မလိုအပ်သည့် အခမ်းအနားများမလုပ်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား၊ တက္ကသိုလ်ကျောင်းသင်္ကြန် ဆက်ကျင်းပမည်
diz_admin
March 11, 2020ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် မလိုအပ်သည့် အခမ်းအနားများ မကျင်းပရန် ပညာရေးဝန်ကြီးဌာနအောက်ရှိဌာနများ အားလုံးကို ညွှန်ကြားထားသော်လည်း ထားဝယ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့က ကျောင်းသင်္ကြန်ကို ဆက်လက်ကျင်းပမည်ဖြစ် ကြောင်းသိရသည်။ ပညာရေးဝန်ကြီးဌာနက ကိုရိုနာ ဗိုင်းရပ်စ်(ပြင်းထန် အဆုတ်ရောင်ရောဂါ) ဂယက်ကြောင့် လူစုလူဝေးဖြင့် ပြုလုပ်ရ မည့် အခမ်းအနားများကို တတ်နိုင်သ လောက် ရှောင်ရှားရန်နှင့် မဖြစ်မနေလုပ် ဆောင်ရမည့် အခမ်းအနားများရှိပါက လည်း ရက်ရွှေ့ဆောင်ရွက်ရန် မတ်လ ၃ ရက်တွင် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းညွှန်ကြားစာ မထွက် ခင်ကတည်းက ထားဝယ်မြို့ရှိ တက္ကသိုလ် များမှာ ကျောင်းသင်္ကြန်ပြုလုပ်ရန် အတွက် ကျောင်းသားများထံ ငွေကောက် ခံခြင်း၊ လိုအပ်သည့် ပစ္စည်းများ ဝယ်ယူ ခြင်းတို့ကို ကြိုတင်လုပ်ဆောင်ထားပြီး ဖြစ်နေသည်။ ယင်းအတွက်ကြောင့် […]