပြီး အကြံပြုချက်တွေရေးပြီး တင်ရမှာ”ဟု ဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ ထီးခီးနယ်စပ်ကုန်သွယ်ရေး စခန်း ကို အပြည်ပြည်ဆိုင်ရာ ဂိတ်စခန်း တစ်ခုအဖြစ် ပေါ်ပေါက်လာစေရန်၊ မြေယာစီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေ […]

တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု ပြန်ခေါ်သက်သေ ကိုးဦး စစ်ရန်ကျန်

diz_admin

March 3, 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အမှုတွင် ပြန်ခေါ်သက်သေ ကိုးဦးကို စစ်ဆေးရန် ကျန်ရှိကြောင်း တိုင်းတရား လွှတ်တော် ရုံးထံမှ သိရသည်။ အဆိုပါ အမှုတွင် ပြန်ခေါ်သက်သေ ၂၄ ဦးကို ပြန်လည်စစ်ဆေးပေးရန် စွဲချက်တင်ခံထားရသူများ ၏ ရှေ့နေများက တင်ပြထားပြီး ဖေဖော်ဝါရီလ ၂၅ ရက်အထိ ၁၃ ဦးကို စစ်ဆေးခဲ့ပြီးဖြစ် ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ဆိုသည်။ “ပယ်ခဲ့တာကတော့ နှစ်ဦးဖြစ် ပြီးတော့ စစ်ဆေးရန် ကျန်ရှိတာကတော့ ကိုးဦး ရှိပါတယ်” ဟု ဦးဇော်မင်းနိုင်က ပြောသည်။ ပြန်ခေါ်သက်သေအဖြစ်မှ တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့နှစ်ဦးကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ […]

မြို့မယဉ်ငေး သာသနာ့ရိပ်သာတွင် ကွန်ပျူတာသင်တန်းသား ခေါ်ယူ

diz_admin

March 3, 2020

ထားဝယ် မြို့မယဉ်ငေးသာသနာ့ ရိပ်သာတွင် ကွန်ပျူတာသင်တန်းပေးရန် အတွက် သင်တန်းသား ခေါ်ယူနေပြီဖြစ်ကြောင်း ကွန်ပျူတာနှင့် နိုင်ငံခြားဘာသာ စကားစင်တာ Center For Computer and Foreign Languages(CCFL) ထံမှ သိရသည်။ သင်တန်းကို မတ်လ ၁၁ ရက်တွင် ထားဝယ် မြို့မယဉ်ငေးသာသနာ့ရိပ်သာ၊ ဗုဒ္ဓကောလိပ်ရုံးခန်း အပေါ်ထပ်တွင် ဖွင့်လှစ်မှာဖြစ်ပြီး ဖေဖော်ဝါရီ တတိယ အပတ်မှစ၍ သင်တန်းသားခေါ်ယူနေပြီ ဖြစ်ကြောင်း CCFL မှ မန်နေဂျင်းဒါရိုက်တာ ကိုနေရာမင်းခန့်က ပြောသည်။ အသက် ၁၄ နှစ်နှင့် အထက်ရှိသူများ လျှောက်ထားနိုင်ပြီး မတ်လ ၃ ရက်တွင် သင်တန်း Fသမာ ဖြည့်ကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ မိုးမြင့်