လောင်းလုံးတွင် စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံရသည့်ဒေသခံ ၃၀ နီးပါးပြန်လွတ်
Dawei Watch
July 24, 2024လောင်းလုံးမြို့ အောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံထားရသည့် ဒေသခံများ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁၉ ရက်မှ ယနေ့ ၂၄ ရက်အထိ လောင်းလုံးမြို့မှ ကဒက်ကြီး ရွာအထိ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က ၆ ရက်ကြာ စစ်ကြောင်းထိုးစဉ် ဒေသခံပြည်သူ သုံးဆယ်နီးပါး ဖမ်းဆီးခံခဲ့ရပြီး ယနေ့ စစ်ကြောင်း ပြန်ဆုတ်သွားချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “အားလုံးလွတ်ပြီ။ ဒီမနက် ဖမ်းထားတဲ့သူတွေလည်း အခု ၁၁ နာရီလောက်မှာ ပြန်လွတ်လာတယ်။ ညကလည်း တချို့ လွတ်ပေးလိုက်တယ်” ဟုဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပြန်ဆုတ်လာစဉ် ဇူလိုင် ၂၃ရက်တွင် လောင်းလုံးမြို့နှင့်ကပ်လျပ် ညင်းမော်ရွာသို့ ရောက်ရှိလာပြီး […]