ယနေ့ည ၈ နာရီမှစကာ ကမြောကင်းတံတားပိတ်မည်ဟု ဒေသခံများအကြား ပြောဆို
Dawei Watch
October 10, 2024ထားဝယ်-လောင်းလုံး မြစ်ကူးတံတားဖြစ်သည့် ကမြောကင်းတံတားကို ယနေ့ (အောင်တိုဘာ ၁၀) ည ၈ နာရီမှစ၍ တံတားပိတ်မည်ဟု ဒေသခံများအကြားပြောဆိုနေသည်။ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ခရီးသွားဒေသခံများကို ယနေ့နေလယ်ပိုင်းကစပြီး နှုတ်ဖြင့်သတင်းပေးမှာကြား နေခြင်းဖြစ်ကြောင်း ကိုယ်တိုင် ကြုံရသည့် ဒေသခံများကပြောသည်။ “ည ၈ နာရီကနေ စပိတ်မယ် မနက်ဘယ်အချိန် ပြန်ဖွင့်မယ်ဆိုတာ မသိရသေးဘူး။ အရေးကြီးလို့ပိတ်မယ်လို့ပြောတယ်” ဟု ကိုယ်တိုင်ကြားရသည့်ဒေသခံကပြောသည်။ ကမြောကင်းတံတားပိတ်ရသည့် အသေးစိတ်အကြောင်းအရင်းကိုမူ Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ပထမနှစ်ဝက် စာမေးပွဲကျင်းပနေပြီး လောင်းလုံးမြို့နယ်မှ ကျောင်းသားကျောင်းသူများကလည်း မနက်ဖြန် အောက်တိုဘာ ၁၁ ရက်နေ့တွင် မြို့ပေါ်ကျောင်း၌ စာမေးပွဲသွားရောက်ဖြေဆိုရန်ရှိကြောင်း၊ ယင်းကြောင့် ကမြောကင်းတံတားပိတ်မည့်အပေါ် ကျောင်းသားမိများက စိုးရိမ်နေကြသည်။ သို့သော် […]