ပြဒါးပါ တားမြစ်အလှကုန် ရေဖြူဈေးကွက်တွင် တွေ့ရှိ
diz_admin
May 25, 2020ပြဒါးပါဝင်သဖြင့် တားမြစ်ထားသည့် အလှကုန်တစ်မျိုးကို ရေဖြူဈေးကွက်တွင် တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ထံမှ သိရသည်။ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် FDA ဌာနနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့သည် ရေဖြူမြို့နယ်ရှိ ကုန်စုံဆိုင်ကြီးများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးစဉ် အလှကုန်ဘူး ၄ ဘူးကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းကာ ရောင်းချနေသည့်ဆိုင်ရှင်ကို ခံဝန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း အထက်ပါဌာနမှ သိရသည်။ တရုတ်ဘာသာဖြင့် ဖော်ပြထားသည့် QIANLI Acarus Removed & Spots Removing Cream အလှကုန်တွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်နိုင်သည့် တားမြစ်ဓာတုပစ္စည်းပြဒါးနှင့် Metronidazole ပါဝင်ကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူးဒေါ်မေသန်းနိုင်က ပြောသည်။ အဆိုပါ အလှကုန်တွင် တားမြစ်ဓာတုပစ္စည်းပါဝင်ကြောင်း ပြီးခဲ့သည့် ၂ နှစ်ကျော်ကတည်းက […]