BREAKING
October 18, 2024

ထားဝယ်

တနင်္သာရီတိုင်း၏ အမြင့်ဆုံး ရပ်တော်မူဘုရား

diz_admin

March 30, 2020

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ ဘုရားကိုးဆူ တောင်သစ်ကျောင်းတိုက်အတွင်းတည်နေသော တနင်္သာရီတိုင်း၏ ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် ရပ်တော်မူဘုရားသည် လာမည့် ကဆုန်လပြည့်ညောင်ရေသွန်း ပွဲတော်ကာလ (မေလ ၆ ရက်) တွင် ပြီးစီးမည်ဖြစ်ကြောင်း ယင်းဘုရားတည်နေသည့် ဆရာတော်က မိန့်သည်။ “ဓမ္မနိမ္မိ ံတ္တ”ဟုဘွဲ့အမည်ပေးထားသော အဆိုပါရပ်တော်မူဘုရားကို ၂၀၁၉ ခုနှစ်ကတည်းက စတင်တည်နေခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မေလ ၆ ရက်ဆိုပါက တစ်ဆယ့်သုံးလတိတိ ပြည့်မည်ဖြစ်သည်။ အဆိုပါ ရပ်တော်မူဘုရားဉာဏ်တော်မှာ အတောင် ၅၀အတိရှိသောကြောင့် ဉာဏ်တော် ၂၇ တောင်ရှိသော ထားဝယ်မြို့ဘုမ္မော်ရပ်ရှိ ရပ်တော်မူဘုရားထက်မြင့်ကာ တနင်္သာရီတိုင်းတွင် ဉာဏ်တော်အမြင့်ဆုံး ရပ်တော်မူဘုရားတစ်ဆူ ဖြစ်လာမည်ဖြစ်ကြောင်း ယင်းဘုရားတည်နေသည့် ဆရာတော်ဓမ္မဒေသကအရှင်ဝိစက္ခဏက မိန့်ကြားသည်။ “ဒီရပ်တော်မူဘုရားကိုတော့ လာမယ့်ကဆုန်လပြည့်မှာ အတိအလင်းပြီးစီး အောင်မြင်အောင်လုပ်ဖို့ရှိတာဆိုတော့ တပည့်တကာတွေ ဝိုင်းဝန်းအောင်မြင်အောင် တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကူညီပေးကြပါလို့ […]

မောင်းမကန်ရေပူစမ်း အဆင့်မြှင့်ရေး လူနေအိမ်များ ဦးစွာပြောင်းရမည်

diz_admin

March 30, 2020

မောင်းမကန်ကမ်းခြေအနီးရှိ မောင်းမကန်ရေပူစမ်းအဆင့်မြှင့်တင်ရေး အစီအစဉ်များကို ရေပူစမ်းမြေဧရိယာအတွင်းရှိ လူနေအိမ်များပြောင်းရွှေ့ပြီးမှ စတင်နိုင်မည်ဟုကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောကြားသည်။ တပ်မတော်မှပိုင်ဆိုင်ပြီး ကုမ္ပဏီတို့က အဆင့်မြှင့်တင်ရန်ကမ်းလှမ်းခံထားရသော မောင်းမကန်-ပန်းတင်အင်းလမ်းဘေးရှိ ရေပူစမ်းမြေဧရိယာ ၁၉ ဒသမ ၆၇ ဧကအတွင်း လူနေအိမ် ၆ လုံး ကျူးကျော်ဝင်ရောက်နေထိုင်နေကြောင်း ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောသည်။ “ရေပူစမ်းအဆင့်မြှင့်တင်ဖို့ အစီအစဉ်ရှိပါတယ်။ အသေးစိတ်ကတော့ ဆောင်ရွက်မယ့် အစီအစဉ်ကိုတော့ ရေးဆွဲနေပြီးတော့ အမှန်တကယ်လုပ်မယ့်ကုမ္ပဏီနဲ့ တာဝန်ပေးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီအိမ် ၆ လုံး အားလုံးဖယ်ရှားပြီးမှပဲ အဲဒီအစီအစဉ် တွေဆွဲပြီး ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးမှပဲ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ဆိုသည်။ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်က အိမ်ပိုင်ရှင်များအား နေအိမ်များကို ပြောင်းရွှေ့ဖယ်ရှားပေးရန် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်းက ညွှန်ကြားထားသည်။ […]

စေတနာ့ဝန်ထမ်းတစ်ရာဖြင့် ကိုရိုနာကာကွယ်ရေး ကဏ္ဍငါးခု ဆောင်ရွက်

diz_admin

March 30, 2020

ထားဝယ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် စေတနာ့ဝန်ထမ်းတစ်ရာဖြင့် ကဏ္ဍငါးခုကို ဆောင်ရွက်မည်ဖြစ်ကြောင်း Covid-၁၉ ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ (ထားဝယ်)အဖွဲ့ထံမှ သိရသည်။ ယင်းကဏ္ဍငါးခုမှာ ပိုးသတ်ဆေးဖျန်းမည့်အဖွဲ့၊ PPE ဟုခေါ်သော ရောဂါကာကွယ်ရေးဝတ်စုံသရုပ်ပြအဖွဲ့၊ ထားဝယ်အဝင်ဂိတ်များကို ဖြတ်ကျော်ဝင်ရောက်လာသူတို့၏ ခရီးသွားမှတ်တမ်း အချက်အလက်ကောက်ယူမည့်အဖွဲ့၊ ကောက်ယူရရှိသည့်အချက် အလက်များကို စုဆောင်းမည့်အဖွဲ့ တို့ဖြစ်သည်။ ယင်းအပြင် ၁၄ ရက်စောင့်ကြည့် ခံရသူ(Quarantine) တို့ကို နှစ်သိမ့်ဆွေးနွေး၊ ပညာပေးမည့်အဖွဲ့၊ အသံချဲ့စက်များဖြင့် နယ်လှည့်အသိပညာပေးအဖွဲ့ တို့ဖြစ်ကြောင်း အထက်ပါအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးလည်းဖြစ် စေတနာ့ဝန်ထမ်းကြီးကြပ်ရေး ကော်မတီ တာဝန်ခံတစ်ဦးလည်းဖြစ်သူ ဦးဇော်ညွှန့်က ပြောသည်။ ယင်းအဖွဲ့များတွင် ဇမ္ဗူသီရိအရေးပေါ်လူနာတင်အဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ ထားဝယ်မြို့ရှိ ကွန်ပျုတာပညာရှင်များအသင်းနှင့် စေတနာ့ဝန်ထမ်းလူငယ်များလည်း ပါဝင်သည်။ “ဒီလုပ်ငန်းစဉ်မှာ လူတွေဘက်ကနေပြီး ပူးပေါင်းပါဝင်ပေးမယ်ဆိုရင် ရောဂါထိန်းချုပ်ရေးအပိုင်းမှာ ပိုထိရောက်မယ်လို့ ထင်တယ်”ဟု ဦးဇော်ညွှန့်က […]

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၃၀ ရက်၊ ညနေ ၆ နာရီခွဲ)

diz_admin

March 30, 2020

ထားဝယ်ရှိ သံသယလူနာ ရောဂါပိုး မတွေ့ ထားဝယ်ဆေးရုံ သီးသန့်အဆောင်တွင်ထားရှိကုသနေသည့် သံသယလူနာတွင် ကိုရိုနာရောဂါပိုးပိုးမတွေ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ဆိုသည်။ ယင်းဓာတ်ခွဲခန်းအဖြေကို ယနေ့ တွင် အကြောင်းပြန်ကြားလာကြောင်း ၎င်းက ပြောသည်။ ထားဝယ်မြို့နယ် ကျောက်ရပ်ကျေးရွာမှ အဆိုပါ သံသယလူနာက မတ်၂၄ ရက်တွင် ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီးနောက် ဝမ်းလျောပြီး ဖျားသည့်အတွက် ၂၈ ရက်နေ့တွင် ထားဝယ်ဆေးရုံကြီးရှိ သီးသန့်လူနာဆောင်တွင် စောင့်ကြည့်ကုသနေခြင်းဖြစ်သည်။ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု သံသယရှိသူလေးဦး၏ ဓာတ်ခွဲနမူများပေးပို့စစ်ဆေးခဲ့ပြီး အဆိုပါလေးဦးစလုံးတွင် ဗိုင်းရပ်စ်ပိုးမတွေ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။ စခန်းသွင်း စောင့်ကြည်သူ နှစ်ရက်အတွင်း ငါးရာ တိုး တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ နေအိမ်၊ ဘုန်တော်ကြီးကျောင်းနှင့် အခြားစောင့်ကြည့်ရေး စင်တာများတွင် စောင့်ကြည့်ခံနေရသော […]

အိန္ဒိယသုံးဘီး ဝယ်ပြီး ခြောက်လခန့်ကြာသည်အထိ ယာဉ်အထောက်အထား မရသေး

diz_admin

March 30, 2020

ထားဝယ်ဒေသရှိ BAJAJ အမျိုးအစား အိန္ဒိယသုံးဘီး ဝယ်ထားသူများ အချိန်ခြောက်လခန့် ကြာသည်အထိ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ မရသေးကြောင်း သုံးဘီးဆိုင်ကယ် ဝယ်ယူထားသူအချို့ထံမှ သိရသည်။ အဆိုပါအမျိုးအစားသုံးဘီးဆိုင်ကယ်ကို ဝယ်ယူထားပြီး လက်ရှိအချိန်ထိ အဝိုင်းနှင့် ယာဉ်ပိုင်ဆိုင်မှုစာအုပ် (အုံနာ ဘုတ်) မရသေးသည့်အတွက် လုပ်ငန်းလိုင်စင်လုပ်မရခြင်း၊ တာဝန်ရှိသူများ ဖမ်းဆီးမည်ကိုစိုးရိမ်နေရခြင်း စသည့် စိုးရိမ်မှုများရှိနေသည်ဟု ပြောဆိုကြသည်။ ယင်းအမျိုးအစား သုံးဘီးကိုဝယ်ယူထားသည်မှာ အချိန် ၅လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ယာဉ်အထောက်အထားမရသေးသဖြင့် ကုမ္ပဏီသို့သွားရောက်စုံစမ်းချိန်တွင်မှ မတ်လကုန်တွင်ရမည်ဟု ပြောဆိုကြောင်း သုံးဘီးပိုင်ရှင်တစ်ဦးဖြစ်သူ ကိုလှသိန်းက ဆိုသည်။ “ဝယ်ထားတာ ငါးလလောက်ရှိနေပြီဆိုတော့ ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ကို အလွဲသုံးစားလုပ်သလို ဖြစ်နေတာပေါ့” ဟု ကိုလှသိန်းက ပြောသည်။ ယင်းကဲ့သို့ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားပြည့်စုံမှသာ ထုတ်ရောင်းသင့်ကြောင်း ၎င်းက ဆိုသည်။ သုံးဘီးဝယ်ယူချိန်က […]

သင်္ကြန်အကြိုကာလ ရွှေဈေးကွက် အရောင်းအဝယ် ထက်ဝက်ခန့်ကျ

diz_admin

March 30, 2020

သင်္ကြန်အကြိုကာလဖြစ်သည့် မတ်လနောက်ဆုံးအပတ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ရွှေဈေးကွက် အရောင်းအဝယ်ပါးနေပြီး ပြီးခဲ့သည်နှစ်ကထက် တစ်ဝက် ခန့်ကျဆင်းနေသည်ဟု ရွှေလုပ်ငန်းရှင်အချို့က ပြောသည်။ မင်္ဂလာဆောင်နှင့် ပွဲလမ်းသဘင်များ၊ လမ်းပန်းဆက်သွယ်ရေးများ ပိတ်ထားသဖြင့် ယင်းသို့ကျဆင်းသွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ဈေးကြီး တောင်ဘက်ခြမ်းရှိ ရွှေဆိုင် ပိုင်ရှင် အမျိုးသမီးက ပြောသည်။ ရွှေဈေးမှာ အရောင်းအဝယ်ပါးနေသည့်အပြင် ဈေးနှုန်းပါ ကျဆင်းနေ ကြောင်း သိရသည်။ Dawei Watch