တိုင်းအစိုးရလုပ်ငန်း အီလက်ထရွန်းနစ်ပြောင်းရန် ယခုနှစ် ကျပ်သိန်းနှစ်ထောင်သုံးမည်
diz_admin
April 28, 2020တိုင်းအစိုးရကE-Government (အီလက်ထရွန်းနစ်အစိုးရ) လုပ်ငန်း အတွက် ယခုဘဏ္ဍာနှစ်တွင် ကျပ်သိန်း နှစ်ထောင် အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြောရေးဆိုခွင့် ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ကျပ်သိန်းနှစ်ထောင်အသုံးပြုပြီး ပါက ဝန်ကြီးအခန်းအတွင်းမှ ဗီဒီယိုဖုန်း ခေါ်ဆိုမှုများ၊ တိုင်းအစိုးရအဖွဲ့ရုံးအတွင်း အီးမေးလ်ပေးပို့ခြင်းများ လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ပြောရမယ်ဆိုရင်တော့ on paper (စာရွက်စာတမ်း)တွေက တဖြည်းဖြည်း ချင်းလျော့နည်းသွား လိမ့်မယ်”ဟု ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ E-Government အတွက်လာမည့် ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၈၄၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အထက်ပါ စနစ်တစ်ခုလုံး လုပ်ငန်း ပြီးစီးအောင် လုပ်ဆောင်မည်ဆိုပါက ငွေကျပ် ၁ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ တိုင်းအစိုးရ၏ […]