ထားဝယ်တွင် သပိတ်မျှောပွဲကျင်းပမည့်နေရာအနီး နှစ်ရက်ဆက် ဒရုန်းဗုံးချတိုက်ခိုက်ခံရ
Dawei Watch
October 15, 2024ထားဝယ်မြို့ ကမ်းနားလမ်း သဲကွင်းပန်းခြံရှိ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် ကျင်းပမည့်နေရာနှင့် ကမ်းနားဈေးကြား နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရကြောင်း မြို့ခံများက ပြောသည်။ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက် ၈နာရီတွင် တစ်ကြိမ် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဒီနေ့ ပထမ ပေါက်ကွဲသံကြားပြီး ဒရုန်းနှစ်စင်းပျံနေတာတွေ့တယ်။ ပထမပေါက်ကွဲသံကြားပြီး မိနစ်ပိုင်းမှာပဲ နောက်ထပ်ပေါက်ကွဲသံတစ်ချက် ထပ်ပြီးကြားရတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်က ပွဲတော်ကျင်းပမည့် ကွင်းနီးပေါက်ကွဲမှုဖြစ်ပြီးနောက် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁)တပ်ရင်း T1 ၏ လက်ရုံးတပ်ဖွဲ့ဖြစ်သည့် Sky Ghost Drone Force […]