BREAKING
February 26, 2025

ထားဝယ်

ဒေါက်တာလဲ့လဲ့မော်အမှု အယူခံ ဝင်မည် ဟုဆို

diz_admin

May 25, 2020

အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် နှစ်သုံးဆယ်ချမှတ်ခံရသည့်အပေါ် အယူခံ ဝင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ လဲ့လဲ့မော်၏ ခင်ပွန်းဖြစ်သူ ဦးထွန်းမင်းက ပြောသည်။ ဒေါက်တာလဲ့လဲ့မော်ကို မေလ ၂၂ ရက်နေ့က အမှုလေးခုအတွက် အလုပ်နှင့် ထောင်ဒဏ်နှစ် ၃၀ ချမှတ်ထားသည်။ ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့သည့် အပေါ် မှတ်ချက်မပေးလိုသော်လည်း အယူခံဝင်မည်ဖြစ်ကြောင်း ဦးထွန်းမင်းက ဆိုသည်။ “ဥပဒေအရပဲ အထက်ကို အယူခံ ဝင်သွားမယ်”ဟု ၎င်းက ပြောသည်။ တိုင်းတရားလွှတ်တော်က ချမှတ်သည့် အမိန့်အပေါ် ကျေနပ်မှုမရှိပါက ရက်ပေါင်း ၉၀ အတွင်း အယူခံဝင်နိုင်ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။ “ပြည်ထောင်စုတရားလွှတ်တော် ချုပ်ကို အယူခံဝင်ရောက်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။ ဒေါက်တာလဲ့လဲ့မော်အပေါ် အမိန့်ချ ခဲ့သည့်အပေါ် တစ်စုံတစ်ရာ မှတ်ချက် မပြုလိုတော့ကြောင်း သူမ၏ခဲအိုဖြစ်သူ […]

ကျူ ဝင်နေသူများကို အကဖြင့် ဖျော်ဖြေမည်

diz_admin

May 19, 2020

ထားဝယ်မြို့ပေါ်တွင် ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့် စခန်းဝင်နေသူများကို မြူးကြွသည့် တေးသီချင်းဖြင့်သီဆိုကာ ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးဖြစ်သော Physical Fitness Dance ဖြင့် လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ယင်းအစီအစဉ်ကို ထားဝယ်မြို့ပေါ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများတွင် တစ်လတာ အလှည့်ကျစနစ်ဖြင့် လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း အထက်ပါဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။ “ဒီအထဲမှာ ၂၁ ရက်လုံး နေနေတဲ့သူတွေဆိုတော့ သူတို့ရဲ့ စိတ်ပျော်ရွင်မှုအတွက် ကိုယ်လက်လှုပ်ရှားမှုဖြစ်အောင်ဆိုပြီးတော့ လိုက်လုပ်ပေးတာ။ စိတ်လက်ပျော်ရွှင်ပြီး ခန္ဓာကိုယ် လန်းလန်းဆန်းဆန်းဖြစ်အောင် လုပ်ပေးတဲ့သဘောပေါ့” ဟု ဦးမောင်မောင်မြင့်က ပြောသည်။ မေလ ၁၃ ရက်က ထားဝယ်တက္ကသိုလ်တွင် အသွားအလာကန့်သတ်ထားသူများကို ဖျော်ဖြေခဲ့ပြီး မေလ ၁၄ ရက်တွင် သီတဂူဆေးရုံတွင်ဖျော်ဖြေခဲ့ကြောင်း ၎င်းကပြောသည်။ တိုင်းအတွင်းရှိ အသွားအလာကန့်သတ် […]

ထားဝယ်မြို့သစ် စီမံကိန်းမြေသိမ်းဆည်းခံ စာရင်းမဝင်သူများကို စတင် စိစစ်

diz_admin

May 19, 2020

ထားဝယ်မြို့သစ်စီမံကိန်းအတွက် မြေသိမ်းဆည်းခံခဲ့ရသော်လည်း တိုင်းအစိုးရစာရင်းတွင် မပါဝင်သူ ၃၀ ဦးကို မေလဒုတိယအပတ်မှစပြီး စတင်စိစစ်နေကြောင်း ထားဝယ်မြို့နယ် လယ်ယာမြေနှင့် အခြာမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီထံမှ သိရသည်။ ထားဝယ်မြို့သစ်စီမံကိန်းအတွက် မြေသိမ်းဆည်းခံရသူ စုစုပေါင်း ခုနစ်ဆယ်ရှိသော်လည်း အစိုးရ၏ အသိအမှတ်ပြုခြင်းမခံရသူ သုံးဆယ်ဦးကျန်နေကြောင်း ထားဝယ်ခရိုင် တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။ အဆိုပါ သုံးဆယ်ဦးသည် အမှန်တကယ် မြေသိမ်းဆည်ခံခဲ့ရခြင်း ရှိ/မရှိ၊ လျော်ကြေးရရှိခဲ့ခြင်း ရှိ/မရှိ တို့ကို ထွက်ချက်ယူခြင်းဖြစ်ကြောင်း အထက်ပါ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ပြောသည်။ “သူတို့ရဲ့ထွက်ချက်ကိုယူပြီး ခရိုင်ကို ဆက်တင်ပေးရမှာပေါ့။ နောက်ဆုံးဖြတ်ချက်ကတော့ တိုင်းမြေစစ်က ဆုံးဖြတ်မှာပေါ့။ တကယ် အသိမ်းခံရတယ်ဆိုတာလည်း မှန်တယ်၊ လျော်ကြေးလည်း မရဘူးဆိုရင်တော့ ရမှာပေါ့လေ” ဟု ဦးအောင်ဆန်းဝင်းက ဆိုသည်။ မြေသိမ်းခံခဲ့ရသည်ဟုဆိုသူများသည် ယင်းကိစ္စအတွက် […]

၁၄ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်သူကို အလုပ်နှင့် ထောင်ဒဏ် ၂၇ နှစ် အမိန့်ချ

diz_admin

May 19, 2020

ထားဝယ်မြို့တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိမ်းကျင့်ခဲ့သည့် အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် ၂၇ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်ခရိုင်တရားရုံးထံမှ သိရသည်။ ယမန်နှစ် ဇူလိုင်လတွင် မုဒိမ်းမှု၊ လူခိုးမှုဖြင့် စတင်တရားစွဲဆိုခဲ့သည့် ယင်းအမှုတွင် တရားခံဖြစ်သူ ဦးထွန်းမင်းကို ယခုနှစ် မေလ ၁၅ ရက်နေ့က အမိန့်ချလိုက်ခြင်းဖြစ်သည်။ ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်တွင် ဇွန်လ ၁၅ ရက်က အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးကို အထက်ပါအမျိုးသားက မိန်းကလေးငယ်နေထိုင်သည့် အိမ်အောက်တွင် မုဒိမ်းကျင့်ခဲ့သည့်အမှု ဖြစ်သည်။ အဆိုပါအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ (မုဒိမ်းမှု) ပထမအပိုဒ်အရ ထောင်ဒဏ် ၂၀ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု)ဖြင့် […]

တပ်မဲရုံ လျော့ အရပ်သား မဲရုံ တိုး

diz_admin

May 19, 2020

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် တပ်မဲရုံ လျော့နည်းသွားပြီး အရပ်သားမဲရုံ ထပ်တိုးလာကြောင်း တနင်္သာရီတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ တိုင်းအတွင်းလျာထားသည့် မဲရုံစုစုပေါင်း တစ်ထောင်ကျော် (၁၁၂၁)ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲထက် အရပ်သားမဲရုံ ၅၀ ရုံခန့်တိုးလာကာ တပ်မဲရုံမှာ ၂၀ ဝန်းကျင်ခန့် လျော့နည်းလျာထားကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက ပြောသည်။ တိုင်းအတွင်း မဲဆန္ဒရှင်ဦးရေ တိုးလာခြင်း၊ လူများသည့် မဲရုံအချို့ကို နှစ်ခုခွဲလိုက်ခြင်းကြောင့် အရပ်သားမဲရုံများတိုးလာခြင်းဖြစ်ပြီး တပ်မဲရုံလျော့ကျလာခြင်းမှာ အရပ်သားမဲရုံအချို့နှင့် တပ်မဲရုံအချို့ကို ပေါင်းလိုက်ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “တပ်မဲရုံတွေကတော့ တပ်အဝန်းအဝိုင်းထဲမှာ ရှိမှာမဟုတ်ဘူး။ တပ်ဧရိယာပြင်ပမှာပဲ ရှိမယ်။ တပ်ဧရိယာပြင်ပမှာမှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာနဲ့ တစ်ဆက်တစ်စပ်တည်း ဖြစ်နေတဲ့ နေရာမျိုးဆိုရင်တော့ အများပြည်သူ […]

ကိုဗစ်ရိုက်ချက်ထိ အလှဖန်တီးရှင်များ

diz_admin

May 19, 2020

စီးပွားရေးအခြေအနေကလည်း မဆိုး။ လထပ်နှစ်ဖြစ်နေသည့် အခြေအနေများကြောင့် ယခုနှစ် မင်္ဂလာဆောင်ရာသီတွင် အလုပ်အပ်သူများလိမ့်မည်ဟု သူတို့မျှော်လင့်ထားခဲ့ကြသည်။ သို့သော် ထင်သလိုဖြစ်မလာခဲ့ပါ။ ထိုသို့မျှော်လင့်ထားသူများက မင်္ဂလာဆောင်အခမ်းအနားများတွင် သတို့သား၊ သတို့သမီးကိုလှပအောင် မိတ်ကပ်လိမ်းခြယ်ဖန်တီးပေးရသည့် အလှဖန်တီးရှင်များပင်ဖြစ်သည်။ သူတို့က သတို့သားသတို့သမီးကို မိတ်ကပ်အလှပြုပြင်ပေးခြင်း၊ အခမ်းအနားများ လှပဆန်းသစ်စေရန် ဖန်တီးပေးခြင်းများအတွက် မင်္ဂလာဆောင်တစ်ပွဲလျှင် ပွဲအခင်းအကျင်းအပေါ်မူ တည်ကာ ဝန်ဆောင်ခ ငွေကျပ်ငါးသိန်းဝန်းကျင်မှ သိန်းနှစ်ဆယ်ဝန်းကျင်အထိ သတ်မှတ်ထားကြသည်။ သို့သော် အလှဖန်တီးရှင်များ၏ မျှော်လင့်ချက်ကို ကိုရိုနာဗိုင်းရပ်ပိုးက ရိုက်ချိုးလိုက်သည်။ကိုရိုနာဗိုင်းရပ်စ်ပိုးဂယက်ကြောင့် စီးပွားရေးလုပ်ငန်းများအထိနာနေချိန်တွင် အလှဖန်တီးရှင်များ၏ အလှပြုပြင်ရေးလုပ်ငန်းများလည်း အကြီးအကျယ်ထိခိုက်ခဲ့ကြသည်။ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်နိုင်ရန် မင်္ဂလာဆောင်ပွဲများအပါအဝင် အခမ်းအနားပွဲလမ်းသဘင်များမလုပ်ရန် အစိုးရကတားမြစ်လိုက်ခြင်းကြောင့် အလှဖန်တီးရှင်များ၏ လုပ်ငန်းများလည်း လုံးဝရပ်ဆိုင်းသွားခဲ့ရသည်။ မင်္ဂလာဆောင်ရန် ကြိုတင်ရက်ချိန်း ယူထားသူများသည်လည်း ဖျက်လိုက်ကြသည်။ အချို့မှာလည်း တရားရုံးတွင်လက်မှတ်ထိုးကာ အကျဉ်းရုံးမင်္ဂလာဆောင်လိုက်ကြတော့သည်။ ကိုရိုနာဂယက်ကြောင့် စီးပွားရေးထိခိုက်သူများထဲတွင် […]

ကိုဗစ်လွန်မှ မင်္ဂလာဆောင်မည်

diz_admin

May 18, 2020

မင်္ဂလာမဆောင်ခင် အမေးငွေအပ်အတွက် ဖိတ်စာတွေဝေပြီးအချိန် မအေမီသုန်ဦး ရွာထဲတွင် အသံချဲ့စက်ဖြင့်လိုက်လံ သတိပေးနှိုးဆော်သံတစ်ခုကို ကြားလိုက်ရသည်။ ကိုရိုနာဗိုင်းရပ်ကာကွယ်တားဆီးရေးအတွက် မင်္ဂလာဆောင်၊ အလှူနှင့် ဘာသာရေး အခမ်းအနားများ မလုပ်ရဆိုသည့် သတိပေးနှိုးဆော်သံ ဖြစ်သည်။ လူစု၊ လူဝေး မဖြစ်စေရန် မင်္ဂလာဆောင်၊ အလှူကဲ့သို့သော အခမ်းအနားများ မလုပ်ဆောင်ကြရန် တနင်္သာရီတိုင်းအစိုးရအဖွဲ့က မတ်လ ၂၁ ရက်တွင် ညွှန်ကြားစာထုတ်ပြန်လိုက်သည်။ သူမအမေးငွေအပ်မည့်ရက်က မတ် လ ၂၅ ရက်။ထိုနေ့မတိုင်မီ တစ်ရက်အလိုတွင် ကြားလိုက်ရသည့်အသံက သူမ၏အပျော်ကို ဖျက်ဆီးပစ်လိုက်တော့သည်။ “တကယ်ပျော်နေတဲ့ စိတ်တွေ ချက်ခြင်းပျောက်သွားတယ်။ ပျော်ရမယ့်နေ့မှာ မပျော်ရတော့ဘူး” ဟု မအေမီသုန်ဦးက ဆိုသည်။ ဧပြီလ ၁ ရက်နေ့ မင်္ဂလာဆောင်အတွက်လည်း ဖိတ်စာရိုက်၊ အလှပြင်သမားငှားခ၊ အကျွေးအမွေးစာရိတ်စကအတွက် စရံငွေတွေလည်း ပေးထားပြီးသား အခြေအနေ။သို့သော် […]

စက်သုံးဆီဈေး တက်ရိပ်ပြ

diz_admin

May 18, 2020

ကိုရိုနာဗိုင်းရပ်စ်ဂယက်စတင် ရိုက်ခတ်ကတည်းက ကျဆင်းနေသော စက်သုံးဆီဈေးသည် မေလ ဒုတိယအပတ်တွင်မူ အနည်းငယ်တက်ရိပ်ပြလာနေကြောင်း ထားဝယ်မြို့ရှိ စက်သုံး ဆီရောင်းဆိုင်အချို့ထံမှ သိရသည်။ လက်ရှိ စက်သုံးဆီဝယ်ဈေး တစ်လီတာကို ၁၅ ကျပ်ခန့်မြင့်တက်နေပြီဖြစ်ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင် အချို့က ပြောသည်။ “အခုက ဈေးကစားနေကြတာလေ။ ဘယ်လောက်အထိ တက်မယ်။ ကျမယ်ဆိုပြီး မပြောနိုင်ဘူး။ တက်လာမယ်လို့တော့ ခန့်မှန်းနေကြတယ်” ဟု ထားဝယ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှ မန်နေဂျာတစ်ဦးက ပြောသည်။ ထားဝယ်မြို့၏ လက်ရှိစက်သုံးဆီဈေးနှုန်းမှာ အောက်တိန်း တစ်လီတာလျှင် ကျပ်လေးရာဝန်းကျင်မှ ကျပ်ငါးရာဝန်းကျင်တွင်ရှိနေပြီး ဒီဇယ်ဈေးနှုန်းမှာ တစ်လီတာ ကျပ်ခြောက်ရာ ဝန်းကျင်တွင်ရှိနေကြောင်း ထားဝယ်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့ထံမှ သိရသည်။ ယင်းဈေးနှုန်းသည် ပါဆယ်လက်ဖက်ရည်တစ်ခွက်၊ ၂၀ လီတာဆန့် သောက် ရေသန့်တစ်ဘူးဈေးနှုန်းထက်ပင် လျော့နည်းသည်။ ထားဝယ်မြို့တွင် လက်ရှိပါဆယ် […]