၀န်ကြီးချုပ်ဟောင်းအမှု ပြန်ခေါ် သက်သေများကို မေ ၁၀ ရုံးချိန်း အပြီးစစ်မည်
diz_admin
March 13, 2020အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အမှုတွင် ပြန်ခေါ် သက်သေများကို မေလ ၁၀ ရက်နေ့ ရုံးချိန်းတွင် အပြီးစစ်ဆေးမည်ဖြစ် ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော် ရုံးထံမှ သိရသည်။ အမှု၏ ၅၁ ကြိမ်မြောက်ရုံးချိန်းဖြစ် မည့် မတ်လ ၁၀ ရက်နေ့ရုံးချိန်းတွင် ပြန်ခေါ်သက်သေများကို အပြီးစစ်ဆေး မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရား လွှတ်တော်ရုံး သတင်းပြန်ကြားရေး အဖွဲ့ဝင် ဦးဇော်မင်းနိုင်က ဆိုသည်။ အဆိုပါ အမှုတွင် ပြန်ခေါ်သက်သေ ၂၄ ဦးကို ပြန်လည်စစ်ဆေးပေးရန် စွဲချက်တင်ခံထားရသူများ၏ ရှေ့နေများ က တင်ပြထားရာ မတ်လ ၃ ရက်နေ့ရုံး ချိန်းအထိ ၁၈ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ် သည်။ ပြန်ခေါ်သက်သေများအနက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် […]