လောင်းလုံးမြို့နယ်အတွင်း ရေမကစားရ ဒေသန္တရအမိန့် လူအချို့ ဖောက်ဖျက်
diz_admin
April 13, 2020လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသော ရေမကစားရ ဒေသန္တရအမိန့်ကို ဖောက်ဖျက်သူများရှိနေသည်။ ကား၊ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့သွားလာခြင်းအပါအဝင် မည်သည့်ရေပက်ကစားခြင်းကိုမျှ ခွင့်မပြုကြောင်း စသည့် အချက် ၁၀ ချက်ပါ ဒေသန္တရအမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဧပြီလ ၁၁ ရက် ရက်စွဲဖြစ် ထုတ်ပြန်ထားပြီးဖြစ်သည်။ သို့သော် သင်္ကြန်ကာလအတွင်း ကျေးရွာအချို့တွင် ကလေးငယ်များ ရေပက်ကစားခြင်း၊ လူငယ်ဆယ်ဦးထက်မနည်း အုပ်စုဖွဲ့ကာ ဆိုင်ကယ်ဖြင့်သွားလာနေခြင်းများရှိနေသည်ကို တွေ့မြင်နေရသည်။ ဧပြီလ ၁၂ ရက်က လောင်းလုံးမြို့နယ် တီဇစ်ကမ်းခြေသို့ ဆယ်ဦးထက်မနည်းသော လူငယ်အုပ်စုက ဆိုင်ကယ်ဖြင့် လာရောက်ခဲ့ကြောင်း လောင်းလုံးမြို့မစခန်းမှူး ဒုရဲမှူးဝင်းလွင်ကပြောသည်။ ယင်းလူငယ်များကို ကမ်းခြေဆင်းခွင့်မပြုဘဲ အသိပညာပေးကာ အုပ်ထိန်းသူများထံ ပို့ပေးခဲ့ကြောင်း ဒုရဲမှူး ဝင်းလွင်ကပြော သည်။ ယင်းအပြင် ဆောင်းဘောက်ဖွင့်ကာ အုပ်စုလိုက်ရေအလှူသွားနေသော […]