BREAKING
October 18, 2024

ထားဝယ်

ထားဝယ်ခရိုင်အတွင်း အရေးယူခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဦးသာရှိ

diz_admin

March 11, 2020

ထားဝယ်ခရိုင်တွင် ၂၀၁၉ ခုနှစ် အတွင်း အရေးယူခံရသည့် ရပ်ကျေးအုပ် ချုပ်ရေးမှူးတစ်ဦးသာရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ လောင်းလုံးမြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကို စာဖြင့် သတိပေးကာ အရေးယူခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။ သို့ရာတွင် ယင်းရပ်ကွက်/ ကျေးရွာ အမည် သို့မဟုတ် အုပ်ချုပ်ရေးမှူး၏ အမည်၊ မည်သည့်အပြစ်ကို ကျူးလွန်ခဲ့ သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ အဆိုပါအုပ်ချုပ်ရေးမှူးကို တိုင် ကြားလာသည့်အတွက် စစ်ဆေးချိန်တွင် ကျူးလွန်ကြောင်းပေါ်ပေါက်သည့်အတွက် စာဖြင့်သတိပေးကာ အရေးယူခဲ့ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။ “အဓိကကတော့ တိုင်ကြားခံရတဲ့ အခါမှာ စစ်ဆေးပေါ်ပေါက်လို့”ဟု ဦးအောင်စိုးမိုးက ပြောသည်။ အုပ်ချုပ်ရေးမှူးကို စာဖြင့်သတိပေး ခြင်းကလည်း ဥပဒေအရ အပြစ်ပေးအရေး ယူခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိနယ်မြေအတွင်း ခွင့်ပြုချက်မဲ့ […]

အလှဓာတ်ပုံရိုက်ရန် သီးသန့် နေကြာခင်း စိုက်မည်

diz_admin

March 11, 2020

နေကြားပန်းခူးရောင်းရန်အတွက် ရည်ရွယ်စိုက်ပျိုးထားသည့် နေကြာခင်း သည် တက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားများအကြား အလှဓာတ်ပုံရိုက်ရန် ခေတ်စားလာသဖြင့် လာမည့်နှစ်တွင် အလှနေကြာခင်း သီးသန့်စိုက်ပျိုးမည် ဖြစ်ကြောင်း နေကြာခင်း ပိုင်ရှင်ဖြစ်သူ ဦးမျိုးဇော်က ပြောသည်။ လောင်းလုံးမြို့နယ် ထိန်တွင်းကျေးရွာရှိ နေကြာခင်းသည် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ၊ အခြား လူငယ်များနှင့် မင်္ဂလာဆောင်မောင်မယ် များအကြားတွင် အလှဓာတ်ပုံရိုက်ရန် ဖေဖော်ဝါရီလ ပထမအပတ်ခန့်တွင် စတင်ခေတ်စားလာခဲ့ပြီး ခန့်မှန်းလူသုံး ဆယ်ဦးခန့် နေ့စဉ်လာရောက် ဓာတ်ပုံ ရိုက်ကူးနေကြောင်း ဦးမျိုးဇော်က ပြောသည်။ လွန်ခဲ့သည့် ခြောက်နှစ်ခန့် ကတည်းက နေကြာပန်းရောင်းရန် အတွက် စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်မှ လူသိ များလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “မနက် နေထွက်တည်းက ဓာတ်ပုံ လာရိုက်တဲ့သူတွေ ညနေမိုးချုပ်တဲ့အချိန် အထိ […]

မလိုအပ်သည့် အခမ်းအနားများမလုပ်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား၊ တက္ကသိုလ်ကျောင်းသင်္ကြန် ဆက်ကျင်းပမည်

diz_admin

March 11, 2020

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် မလိုအပ်သည့် အခမ်းအနားများ မကျင်းပရန် ပညာရေးဝန်ကြီးဌာနအောက်ရှိဌာနများ အားလုံးကို ညွှန်ကြားထားသော်လည်း ထားဝယ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့က ကျောင်းသင်္ကြန်ကို ဆက်လက်ကျင်းပမည်ဖြစ် ကြောင်းသိရသည်။ ပညာရေးဝန်ကြီးဌာနက ကိုရိုနာ ဗိုင်းရပ်စ်(ပြင်းထန် အဆုတ်ရောင်ရောဂါ) ဂယက်ကြောင့် လူစုလူဝေးဖြင့် ပြုလုပ်ရ မည့် အခမ်းအနားများကို တတ်နိုင်သ လောက် ရှောင်ရှားရန်နှင့် မဖြစ်မနေလုပ် ဆောင်ရမည့် အခမ်းအနားများရှိပါက လည်း ရက်ရွှေ့ဆောင်ရွက်ရန် မတ်လ ၃ ရက်တွင် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းညွှန်ကြားစာ မထွက် ခင်ကတည်းက ထားဝယ်မြို့ရှိ တက္ကသိုလ် များမှာ ကျောင်းသင်္ကြန်ပြုလုပ်ရန် အတွက် ကျောင်းသားများထံ ငွေကောက် ခံခြင်း၊ လိုအပ်သည့် ပစ္စည်းများ ဝယ်ယူ ခြင်းတို့ကို ကြိုတင်လုပ်ဆောင်ထားပြီး ဖြစ်နေသည်။ ယင်းအတွက်ကြောင့် […]

ကုန်ပစ္စည်းများတွင် မြန်မာလိုမဖော်ပြက ထောင် ၂ နှစ်အထိ ချတော့မည်

diz_admin

March 11, 2020

ကုန်ပစ္စည်းများတွင် မြန်မာဘာသာ ဖြင့် မဖော်ပြပါက ထောင်နှစ်နှစ်ချမှတ် တော့မည်ဖြစ်သည်။ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများဖြစ်သည့် သုံးစွဲပုံ အညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုး ကျိုး အစရှိသည့် ကုန်အမှတ်တံဆိပ်သတ် မှတ်ချက်များကို မြန်မာဘာသာဖြင့် ဖော်ပြရမည်သည်။ စားသုံးသူကာကွယ်ရေးဥပဒေအရ မတ်လ ၁၆ ရက်တွင် စတင်အသက်ဝင် မည်ဖြစ်ပြီး အဆိုပါစည်းကမ်းချက်များ ကို မလိုက်နာပါက ၂ နှစ်ထက်မပို သည့်ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ဝ ထက်မပိုသည့်ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ ကုန်အညွှန်းအမှတ်အသားကို မြန်မာ ဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်း အမျိုးအမည် ၈ မျိုးတွင် အစားအသောက် များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံး အဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးသုံး ပစ္စည်းများ၊ […]

လူစုလူဝေး၊ ပွဲလမ်းသဘင် အတတ်နိုင်ဆုံးရှောင်ရန် သတိပေး

diz_admin

March 5, 2020

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး သတိအနေအထားဖြင့် နေထိုင်နေရသည့် ကာလအတွင်း လူစုလူဝေးများပြားသည့် နေရာများနှင့် ပွဲလမ်းသဘင်ရှိရာ နေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ဖေဖော်ဝါရီ ၂၇ ရက်က ပြည်သူများ သို့ အသိပေးထုတ်ပြန်ထားသည်။ ယင်းကြောင့် မဖြစ်မနေ ကျင်းပရ မည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ ကိုသာ ပြုလုပ်ကြပါရန်နှင့် ထိုပွဲလမ်း သဘင်များကို မလွဲမရှောင်သာ ကျင်းပ ရပါက ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာ ပေး နှိုးဆော်ချက်များကို တိကျစွာ စနစ် တကျ လိုက်နာဆောင်ရွက်ကြရန် အထက်ပါဝန်ကြီးဌာနမှ ပြည်သူများသို့ ပန်ကြားထားသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာနှင့် စောင့်ကြည့်လူနာ တွေ့ရှိမှု […]

တိုင်စာကိစ္စ ကိုယ်စားလှယ် အမေး၊ ဝန်ကြီးအဖြေ

diz_admin

March 5, 2020

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် ပြည်သူလူထု၏ တိုင်ကြားစာများကို မည်သို့ဆောင်ရွက်နေကြောင်း တနင်္သာရီ မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက မေးမြန်းခဲ့သည်။ နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ နှင့်အညီ တိုင်တန်းသူ၏ တရားဝင်ခံစား ခွင့်ရှိသော အခွင့်အရေးကို အပြည့်အဝ ရရှိစေရေး မည်သို့ဆောင်ရွက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က မေးမြန်းခဲ့ခြင်းသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ပြည်သူ လူထု၏ တိုင်ကြားစာများကို ကိုင်တွယ် ဖြေရှင်းရာတွင် လချီကြာမြင့်သည်အထိ တိုင်ကြားသူထံ တစ်စုံတရာ ဖြေရှင်း အကြောင်းမှု မရှိသည်များ ရှိနေကြောင်း ဦးရဲမြင့်ဆွေက လွှတ်တော်တွင် ပြောဆို ခဲ့သည်။ နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ ပုဒ်မ ၆ တွင် “တိုင်တန်းလွှာပါ နစ်နာချက်များသည် တရားဝင်ခံစားခွင့်ရှိသော အခွင့်အရေးနှင့် […]