မောင်းမကန်ရေပူစမ်း အဆင့်မြှင့်ရေး လူနေအိမ်များ ဦးစွာပြောင်းရမည်
diz_admin
March 30, 2020မောင်းမကန်ကမ်းခြေအနီးရှိ မောင်းမကန်ရေပူစမ်းအဆင့်မြှင့်တင်ရေး အစီအစဉ်များကို ရေပူစမ်းမြေဧရိယာအတွင်းရှိ လူနေအိမ်များပြောင်းရွှေ့ပြီးမှ စတင်နိုင်မည်ဟုကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောကြားသည်။ တပ်မတော်မှပိုင်ဆိုင်ပြီး ကုမ္ပဏီတို့က အဆင့်မြှင့်တင်ရန်ကမ်းလှမ်းခံထားရသော မောင်းမကန်-ပန်းတင်အင်းလမ်းဘေးရှိ ရေပူစမ်းမြေဧရိယာ ၁၉ ဒသမ ၆၇ ဧကအတွင်း လူနေအိမ် ၆ လုံး ကျူးကျော်ဝင်ရောက်နေထိုင်နေကြောင်း ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောသည်။ “ရေပူစမ်းအဆင့်မြှင့်တင်ဖို့ အစီအစဉ်ရှိပါတယ်။ အသေးစိတ်ကတော့ ဆောင်ရွက်မယ့် အစီအစဉ်ကိုတော့ ရေးဆွဲနေပြီးတော့ အမှန်တကယ်လုပ်မယ့်ကုမ္ပဏီနဲ့ တာဝန်ပေးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီအိမ် ၆ လုံး အားလုံးဖယ်ရှားပြီးမှပဲ အဲဒီအစီအစဉ် တွေဆွဲပြီး ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးမှပဲ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ဆိုသည်။ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်က အိမ်ပိုင်ရှင်များအား နေအိမ်များကို ပြောင်းရွှေ့ဖယ်ရှားပေးရန် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်းက ညွှန်ကြားထားသည်။ […]