တိုင်းအတွင်း သဘာ၀ဘေး ဖြစ်ပွားမှု ဆတိုးမြင့်တက်
diz_admin
February 5, 2020တိုင်းအတွင်း သဘာ၀ဘေးဖြစ်ပွားမှု ယခင်နှစ်ထက် ဆတိုးလာကြောင်း တိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်း သဘာ၀ဘေးဖြစ်ပွားမှု ၄၉ ကြိမ်ရှိခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင် ၁၇၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။ ၂၀၁၉ မီနီဘတ်ဂျက်ကာလ (ဧပြီ လမှ စက်တင်ဘာလအထိ ၆ လာတာ အတွင်း)တွင် သဘာ၀ဘေးဖြစ်ပွားမှု ၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅ ဦး နှင့် ဒဏ်ရာရသူ ၃ ဦးရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။ အဆိုပါ ဖြစ်ပွားမှုပမာဏသည်လည်း ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ် တစ်နှစ်တာလုံးထက်ပင် ပိုများနေသည်။ “အခုက ရာသီဥတုပြောင်းလဲမှု […]