သရက်ချောင်းတွင် စစ်ကောင်စီစစ်ကြောင်း ဒေသခံလေးဦးကို ဖမ်းဆီးခေါ်ဆောင်
Dawei Watch
July 12, 2024သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဆင်ကျန်းရွာက အသက် ၁၂ နှစ် အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံလေးဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဇူလိုင်လ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် သရက်ချောင်းမြို့နှင့် ကပ်လျက် ထားဝယ်-မြိတ်သွား ကားလမ်းဘေးက ဆင်ကူးရွာကို ရောက်ရှိလာပြီး ယနေ့ ဇူလိုင်လ ၁၂ ရက်နံနက်တွင် ချောက်ချောင်းရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးကြောင်း ဒေသခံအချို့က ဆိုသည်။ စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁၁ ရက် ညပိုင်းတွင် ဆင်ကူးနှင့် ဘုတ်ကိုင်းရွာဘုန်းကြီးကျောင်းတို့တွင် နှစ်ဖွဲ့ခွဲ စခန်းချခဲ့ပြီး ယနေ့ နံနက် ၆နာရီခန့်တွင် အင်အား […]