တနင်္သာရီတွင် မေလအပူချိန် ယမန်နှစ်ထက် သိသိသာသာတိုး
diz_admin
May 18, 2020တနင်္သာရီတိုင်းတွင် ယခုနှစ်မေလ အပူချိန်သည် ယမန်နှစ်ထက် သိသိသာသာတိုးလာကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ အမြင့်ဆုံးအပူချိန်သည် တိုင်းအတွင်း မိုးလေ၀သစခန်း ၄ ခုမှ တိုင်းတာချက်အရ ၃၄.၇ ဒီဂရီ စင်တီဂရိတ် မှ ၃၆.၅ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိခဲ့သည်။ ယခုနှစ် ၂၀၂၀ ခုနှစ်တွင် မေလ ၁၅ ရက်နေ့အထိ အမြင့်ဆုံအပူချိန်မှာ ၃၈.၃ ဒီဂရီ စင်တီဂရိတ် မှ ၃၉.၅ ဒီဂရီ စင်တီဂရိတ်အတွင်းရှိကြောင်း သိရသည်။ အပူချိန်မြင့်တက်မှုကြောင့် အပူနှင့် ပက်သက်သည့် ရောဂါများဖြစ်ပွားနိုင်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် အပူမကြိုက်သည့် သီးနှံအထွက် လျော့ကျမှုများဖြစ်ပေါ် နိုင်သည်ဟု တနင်္သာရီတိုင်းမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန […]