ထားဝယ်တွင် သပိတ်မျှောပွဲကျင်းပမည့်နေရာအနီး ပေါက်ကွဲမှုဖြစ်
Dawei Watch
October 14, 2024ထားဝယ်ရိုးရာသပိတ်မျှော်ပွဲတော်ကျင်းပရန် လေးရက်အလိုတွင် အဆိုပါပွဲတော်ကျင်းပမည့် ထားဝယ်မြို့ ကမ်းနားဈေး သဲကွင်းအနီး ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကမ်းနားဈေး၏ အနောက်ဘက် စက်ဘီး၊ ဆိုင်ကယ်လက်ခံဌာနှင့် သပိတ်မျှောပွဲကျင်းပမည့် သဲကွင်းပန်းခြံကြားတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်းမြို့ခံများက ပြောသည်။ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ချက်ကြားရကြောင်း မြို့ခံများက ဆိုသည်။ “ကမ်းနား ဈေးနားမှာဖြစ်တယ်။ လူတွေအဲဒီနားမှာ ရုတ်ရုတ်ဖြစ်နေကြတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု ရှိ မရှိနှင့် မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်တို့ကို Dawei Watch ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်သည့် အဆိုပါနေရာ အနီးတဝိုက်ကို စစ်ကောင်စီတပ်သားများ […]