လောင်းလုံး သဘော့ဆိပ်ပြင်ကြီးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်
Dawei Watch
September 6, 2024လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ပြင်ကြီးရွာတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့ တို့ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ မွန်းတည့်ပိုင်းတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်ခန့်ကစပြီး တစ်နာရီကျော်အကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်သံများကြားရကြောင်း ဒေသခံတို့က ဆိုသည်။ “အခု ၂ နာရီလောက်မှာ အသံတိတ်သွားတယ်။ လက်နက်ကြီးသံတွေ ကြားရတာများတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါပစ်ခတ်မှုမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက Dawei Watch သို့ ပြောသည်။ ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သည် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီးရွာများကို ဝင်ရောက်ပြီး ယာယီ တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ […]