မောင်းမကန် DDPC ဟိုတယ်ဇုန် အတွင်း ဈေးဆိုင်ဖွင့်မည်
diz_admin
January 6, 2020ထားဝယ်ဒေသတွင် ခရီးသွား လည်ပတ်မှုအများဆုံး ကမ်းခြေတစ်ခု ဖြစ်သော မောင်းမကန်ကမ်းခြေရှိ DDPC ဟိုတယ်ဇုန်အတွင်း ဈေးဆိုင်ခန်း ရောင်းချလိုပါက အဆိုပြုလွှာဖြင့် လျှောက်ထား နိုင်ကြောင်း DDPC ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။ ဟိုတယ်ဇုန်အတွင်းရှိ ကမ်းခြေ အနီးတွင် ဆိုင်ခန်းပေါင်း ၁၄၀ ဆောက် လုပ်မည်ဖြစ်ပြီး မောင်းမကန်ဒေသတွင် နေထိုင်သူများကို အခမဲ့ငှားရမ်းပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆိုင်ခန်းငှားရန် အဆိုပြုလွှာများကို မောင်းမကန်ကျေးရွာရှိ ရွှေရည်လင်း ရတနာဆိုင်တွင် ရယူနိုင်ပြီး ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထားကာ ယင်းဆိုင် တွင်ပင် အဆိုပြုလွှာကို ပြန်တင်ရမည် ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။ ဆိုင်ခန်းငှားရာတွင် ရေအသုံးပြုခ၊ လျှပ်စစ်မီးအသုံးပြုခကိုသာ ကောက်ခံမည်ဖြစ်ပြီး ဆိုင်ခန်းငှားရမ်းခ […]