ရေဖြူတွင် အင်အားဖြည့်ထားသည့် စစ်ကောင်စီတပ်အချို့ ပြန်ဆုတ်
Dawei Watch
June 25, 2024ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု ၊ မျောက်ချောရွာဝန်းကျင်တွင် အင်အားဖြည့်ထားသည့် စစ်ကောင်စီတပ်အချို့ ဇွန်လ ၂၄ ရက်က လာရာလမ်းများအတိုင်း ပြန်ဆုတ်သွားကြောင်း မဟာမိတ်တော်လှန်ရေး အင်အားစုများထံကသိရသည်။ မလွှဲတောင်ဘက်သို့ ဇွန်လဆန်းကတည်းက ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းမှာမူ မျောက်ချောရွာတွင် ဆက်ရှိနေဆဲဖြစ်ပြီး ဇွန်လ ၁၉ ရက်နောက်ပိုင်း အင်အားဖြည့်တင်းထားသည့် တပ်အချို့သာ ပြန်ဆုတ်သွားခြင်းဖြစ်သည်။ “ရာဖူးဘက်လာတဲ့တပ်တွေက ရာဖူးဘက်ကို ပြန်ဆုတ်တယ် ။ ရေး၊ ကိုးမိုင်ဘက်ကလာတဲ့တပ်တွေက ကိုးမိုင်ဘက်ကို ပြန်ဆုတ်သွားတယ် ။တပ်တွေ အပြီးအပိုင်ရုတ်သိမ်းတာတော့ မဟုတ်သေးဘူး ။ ကလိန်အောင်က စထွက်ကတည်းကနေ ရေးဘက်အထိ ကုန်းမြင့်တိုင်းမှာ ဘန်ကာလေးတွေ သူတို့(စစ်ကောင်စီ) ပြင်ထားတာတွေ့ရတယ်” ဟု မဟာမိတ်အင်အားစုဝင် မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နိုင်နဂါးက ပြောသည်။ ယင်းသို့တပ်အပြောင်းအလဲ လုပ်ရသည့် အကြောင်းအရင်းကို မသိရသော်လည်း ယခုလအတွင်း […]