BREAKING
October 18, 2024

ထားဝယ်

မင်္ဂလာဆောင်၊ အလှူ၊ ဘာသာရေးအခမ်းအနားများ လုံး၀မလုပ်ရ၊ ဥပဒေအရ စတင်အရေးယူမည်

diz_admin

March 30, 2020

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီး ရေးနိုင်ရေးအတွက် မင်္ဂလာဆောင်၊ အလှူနှင့် ဘာသာရေးအခမ်းအနားများ လုံး၀မလုပ်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က မတ်လ ၂၈ ရက်နေ့က ညွှန်ကြားလိုက်သည်။ ထိုညွှန်ကြားချက်ကို မလိုက်နာပါ က ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေးဥပဒေဖြင့် အရေးယူမည့်အကြောင်း ကျယ်ပြန့်စွာ အသိပေးသွားမည်ဖြစ် ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ “မင်္ဂလာဆောင်တို့၊ ပွဲလမ်းသဘင် တို့ ဘာတို့မလုပ်ဖို့ပေါ့။ လုံး၀မလုပ်ဖို့ ပေါ့။ လုပ်မယ်ဆိုရင် ကူးစက်ရောဂါ ဥပဒေရှိတာပဲ။ အဲဒီဥပဒေနဲ့ အရေးယူမှာပေါ့။ အဓိကကတော့ သူတို့လည်း လိုက်နာဖို့လိုတယ်လေ။ ဒီကိစ္စကို ဒီအချိန်မှာ”ဟု ၎င်းကဆိုသည်။ ဘာသာရေး အခမ်းအနားဆိုသည် မှာ ဘာသာအလိုက် စုပေါင်းရှိခိုး ဝတ်ပြု ခြင်းများ၊ ဘုရားထီးတင်ပွဲ၊ ရဟန်းခံ ရှင်ပြုခြင်း စသည့် […]

ရေထွက်ပစ္စည်း ဈေးနှုန်းကျဆင်း

diz_admin

March 30, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရေထွက်ပစ္စည်းဈေးနှုန်း ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသ ဖြစ်သည့် မောတောင်နှင့် ထီးခီးနယ်စပ်ဂိတ် ဝင်ပေါက်ထွက်ပေါက်များကို ပိတ်လိုက် သဖြင့် ကော့သောင်း-ရနောင်းလမ်းမှ လှေဖြင့်ဝင်ကာ ထိုင်းဘက်သို့ ရေထွက် ပစ္စည်းတင်ပို့ ရောင်းချနေရသည်ဟု ယင်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးကျော်ကျော် သက်က ပြောသည်။ “ကမ်းဝေး ငါးလုပ်ငန်းရှင်များကတော့ ယိုးဒယားက ပိတ်ချလိုက်မှာကို ကြောက် နေတယ်။ ရေလမ်းကတော့ ရနေသေးတယ်။ ဝယ်နေသေးတယ်၊ ဈေးကတော့ကျတာ ပေါ့။ ဝယ်လိုအားက စင်ထက်ကို ရောက် သွားတယ်။ ရောင်းသမားက ရတဲ့ဈေးနဲ့ ရောင်းရတယ်ဆိုတော့ ရောင်းသမားက ဒုက္ခရောက်တယ်ပေါ့နော်”ဟု ဦးကျော် ကျော်သက်က ဆိုသည်။ ရေထွက်ပစ္စည်းဈေးနှုန်းများမှာ ယခု မတ်လမှ စတင်ကျဆင်းလာပြီး ကားလမ်းပိတ်ထားသဖြင့် […]

တနင်္သာရီတိုင်းအတွင်း လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့

diz_admin

March 30, 2020

တနင်္သာရီတိုင်းအတွင်းတွင် မတ် လ ၂၈ ရက်က ဆေးရုံသို့ တင်ပို့ထား သော လူနာအသစ်နှစ်ဦး ကိုရိုနာရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ သိရှိနိုင်ရန် ဓာတ်ခွဲ နမူနာကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ထားဝယ်ဆေးရုံကြီးရှိ အမျိုးသား လူနာတစ်ဦးနှင့် မြိတ်ဆေးရုံရှိ အမျိုးသမီး လူနာတစ်ဦးတို့၏ ဓာတ်ခွဲနမူနာများ ပို့ထားခြင်းဖြစ်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။ ထိုကြောင့် တနင်္သာရီတိုင်းအတွင်း မှ ဓာတ်ခွဲနမူနာပို့ထားသူ စုစုပေါင်း လေးဦးရှိပြီဖြစ်သည်။ ယခင်နေ့များက ဓာတ်ခွဲခန်း နမူနာပေးပို့ထားသူ နှစ်ဦး အနက် တစ်ဦးတွင် ပိုးမရှိကြောင်း အစိုးရ က ထုတ်ပြန်ထားပြီး ဖြစ်သည်။ အခြား တစ်ဦးမှာ အဖြေစောင့်နေဆဲ ဖြစ်သည်။ ထိုကြောင့် […]

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၈၊ ညနေ ၆ နာရီခွဲ)

diz_admin

March 28, 2020

လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ သိနိုင်ရန် လူနာအသစ်နှစ်ဦး၏ ဓာတ်ခွဲနမူနာကို မတ်လ ၂၈ ရက်နေ့(ယနေ့)က ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ထားဝယ်ဆေးရုံကြီးရှိ အမျိုးသားလူနာတစ်ဦးနှင့် မြိတ်ဆေးရုံရှိ အမျိုးသမီးလူနာတစ်ဦးတို့၏ ဓာတ်ခွဲနမူနာများ ပို့ထားခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ ထိုကြောင့် တနင်္သာရီတိုင်းအတွင်းမှ ဓာတ်ခွဲနမူနာပို့ထားသူ စုစုပေါင်း လေးဦးရှိပြီဖြစ်သည်။ အထက်ပါ ဓာတ်ခွဲနမူနာပို့ထားသူမျာအနက် တစ်ဦးတွင် ပိုးမတွေ့ကြောင်း အစိုးရက ထုတ်ပြန်ထားပြီး ဖြစ်သည်။ ယခင်က ဓာတ်ခွဲနမူနာ ပို့ထားသူ တစ်ဦးမှာ အဖြေစောင့်နေဆဲ ဖြစ်သည်။ လက်ရှိတွင် တိုင်းအတွင်း ဆေးရုံများတွင် စောင့်ကြည့်လူနာ ၇ ဦးရှိပြီး ထားဝယ်တွင် ၄ ဦး၊ မြိတ်တွင် ၂ ဦးနှင့် ကော့သောင်းတွင် […]

တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၅၊ ညနေ ၆ နာရီ)

diz_admin

March 25, 2020

ကိုရိုနာစောင့်ကြည့်လူနာ ငါးဦးရှိ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ငါးဦးရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၅ ရက်နေ့အထိ ကော့သောင်းဆေးရုံတွင် ၂ ဦး၊ မြိတ်ဆေးရုံတွင် ၂ ဦးနှင့် ကံပေါက်ဆေးရုံတွင် ၁ ဦး ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ မြိတ်ဆေးရုံရှိ စောင့်ကြည့်လူနာနှစ်ဦးကို ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ ဓာတ်ခွဲစမ်းသပ်ရန် နမူနာများကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ဓာတ်ခွဲနမူနာများ ပို့ထားသည်။ ထား၀ယ်နှင့် ကော့သောင်းရှိ ဆေးရုံများတွင်မူ သီးခြားခွဲထားပြီး စောင့်ကြည့်နေကြောင်း ပြည်သူ့ကျန်းမာ/ ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းမင်းက ဆိုသည်။ ရနောင်းကမ်းမှ လာသူများ လာရာလမ်းပြန်ရမည် မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ ကော့သောင်းမြို့ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်း ထပ်ဖွင့်မည်မဟုတ်တော့ဘဲ ထိုင်းနိုင်ငံရေရာအနှံ့မှ မြန်မာပြည်ပြန်ရန် ရနောင်းသို့ရောက်လာသည့် […]

ထားဝယ် လေဆိပ်၊ အဝေးပြေးကွင်းနှင့် ဘုရားကြီးတွင် ယနေ့ည ဆေးဖြန်းမည်

diz_admin

March 25, 2020

ထားဝယ်မြို့ရှိ လေယာဉ်ကွင်း၊ အဝေးပြေးကွင်းနှင့် ဘုရားကြီးဝင်းအတွင်းတွင် မတ်လ ၂၅ ရက်(ယနေ့ညဦးပိုင်း) တွင် ကလိုရင်း ပိုးသတ်ဆေးဖြန်းမည်ဖြစ်ကြောင်း COVID-19 ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသ လူထုအခြေပြု အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။ ထားဝယ်လေဆိပ်တွင် ည ၆ နာရီဝန်းကျင်တွင်လည်းကောင်း၊ အဝေးပြေးကွင်းတွင် ည ၇ နာရီဝန်းကျင်တွင်လည်းကောင်း ဖြန်းမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ကျော်ဦးက ဆိုသည်။ ထားဝယ်မြို့ပေါ်ရှိ ရွှေတောင်စားစေတီ ဘုရားကြီးဝင်းအတွင်းတွင် ည ၉ နာရီခွဲခန့်တွင် ပိုးသတ်ဆေးဖြန်းမည်ဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာသယ်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။ “နာရေးအဖွဲ့တွေ ဇမ္ဗူသီရိအဖွဲ့အပါအဝင် ကွန်&က်အတွင်းမှာရှိနေတဲ့အဖွဲ့တွေက တာဝန်ယူပြီး ခွဲပြီးဖြန်းကြမယ်”ဟု ဦးကျော်ကျော်ဦးက ပြောသည်။ ထားဝယ်မြို့ပေါ်ရှိ မင်္ဂလာဈေး၊ စည်ပင်သာယာဈေးကြီး၊ ကမ်းနားဈေးတို့တွင် ပိုးသတ်ဆေးဖြန်းရန် သက်ဆိုင်ရာ ဈေးကော်မတီများနှင့် ယနေ့ညနေပိုင်းတွင် ဆွေးနွေးရန်ရှိကြောင်း […]