BREAKING
April 21, 2025

ထားဝယ်

လောင်းလုံး ပန်းတင်အင်းချောင်းဝတွင် စစ်ဘေးရှောင်လှေတိမ်းမှောက်

Dawei Watch

August 31, 2024

လောင်းလုံးမြို့နယ် ပန်းတင်အင်းချောင်းဝ ပင်လယ်ပြင်တွင် ဩဂုတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက စစ်ဘေးရှောင်များ စီးလာသည့် လှေတစ်စီးတိမ်းမှောက်ကြောင်း ဒေသခံများက ပြောသည်။ သဘော့ဆိပ်နှင့် ပြင်ကြီးရွာတို့က စစ်ဘေးရှောင် ဒေသခံ ၄၀နီးပါးလိုက်ပါလာသည့် ငါးဖမ်းလှေငယ်သည် မျှော်ရစ် အနောက်ဘက်ကမ်းမှ ပန်းတင်အင်းဘက်သို့ လာစဉ် ပန်းတင်အင်းချောင်းဝတွင် လေတိုက်သဖြင့် နစ်မြုပ်တိမ်းမှောက်ကြောင်း ဒေသခံတို့က ဆိုသည်။ “လှေမြုပ်တာနဲ့ ရှေ့က ဂဲ (ကျောက်ပုစွန်) ပိုက်လှေတစ်စီးက လာကယ်လို့ လူတွေ အသက်ရှင်တယ်” ဟု လေမြုပ်ရာတွင်ပါဝင်သည့်မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းအပြင် လာကယ်သည့် နောက်ထပ်လှေတစ်စီးပါ ထပ်မြုပ်သည်ဟု ဒေသခံအချို့က ပြောဆိုခဲ့ကြသော်လည်း Dawei Watch အနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ လှေမှောက်မှုကြောင့်လူ ထိခိုက်သေဆုံးမှု မရှိ‌သော်လည်း စစ်ဘေး ရှောင်များ၏ ရွှေလက်ဝတ်ရတနာ […]

ရေဖြူ၊ ကျောက်ဆိပ်ကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ကြပ်တစ်ဦးကို လက်နက်နှင့်တကွဖမ်းမိ

Dawei Watch

August 30, 2024

ရေဖြူမြို့နယ် ၊ ညင်းထွေးအုပ်စု ၊ ကျောက်ဆိပ်ကုန်းရွာ ဘုရားတောင်ကုန်းအနီး ဩဂုတ်လ ၂၈ ရက် နံနက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က တပ်ကြပ်တစ်ဦးကို လက်နက်များနှင့်တကွ အရှင်ဖမ်းမိခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် မဟာမိတ်တပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။ ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ရွာဘက်မှ ကျောက်ဆိပ်ကုန်းရွာဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ၊ ကျားသစ်နက် ၊ သာဂရစစ်ကြောင်း ပူးပေါင်းမဟာမိတ်တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ကြခြင်းဖြစ်သည်။ သာဂရစစ်ကြောင်းတွင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်နှင့် ပကဖ အဖွဲ့များဖြစ်သော ဧဒင်မှူး၊ DGRF နှင့် ဘီလုံးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ထားကြသည်။ “စစ်ကောင်စီစစ်ကြောင်းက ရွာစဉ်ပတ်ပြီးသွားနေတယ် ။ တိုက်ပွဲကတော့ ကျောက်ဆိပ်ကုန်း ဘုရားတောင်မှာ ညအိပ်နားတုန်း သွားတိုက်တာ။ အရှင်ကတစ်ယောက်ပဲ မိတယ်။ လက်နက်လည်း သူ့ဆီကပဲရတယ် […]

လောင်းလုံး ထိန်တွင်းရွာကို စစ်ကောင်စီတပ် ကုန်းကြောင်း ရေကြောင်းဖြင့် နှစ်ဖက်ပိတ်ပြီးဝင်ရှာ

Dawei Watch

August 30, 2024

လောင်းလုံးမြို့နယ်၊ ထိန်တွင်းရွာကို စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၉ ရက် ညနေပိုင်းကစပြီး ကုန်းကြောင်း၊ ရေကြောင်း နှစ်ဖက်ပိတ်ကာ ဝင်ရောက်ရှာဖွေကြောင်း ဒေသခံများက ပြောသည်။ ခမောင်းတောင်ရွာဘက်မှ ကုန်းကြောင်းအတိုင်းဝင်လာသည့် စစ်ကြောင်းတစ်ကြောင်းနှင့် ရေလမ်းက ထားဝယ်မြစ်ကြောင်း အတိုင်းလာသည့်စစ်ကြောင်းတို့ဖြင့် နှစ်ဖက်ပိတ်ဆိုရှာဖွေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ရွာထဲကလူတွေက အကုန်ပိတ်မိနေကြတယ်။ ဘယ်မှ ထွက်မရဘူး” ဟု ဒေသခံတစ်ဦးက ဩဂုတ်လ ၂၉ရက် ညအခြေအနေကို ပြောဆိုသည်။ ထိုစစ်ကြောင်းသည် ထိန်တွင်းရွာတွင် ညအိပ်စခန်းချပြီး ဩဂုတ်လ ၃၀ ရက် ယနေ့နံနက်ပိုင်းတွင် ထိန်းတွင်းရွာမှ ပြန်လည်ထွက်ခွာသွားကြောင်းဒေသခံများထံမှ သိရသည်။ ထိန်တွင်းရွာက အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြစ်ကမ်းနံဘေးတွင် ရှိသည့် လှေငယ်နှစ်စင်းကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “လှေတစ်စီးကို […]

ကလိန်အောင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ပြီး စစ်အင်အားပြ

Dawei Watch

August 30, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဩဂုတ်လ ၂၉ ရက်ညက စစ်ကောင်စီ အမှတ် ၄၁၀ ခြေမြန်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ကြောင်း မြို့ခံများက ပြောသည်။ ည ၇ နာရီဝန်းကျင်တွင် မြို့တွင်းဘက်သို့ လက်နက်ကြီး တစ်ချက် ပစ်ခတ်ပြီး ည ၈ နာရီ နှင့် ၉ နာရီဝန်းကျင်တွင် မိကျောင်းလှောင်၊ ရာဖူး စသည့် ရေး – ထားဝယ်ကားလမ်းပေါ်ရှိ ကျေးရွာများဘက်သို့ ငါးချက် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ မြို့တွင်းသို့ ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ အမှတ် (၃) ရပ်ကွက် အောင်သီရိဘုရားကုန်းအနောက်ဘက် တောထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၃ဝ […]

လက်နက်ကြီးကြောင့် လောင်းလုံး၊ ပြင်ကြီးရွာတွင် အိမ်တစ်လုံးပျက်စီးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dawei Watch

August 30, 2024

စစ်ကောင်စီတပ်က ဩဂုတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ဆန်ကြောင့် လောင်းလုံးပြင်ကြီးရွာတွင် နေအိမ်တစ်ဆောင်ထိမှန်ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများကပြောသည်။ စစ်ကောင်စီစစ်ကြောင်းမှာ ဩဂုတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သဘော့ဆိပ်ရွာအတွင်းမှ ရွာခြင်းဆက်ဖြစ်သည့် ပြင်ကြီးရွာ ပင်လယ်ကမ်းခြေဘက်သို့ လက်နက်ကြီးဖြင့် သုံးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အိမ်တစ်ဆောင်ထိတယ်။ မိန်းကလေးတစ်ယောက်က (ကျည်ဆန်)အစစင်တယ် ဒဏ်ရာကကြီးကြီးမားမား ရတာမျိုးတော့မဟုတ်ဘူး” ဟု၎င်းကပြောသည်။ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်မှာ ပြင်ကြီးရွာသို့ ရောက်ရှိလာပြီး နေအိမ်အချို့ကို ရှာဖွေစစ်ဆေးခြင်းများလုပ်ဆောင်ခဲ့သည့်အပြင် နေအိမ်‌တဆောင်ကိုလည်း မီးရှို့ခဲ့သည်ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ “အိမ်က မိုးရွာနေတော့ အရမ်းလောင်သွားတာမျိုးတော့ မရှိဘူး”ဟု၎င်းကပြောသည်။ ပြင်ကြီးရွာတွင် ညအိပ်သည့် ယင်းစစ်ကြောင်းမှာ ယနေ့ နံနက်ပိုင်းအထိ ယင်းရွာဘုန်းကြီးကျောင်းတွင်ပင် ယာယီစခန်းချ နေထိုင်နေကြောင်း ဒေသခံများကပြောသည်။ ဩဂုတ်လ ၁၇ ရက် […]

ထားဝယ်မြို့အထွက် ပေါက်တိုင်းတံတားအနီး ပစ်ခတ်မှုဖြစ်နေ

Dawei Watch

August 29, 2024

ထားဝယ်မြို့အထွက်ရှိ ပေါက်တိုင်းတံတားဂိတ်အနီးတွင် ယနေ့ ဩဂုတ်လ ၂၉ ရက် ညနေက လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ပေါက်တိုင်းတံတားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို တံတားအနီး ကျောက်ရပ်ကျေးရွာဘက်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တို့က လာရောက်ပစ်ခတ်သည်ဟု ကနဦးကြားသိရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “ကျောက်ရပ်ဘက်က လာပစ်တယ်လို့ ပြောတယ်။ ကျောက်ရပ်ကို အခုဖုန်းဆက်မေးတော့ အိမ်ထဲမှာဝပ်နေရတယ်လို့ ပြောတယ်” ဟု အဆိုပါမြို့ခံက ပြောသည်။ အခြားမြို့ခံတစ်ဦးကလည်း ညနေ ၅ နာရီခန့်ကစတင်ကာ ထားဝယ်မြို့အရှေ့ဘက် ပေါက်တိုင်းတံတား ဘက်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆူညံနေကြောင်း ဆိုသည်။ လက်ရှိတွင် ပေါက်တိုင်းတံတားဖြတ်သန်းခွင့်ကို စစ်ကောင်စီတပ်က ပိတ်ထားပြီး တံတားအနီးတွင် စစ်ကောင်စီတပ်ကား သုံး စီးရောက်ရှိနေကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ “ကားနဲ့ဆင်းလာတဲ့ စစ်သားတွေအကုန် ကျောက်ရပ်က […]

စစ်ကောင်စီတပ်က လောင်းလုံး၊ သဘော့ဆိပ်ရွာထဲမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

Dawei Watch

August 29, 2024

လောင်းလုံး၊ သဘော့ဆိပ်ရွာကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ယနေ့ (ဩဂုတ် ၂၉) နေ့လယ်ပိုင်းက လက် နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။ မနေ့ကကျောက်ဆင်ရွာတွင် ညအိပ်တပ်စွဲသည့် စစ်ကောင်စီစစ်ကြောင်းက ယနေ့ နံနက်ပိုင်းမှစပြီး သဘော့ဆိပ် ရွာသို့ ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။ “ခုမွန်းလွဲ ၁ နာရီ လောက်မှာ လက်နက်ကြီး နဲ့ သုံးချက် ပစ်တယ်” ဟု ၎င်း ဒေသခံက ပြောသည်။ ထိုစစ်ကြောင်းသည် ဩဂုတ်၂၈ ရက် နံနက်ပိုင်းကတည်းကမောင်းမကန် ကျေးရွာမှတစ်ဆင့် ကျောက်ဆင်ကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ယင်းစစ်ကြောင်းမှာ မနေ့က ကျောက်ဆင်ရွာတွင် နေအိမ်များ ကို ဝင်ရောက်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သလို ခရီးသွားများကိုလည်း စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “စာသင်ကျောင်းနားက ရွာထိပ်မှာ […]

လောင်းလုံး ခလရ ၁၀၄ အနီးပစ်ခတ်မှု စစ်ကောင်စီတပ်သားနှစ်ဦးသေကြောင်း ဗထူးတပ်ထုတ်ပြန်

Dawei Watch

August 28, 2024

လောင်းလုံးမြို့နယ် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၀၄ အနီး ဩဂုတ်လ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှု တွင် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဗထူးတပ်မတော် BHA က ထုတ်ပြန်သည်။ ယနေ့ နံက် ၇ နာရီခွဲကျော်တွင် ခလရ ၁၀၄ က ကျောင်းကား အသွားအပြန်အတွက် လမ်းကင်းလုံခြုံရေးယူပေးရန် ထွက်လာသည့် စစ်ကောင်စီတပ်သားသုံးဦးကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုတိုက်ခိုက်မှုအတွင်း MA1၊ MA2 သေနတ်နှစ်လက်နှင့် ကျည်ဆံ ၃၇၀ တောင့်၊ ကျည်ဘောက် ၈ခု၊ 40mm ဗုံးသီး သုံးလုံး၊ လက်ပစ်ဗုံး တစ်လုံး၊ အီနာဂါ ဗုံးသီး သုံးလုံး၊ စကားပြောစက် တစ်လုံး၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် […]