ထားဝယ်မြစ်ကူးတံတားအသစ်ဆောက်ရန် မြေသားစတင်စမ်းသပ်
diz_admin
January 29, 2020ထားဝယ်မြစ်ကူးတံတား အသစ် ဆောက်ရန် မြေသားစမ်းသပ်သည့် လုပ်ငန်းများကို ယခုလအစောပိုင်းတွင် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)ထံမှ သိရသည်။ မြစ်ကူးတံတားအသစ်ကို DDPC ဈေးဝယ်စင်တာနှင့် ကမြောကင်းတံတား အကြားနေရာတွင် တည်ဆောက်ရန်အတွက် မြေသားနမူနာယူသည့်စက်ဖြင့် လုပ်ဆောင်နေကြောင်း တည်ဆောက်ရေး အဖွဲ့(၄)မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်းက ဆိုသည်။ ယင်းနေရာရှိ မြေသားနမူနာများကို ကုန်းပေါ်နှင့် ရေအောက်ရှိ နေရာ ၇ ခု တွင် ယူရမည်ဖြစ်ပြီး လက်ရှိတွင် ကုန်းပေါ်ရှိနေရာ ၂ ခုတွင် ယူပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ “တံတားပုံစံကို ဒီမြေသားအပေါ်မှာ မူတည်ပြီးတော့ ပုံစံထုတ်ရမှာပါ”ဟု ဦးကျော်မျိုးထွန်းက ပြောသည်။ ထားဝယ်မြစ်ကူးတံတား အသစ် ဆောက်ရန် မြေသားစမ်းသပ်ခြင်း၊ တံတားပုံ ထုတ်ခြင်း၊ စီမံကိန်းဧရိယာသတ်မှတ် ရှင်းလင်းခြင်း […]