ကညနရုံး ပြန်ဖွင့်ပြီ၊ ကိုဗစ်ကာလ ယာဉ်လိုင်စင်နှင့် မောင်းလိုင်စင် သက်တမ်းလွန်က ဒဏ်ကြေးဆောင်ရန် မလို
diz_admin
June 8, 2020ကိုဗစ်ကပ်ဘေးကြောင့် ကညန ဌာန၏လုပ်ငန်းများ ယာယီရပ်နားထားရာမှ ဇွန်လ ၈ ရက်နေ့တွင် ပြန်ဖွင့်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ထိုသို့ ပြန်ဖွင့်ချိန်တွင် ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကိုသာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခြားလုပ်ငန်းများ မပါဝင်သေးကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူးဦးထင်ပေါ်က ဆိုသည်။ ကိုဗစ်ကပ်ဘေးကာလတွင် လူစုလူဝေးဖြစ်စေနိုင်သည့် ယာဉ်မောင်းလိုင်စင်အသစ်လုပ်ခြင်းနှင့် ဆိုင်ကယ်အတွက် ဒေသလိုင်စင်ထုတ်ပေးခြင်းများ မပါဝင်သေးကြောင်း ၎င်းကပြောသည်။ ကညနလုပ်ငန်းများပြန်စချိန်တွင် ယာဉ်သက်တမ်းတိုးသူနှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးသူများကို တစ်ကြိမ်လျှင် ၁၀ ဦးစီ အလှည့်ကျလုပ်စေသည့်စနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးထင်ပေါ်က ဆိုသည်။ “(ရုံး) ထိပ်ကနေတစ်ဆင့် အဖျားတိုင်းတာတို့ လက်ဆေးခိုင်းတာတို့လုပ်ပြီး ဆယ်ယောက်ဝင်လုပ်၊ လုပ်စရာ ပြီးသွားလို့ရှိရင် ပြန်ထွက်ပေါ့” ဟု ဦးထင်ပေါ်က ပြောသည်။ လုပ်ငန်းလုပ်ရာတွင်လည်း တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာအဝေးနေစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ […]