ရေဖြူ ဇာဒီရွာအုပ်စုတွင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေး ဖြတ်တောက်ခံထားရ
Dawei Watch
September 19, 2024ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၁၇ ရက်ကစ၍ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၆ ရက်က မောရဝတီရေတပ်နှင့် စစ်သင်္ဘောဘက်က လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ပြီးနောက် ယခုကဲ့သို့ ပြတ်တောက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ အက်တမ်နှင့် မိုင်တဲလ် အော်ပရေတာများသည် စက်တင်ဘာလ ၁၇ ရက်တွင် စတင်ပြတ်တောက်ခဲ့ပြီး အမ်ပီတီ အော်ပရေတာသည် လက်နက်ကြီး မပစ်ခတ်မီ နေ့ကတည်းက ပြတ်တောက်နေကြောင်း စစ်ဘေးရှောင်ရွာသားများက ပြောဆိုသည်။ “အမ်ပီတီက တာဝါတိုင်နဲ့ လုပ်ထားတယ်။ ဆီဖြည့်ဖို့လာတာ ရှားကုန်းစစ်တပ်ဂိတ်က ပေးဖြတ်ဘူးလို့ ကြားတယ်။ အဲဒီကတည်းက ပြတ်သွားတယ်။ လက်နက်ကြီး ပစ်ပြီးတဲ့နေ့ကတော့ တယ်လီနော (အက်တမ်) ရော မိုင်တဲလ်ရော မရတော့ဘူး။ အခုက တစ်ယောက်နဲ့တစ်ယောက် အဆက်သွယ်မရဘဲ […]