ထားဝယ်ခရိုင်အတွင်း အရေးယူခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဦးသာရှိ
diz_admin
March 11, 2020ထားဝယ်ခရိုင်တွင် ၂၀၁၉ ခုနှစ် အတွင်း အရေးယူခံရသည့် ရပ်ကျေးအုပ် ချုပ်ရေးမှူးတစ်ဦးသာရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ လောင်းလုံးမြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကို စာဖြင့် သတိပေးကာ အရေးယူခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။ သို့ရာတွင် ယင်းရပ်ကွက်/ ကျေးရွာ အမည် သို့မဟုတ် အုပ်ချုပ်ရေးမှူး၏ အမည်၊ မည်သည့်အပြစ်ကို ကျူးလွန်ခဲ့ သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ အဆိုပါအုပ်ချုပ်ရေးမှူးကို တိုင် ကြားလာသည့်အတွက် စစ်ဆေးချိန်တွင် ကျူးလွန်ကြောင်းပေါ်ပေါက်သည့်အတွက် စာဖြင့်သတိပေးကာ အရေးယူခဲ့ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။ “အဓိကကတော့ တိုင်ကြားခံရတဲ့ အခါမှာ စစ်ဆေးပေါ်ပေါက်လို့”ဟု ဦးအောင်စိုးမိုးက ပြောသည်။ အုပ်ချုပ်ရေးမှူးကို စာဖြင့်သတိပေး ခြင်းကလည်း ဥပဒေအရ အပြစ်ပေးအရေး ယူခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိနယ်မြေအတွင်း ခွင့်ပြုချက်မဲ့ […]