BREAKING
February 25, 2025

ထားဝယ်

နှစ်ရာချီသက်တမ်းရှိ ရွှေကျောင်းကြီးကို မည်သည့်ပုံစံပြန်ပြင်မည် မသိသေး

diz_admin

March 3, 2020

ထားဝယ်မြို့ရှိ နှစ်ရာချီသက်တမ်း ရှိနေပြီဖြစ်သော ရွှေကျောင်းကြီးကို ပြန်လည်ပြင်ဆင်ရာတွင် ရှေးမူလက်ရာ အတိုင်း သို့မဟုတ် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့်ပုံစံနှစ်ခု အနက် မည်သည့်ပုံစံဖြင့် ပြန်လည်ပြင် ဆင်မည်ကို မဝေခွဲရသေးကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီးက ပြောသည်။ ရွှေကျောင်းကြီး ပြန်လည်ပြုပြင်ရေး အတွက် တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် ဦးဆောင်သည့် ကော်မတီတစ်ရပ်ကို ယမန်နှစ်ကတည်းက ဖွဲ့စည်းထားခဲ့ သည်။ “အခုက ဝိဝါဒမကွဲသေးဘဲနဲ့ ဘယ်လို လုပ်ရမယ်ဆိုတာ မသိသေးဘူး။ မဆုံး ဖြတ်ရသေးဘူး ကော်မတီထဲမှာလေ”ဟု ဦးဟိုပင်က ဆိုသည်။ ခရီးသွားဧည့်သည်များ စိတ်ဝင်စား နိုင်သည့် ပုံစံအတိုင်း ပြည်လည်ပြင်ဆင် မည်ဆိုပါက ရွှေကျောင်းကြီးအတွင်း ဘုရင်အသုံးအဆောင်ပစ္စည်းဖြစ်သည့် ရာဇပလ္လင်၊ ဘုရင် သို့မဟုတ် မိဘုရား […]

မောင်းမကန်ကမ်းခြေ ဘန်ဂလိုတွင် တည်းခိုနေသူများထံမှ မူးယစ်ဆေးများ ဖမ်းမိ

diz_admin

March 3, 2020

မောင်းမကန်ကမ်းခြေရှိ ဘန်ဂလို တစ်ခုတွင် တည်းခိုနေသူများထံမှ စိတ်ကြွဆေးနှင့် ICE မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁ နာရီခွဲခန့်တွင် မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေရာ အခန်းအတွင်း တည်းခိုနေသည့် ထားဝယ်မြို့၊ ကြက်စား ပြင်ရပ်ကွက်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတို့ကို တွေ့ရကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။ အဆိုပါ အမျိုးသားတွင် ICE မူးယစ်ဆေး ၂ ဂရမ်ခန့်ကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုအမျိုးသားကို စစ်ဆေးရာ ဖမ်းမိ သည့်မူးယစ်ဆေးကို သရက်ချောင်းမြို့ နယ်နေ ပဲဒက်ကျေးရွာနေ […]

သင်္ကြန်ကာလတွင် သံတံတား သွားလာခွင့်ရမည် မဟုတ်သေး

diz_admin

March 3, 2020

သံတံတားကြီးဟု လူသိများသော ထားဝယ်မြို့တွင်းမှ ကြက်စားပြင်ရပ်ကွက်ဘက်သို့ ချိတ်ဆက်ပေးထား သည့် တံတားသည် သင်္ကြန်ကာလ ရောက်သည်အထိ သွားလာခွင့်ရမည် မဟုတ်သေးကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။ ယင်းတံတားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ပထမအပတ်ကစပြီး ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်သည်။ ဧပြီလကုန်တွင် တည်ဆောက်ရေးလုပ်ငန်းပြီးစီးနိုင်သော်လည်း တံတားအပြီး ၂၈ ရက်ကြာမှ ဖြတ်သန်းသွား လာရမည် ဖြစ်ကြောင်း အထက်ပါအဖွဲ့ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ပြော သည်။ သင်္ကြန်ကာလအတွင်း ယခု ဆောက် လုပ်နေဆဲ သံတံတားအရှေ့ဘက် (ဓမ္မစကြာ ကျောင်းအနီး)ရှိ တံတားနှင့် အနောက် ဘက်ရှိ တံတားဖြူလေးတို့မှ ဖြတ်သန်း သွားလာနိုင်သည်။ ယင်းသံတံတားကြီးကို ရန်ပုံငွေ ကျပ်သန်းနှစ်ရာကျော် (၂၅၉ […]

တိုက်ပွဲရှောင် နေရပ်ပြန် တိုင်းရင်းသားများအတွက် သွပ်ပြားနှင့် အခြားပစ္စည်းများတိုင်းအစိုးရထောက်ပံ့

diz_admin

March 3, 2020

တနင်္သာရီတိုင်းအတွင်းရှိ တိုက်ပွဲ ရှောင်နေရပ်ပြန် ကရင်တိုင်းရင်းသား များအတွက် တိုင်းအစိုးရက ငွေကြေးနှင့် အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး တိုင်း ရင်းသားရေးရာဝန်ကြီးထံမှ သိရသည်။ အဆိုပါဒေသသို့ သွားရောက်ချိန် တွင် ဝါးအိမ်အချို့ကို တာလပတ်မိုး ထားသည်ကို တွေ့ရသဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ပစ္စည်းများ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးစောလုကာက ပြောသည်။ ထီးခီးနယ်စပ်အနီးရှိ မောထကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၉ ရွာနေ နေရပ် ပြန်သူများအတွက် သွပ်ပြားအချပ်ရေ တစ်ထောင်နှင့် အခြားပစ္စည်းများကို ဖေဖော်ဝါရီလ ၁၆ ရက်က ထောက်ပံ့ ပေးခဲ့ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာက ဆိုသည်။ အထက်ပါ ကျေးရွာတစ်ရွာလျှင် အိမ်ထောင်စု ၃၀ ဝန်းကျင်ခန့်ရှိကြောင်း ၎င်းက ပြောသည်။ မည်သည့်ရွာတွင် မည်မျှထောက်ပံ့ပေးခဲ့သည်ကို […]

တိုင်းအဆင့် မသန်စွမ်းအသင်း မတ်လကုန် ဖွဲ့မည်

diz_admin

March 3, 2020

တနင်္သာရီတိုင်းဒေသကြီး မသန်စွမ်းအသင်းကို မတ်လကုန်ပိုင်းတွင် ဖွဲ့စည်း မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ကိုယ်အင်္ဂါ မသန်စွမ်းအသင်း၏ စည်းရုံး ရေးနှင့် ပြန်ကြားရေးတာဝန်ခံ ဦးထွန်း ဝင်းအောင်က ပြောသည်။ တိုင်းဒေသကြီးအသင်းကို မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းအောက်တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အသင်းဖွဲ့စည်းပြီးပါက မသန်စွမ်း အခွင့်အရေး မြှင့်တင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်ပြီး ဥပဒေ ကြောင်းအရ အစိုးရနှင့် ပူးပေါင်းဆောင် ရွက်ရန် စသည့်အချက်များ ညှိနှိုင်းလုပ် ဆောင်မည်ဖြစ်ကြောင်း ဦးထွန်းဝင်း အောင်က ပြောသည်။ “ဒီအသင်းပေါ်လာရင် အသင်းရဲ့ လုပ်ဆောင်ချက်နဲ့ တိုင်းတွင်းက မသန်စွမ်းတွေရဲ့လိုအပ်ချက်တွေ ကို ထဲထဲဝင်ဝင် ကူညီဆောင်ရွက်နိုင်ရေး အတွက်ပေါ့”ဟု ဦးထွန်းဝင်းအောင်က ဆိုသည်။ တိုင်းဒေသကြီးမသန်စွမ်းအသင်း ကို ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ဖွဲ့စည်းသွားမည်ဖြစ်ပြီး မသန်စွမ်း ကိုယ်စားလှယ်အဖြစ် […]

ဖုန်းနှင့် ဆက်စပ်ပစ္စည်းများတွင် အခွန်အမှတ်တံဆိပ်မကပ်က ဒဏ်ရိုက် အရေးယူမည်

diz_admin

March 3, 2020

လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်း များပေါ်တွင် QR စနစ်ထည့်သွင်းထား သည့် အခွန်အမှတ်တံဆိပ် မကပ်ပါက ယင်းပစ္စည်း၏ တစ်ရာ ရာခိုင်နှုန်းကို ဒဏ်တပ်ရိုက်မည်ဖြစ်ပြီး အကောက် အခွန်မဲ့ပစ္စည်းအဖြစ် မှတ်ယူကာ အကောက်ခွန် ဥပဒေအရလည်း အရေးယူမည်ဖြစ် ကြောင်း ပြည်တွင်အခွန်များ ဦးစီးဌာန က ထုတ်ပြန်လိုက်သည်။ ယင်းအတွက်ကြောင့် ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၊ ဖုန်း ပြုပြင်ဆိုင် လုပ်ငန်းရှင်များသည် ဖုန်း နှင့်ဆက်စပ် ပစ္စည်းများပေါ်တွင် QR စနစ်ထည့်သွင်းထားသည့် အခွန်အမှတ် တံဆိပ်များကို ကပ်နိုပ်ရောင်းချရမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ကုန်တွင် စတင်စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ QR စနစ်ပါသော အခွန်အမှတ် တံဆိပ်ကို ဖုန်း၊ ဆက်စပ်ပစ္စည်း၊ ဝန်ဆောင်မူ(ဘောင်ချာတွင် ကပ်သည့် အခွန်အမှတ်တံဆိပ်) ဟု သုံးမျိုး […]

အခွန်ရုံးတွင် တစ်နှစ်အတွင်း အောင်ဘာလေထီဆုငွေ လာထုတ်သူ လေးဆယ်ကျော်သာရှိ

diz_admin

March 3, 2020

ကျပ် ၁၀၀၀ တန်ထီ ၁ ကြိမ်မြောက် မှ ၁၂ ကြိမ်မြောက်အထိ တစ်နှစ်တာ ကာလအတွင်း အောင်ဘာလေထီဆုငွေ လာထုတ်သူ လေးဆယ်နှစ်ဦးသာရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည် တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ အောင်ဘာလေထီဆုငွေထုတ်ယူရာ တွင် ထီလက်မှတ်၊ မှတ်ပုံတင်၊ အိမ် ထောင်စု၊ ပတ်စပိုစ့်ဓာတ်ပုံ စသည့် အထောက်အထားများဖြင့် မြို့နယ်ပြည် တွင်းအခွန်များ ဦးစီးဌာနတွင် တင်ပြ တောင်းခံရပြီး ၂ ပတ်မှ တစ်လခန့်ကြာ လေ့ရှိကြောင်း အထက်ပါဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး နန်းဆိုင်အုံက ပြောသည်။ “ချက်ချင်း ပိုက်ဆံမရဘူး။ ဒါက တောင်းခံရသေးတယ်လေ။ နေပြည်တော် ကို။ သူက ထုတ်ခွင့်ပြုပါဆိုမှ ချက်လက် မှတ်နဲ့ ပေးရမှာ။ ဘဏ်မှာ တစ်ခါသွား ထုတ်ဆိုတော့ […]

ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း အစီရင်ခံစာ အတိုင်ပင်ခံရုံး ပို့မည်

diz_admin

March 3, 2020

ထိုင်း- မြန်မာနယ်စပ်ရှိ ထီးခီးကုန်သွယ်ရေးစခန်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံရုံးထံ တင်ပြမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ ထီးခီးကုန်သွယ်ရေးစခန်းနှင့် ပတ်သက်သည့် ဌာနဆိုင်ရာများ၏ တင်ပြချက်၊ အကြံပြုချက်များ အပါအဝင် ကွင်းဆင်းတွေ့ရှိချက်များကို မကြာမီအစီရင်ခံစာတင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တိုင်းအစိုးရက ထီးခီးကုန်သွယ်ရေး စခန်းကွင်းဆင်း စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်း ထားပြီး တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေ သည်။ “ဌာနအသီးသီးရဲ့ လိုအပ်ချက်နဲ့ သူတို့တင်ပြချက်တွေ အားလုံးယူပြီး တော့မှ အစည်းအဝေးလုပ်ပြီး အကြံပြုချက်တွေရေးပြီး တင်ရမှာ”ဟု ဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ ထီးခီးနယ်စပ်ကုန်သွယ်ရေး စခန်း ကို အပြည်ပြည်ဆိုင်ရာ ဂိတ်စခန်း တစ်ခုအဖြစ် ပေါ်ပေါက်လာစေရန်၊ မြေယာစီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေ […]