တိုင်းအစိုးရ တည်ဆောက်ရေးလုပ်ငန်း အချို့ တင်ဒါမခေါ်၊ စည်းမျဉ်းစည်းကမ်းနှင့်မညီ
diz_admin
February 5, 2020တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့က တည်ဆောက်ရေးလုပ်ငန်းအချို့ ကို တင်ဒါမခေါ်၊ စည်းမျဉ်းစည်းကမ်း နှင့်မညီဘဲ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေး တွေ့ရှိရကြောင်း တိုင်းဒေသကြီး စာရင်း စစ်ချုပ်က တိုင်းလွှတ်တော်သို့ အစီရင်ခံ လာသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပ သည့် တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေး တွင် တင်ပြလာခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာ လအထိ ၆ လအတွင်း တိုင်းအစိုးရအဖွဲ့မှ လုပ်ဆောင်ခဲ့သည့် “ဘဏ္ဍာရေး စည်းမျဉ်း၊ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရ မည့် လုပ်ငန်းလမ်းညွှန်ချက်များ၊ တင်ဒါ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသည့် စစ်ဆေးတွေ့ရှိချက်များ”ကို အစီရင်ခံလာခြင်း ဖြစ်သည်။ ယင်းကာလမှာ လက်ရှိတွင် အဂတိ အမှု ၄ […]