ထားဝယ်အရှေ့တော မိုင်းပေါက်မှုတွင် ဒဏ်ရာရသည့်ကလေး အရေးပေါ်ကုသနေရ
Dawei Watch
August 1, 2024ထားဝယ်အရှေ့တောဒေသ ကထောင်းနီကျေးရွာတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာမှ ကလေးတစ်ဦးသေဆုံးပြီး၊ နှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသဖြင့် အရေးပေါ်ဆေးကုသ နေရသည်။ ကလေးတစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတက်သည့်နေ့မှ ယနေ့ ၄ ရက်ကြာသည်အထိ အရေးပေါ်ခန်းတွင် အထူးကြပ်မတ် ကုသနေရဆဲဖြစ်ကြောင်း ဆွေးမျိုးတော်စပ်သူများက ပြောဆိုသည်။ အသက် ၃ နှစ်အရွယ် နော်ဝါးအယ်ဝါး၊ မောင်းဘုန်းမြတ်ကျော်နှင့် အသက် ၁ နှစ်ခွဲအရွယ် မဂျူးမြတ်လင်းတို့ ကလေးသုံးဦးသည် ဇူလိုင်လ ၂၈ ရက်က အိမ်အနီးရှိ စပါးစက်အဟောင်းတွင် ဆော့ကစားနေချိန် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁ နှစ်ခွဲအရွယ် မဂျူးမြတ်လင်းမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ကျန်ဒဏ်ရာရသူနှစ်ဦးကိုမူ ထားဝယ်မြို့ရှိ အမှတ် ၁၂ ကုတင် ၁၀၀ စစ်ဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ […]