BREAKING
February 27, 2025

ထားဝယ်

လောင်းလုံး လူငယ်အုပ်စုလိုက် ရိုက်ပွဲမှ ဖမ်းမိသူများအနက် မူးယစ်တရားခံပြေးတစ်ဦး ပါဝင်နေ

diz_admin

June 15, 2020

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာတွင် ဇွန်လ ၈ ရက်က ဖြစ်ပွားခဲ့သည့် လူငယ်အုပ်စုလိုက်ရိုက်ပွဲမှ လူငယ်သုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ယင်းသုံးဦးအနက် တစ်ဦးမှာ မူးယစ်တရားခံပြေးတစ်ဦးဖြစ်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနနှင့် ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။ ဖမ်းမိလူငယ်သုံးဦးအနက်တစ်ဦးမှာ ကိုးတန်းကျောင်းသားအရွယ်ဖြစ်သောကြောင့် ခံဝန်ထိုးခိုင်းကာ မိဘထံပြန်အပ်ပေးခဲ့ပြီး ကျန်လူငယ်တစ်ဦးကိုမူ မော်တော်ယာဉ်ဥပဒေဖြင့်တရားစွဲမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ မူးယစ်တရားခံပြေးတစ်ဦးကိုမူ ထားဝယ်မြို့မရဲစခန်းထံသို့ လွှဲပြောင်းပေးထားကြောင်း ဦးကံထူးက ပြောသည်။ လူငယ်အုပ်စုလိုက်ရိုက်ပွဲသည် အုန်းသီးပုံဖြင့်အလှဆင်ထားသည့် လောင်းလုံးမြို့အဝင်ဆိုင်းဘုတ်အနီးတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူအချို့က ပြောသည်။ ယင်းရိုက်ပွဲမှ ထွက်ပြေးသွားသောအဖွဲ့နောက်သို့ အခြားတစ်ဖွဲ့က ဆိုင်ကယ်များဖြင့် နောက်မှ တုတ်၊ သံချောင်း စသည့် လက်နက်တို့ဖြင့် လိုက်လံရိုက်နှက်ခြင်းဖြစ်ပြီး အင်းဇောက်ကျေးရွာအထိ ရောက်သွားခြင်းဖြစ်သည်။ အင်းဇောက်ကျေးရွာအရောက်တွင် အရိုက်ခံနေရသည်ဟု ယူဆရသော ဆိုင်ကယ်တစ်စီး လဲကျသွားခဲ့ပြီးနောက် […]

လမ်းမပေါ်ရောက် ဓာတ်တိုင်များ ပြောင်းဖို့အရေး ဘတ်ဂျက်လျာထားမည်

diz_admin

June 15, 2020

လမ်းမကြီးပေါ် ရောက်ရှိနေသည့် ဓာတ်တိုင်များပြောင်းရွေ့ဖို့အရေး ဘတ်ဂျက်လျာထားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောကြားသည်။ ရန်ကုန်- ထားဝယ်- မြိတ်- ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်တွင် လမ်းဘေးကပ်လျက်ရှိနေသည့် လျှပ်စစ်မီးတိုင်များကို လမ်းဘေးရွေ့ပြောင်းနိုင်ရေး စီစဉ်နေခြင်းဖြစ်သည်။ ယင်းဓာတ်တိုင်များကြောင့် ယာဉ်မတော်တဆမှုများ ကြုံတွေ့ရနိုင်သည့်အတွက် ပြောင်းရွေ့နိုင်ရေး သက်ဆိုင်ရာဌာနက ဘတ်ဂျက်လျာထားရန် ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဓာတ်တိုင်က အရင်လား၊ လမ်းက အရင်လားဆိုတဲ့ ကိစ္စကိုသွားပြီးတော့ အဖြေသွားရှာနေခြင်းဆိုတာထက် လုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက် စနစ်တကျနဲ့ လမ်းနဲ့ဓာတ်တိုင်နဲ့ ရှိရမယ့်နေရာမှာ ရှိပြီးတော့ လုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက်လည်း ဒါလေးကိုလည်း ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။ ယင်းဓာတ်တိုင်များရွေ့ပြောင်းနိုင်ရေး သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် […]

စစ်ပြဲတွင် ဘုရားမီးပူဇော်ရာမှ နေအိမ်မီးလောင်

diz_admin

June 15, 2020

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာ (နောက်ပိုင်း) ဘောလုံးကွင်းအနီးရှိ နေအိမ်တစ်ဆောင်သည် ဇွန်လ ၁၂ ရက် ည ၈ နာရီခန့်တွင် ဘုရားစင်တွင်ပူဇော်ထားသည့် ဖယောင်းတိုင်မီးမှ မီးကူးစက်ပြီး နေအိမ်မီးလောင်းကျွမ်းခဲ့ကြောင်း လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ မီးလောင်မူကြောင့် ပျဉ်ထောင်နှစ်ထပ်အိမ်အပေါ်ထပ် မီလောင်ဆုံးရှုံးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာမရရှိကြောင်း အထက်ပါဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက ပြောသည်။ “ဘုရားစင်မှာ ဖယောင်းတိုင်မီးပူဇော်ပြီးတော့ အိမ်ရှင်အဖွားက သူ့သမီးအိမ်မှာ သွားနေတာ။ အဲကနေပြီးတော့ စတင်လောင်တာပါ” ဟု ဦးစိုးကျော်သူက ပြောသည်။ အိမ်ရှင်အား မီးပေါ့ဆမှုဖြင့် လောင်းလုံးမြို့နယ်တရားရုံးတွင် တရားစွဲတင်ထားကြောင်း သိရသည်။ ကျော်သူစိုး

မလွှဲတောင်ဂိတ်တွင် ခရီးသည်တင်မှန်လုံယာဉ်ကြီးများ ညအိပ်စောင့်ရန် မလိုတော့

diz_admin

June 15, 2020

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ်ဂိတ်ဖြစ်သည့် မလွှဲတောင်ဂိတ်တွင် မှန်လုံယာဉ်ကြီးများ ညအိပ်စောင့်ရန်မလိုတော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။ ညမထွက်ရအမိန့်ထုတ်ထားသည့်အတွက် မလွှဲတောင်ဂိတ်တွင် ည ၁၂ နာရီမှစကာ ဂိတ်ပိတ်လိုက်ပြီး ကားများဖြတ်သန်းခွင့် မပြုတော့ပေ။ ထိုကြောင့် ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များက နံနက် ၄ နာရီအထိ ကားပေါ်တွင်ပင် ညအိပ်စောင့်ဆိုင်းကြရသည်။ သို့ရာတွင် ဇွန်လ ၁၂ ရက်မှစကာ ခရီးသည်တင်မှန်လုံကားကြီးများကို မည်သည့်အချိန်တွင်မဆို မလွှဲတောင်ဂိတ်မှ ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ ခရီးသည်များက ကားပေါ်တွင်ပင် အိပ်စက်နေရခြင်း၊ အမိုးအကာမလုံလောက်ခြင်း၊ အိမ်သာအခက်အခဲရှိခြင်း၊ ဂိတ်တွင် ကျန်းမာရေးစစ်ဆေးချိန်များ၌ […]

ကိုဗစ်ကြားက ခရီးသည်

diz_admin

June 15, 2020

နံနက် ၄ နာရီထိုးသည်နှင့် မလွှဲတောင်ဂိတ်မှာ စတင်လှုပ်ရှားလာပြီဖြစ်သည်။ လူတန်းရှည်ကြီး ဖြစ်လာသည်။ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ကို ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်၌ တန်းစီနေသည့်လူတန်းကြီးက မျက်စိတစ်ဆုံး။ တန်းစီနေသူများထဲတွင် ရင်ခွင်ပိုက်ကလေးကို ထွေးပွေ့ထားသည့် အမျိုးသမီးများ အပါအဝင် အသက် ၇၀ ကျော်အရွယ်အထိ အသက်အရွယ်အမျိုးမျိုး ပါဝင်သည်။ ကိုဗစ်ကပ်ဘေးကြောင့် တိုင်းကျော်ပြေးဆွဲသည့် ခရီးသည်တင်ကားများ ပိတ်ထားရာမှ ဇွန်လ ၃ ရက်နေ့မှစတင်ကာ ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့သည်။ ထိုသို့ပြေးဆွဲခွင့်ပြုလိုက်ခြင်းကြောင့် တနင်္သာရီတိုင်းအတွင်းသို့ ခရီးသည်များ အများအပြား ဝင်ရောက်လာသည်။ သို့ရာတွင် တနင်္သာရီတိုင်းအတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန် ထားသည်။ ယင်းသို့ထုတ်ပြန်ထားသဖြင့် မလွှဲတောင်ဂိတ်ကို ဖြတ်မည့်ကားများက ည ၁၂ နာရီကျော်ချိန်တွင် ဖြတ်သန်းခွင့်မရတော့ဘဲ […]

ကျပ်သိန်းတစ်ရာခန့်ရှိ ဆေးဝါးနှင့် အလှကုန်များ ဖျက်ဆီး

diz_admin

June 15, 2020

ကျပ်သိန်းတစ်ရာဖိုးခန့်ရှိ သက်တမ်းလွန်၊ စံမမီ၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးနှင့် အလှကုန်များကို ဇွန်လ ၉ ရက်နေ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ထံမှ သိရသည်။ ဇန်နဝါရီလမှ မေလအထိ ထားဝယ်ခရိုင်ဈေးကွက်အတွင်း သိမ်းဆည်းရမိသည့် သက်တမ်းလွန်၊ စံမမီ၊ မှတ်ပုံတင်မရှိသော ဆေးဝါး၊ ဆေးပစ္စည်းနှင့် သုံးစွဲရန်မသင့်သည့် အလှကုန်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း တိုင်း FDA ဌာနမှ တိုင်းဦးစီးမှူး ဒေါ်မေသန်းနိုင်က ပြောသည်။ “သက်တမ်းလွန်ကိုတော့ ပစ္စည်း သိမ်းဆည်းထားတယ်။ မှတ်ပုံတင်မရှိတဲ့ ဆေးဝါးတွေ ရောင်းချနေတယ်ဆိုရင် သုံးလ ယာယီပိတ်သိမ်းခိုင်းပါတယ်” ဟု ဒေါ်မေသန်းနိုင်က ဆိုသည်။ ၂၀၂၀ ခုနှစ် မတ်လမှ ဧပြီလအထိ ထားဝယ်ခရိုင်တွင် အမျိုးသားဆေးဝါးဥပဒေဖြင့် သုံးလယာယီပိတ်သိမ်းကာ အရေးယူထားသည့် ဆေးဆိုင် ၁၁ ဆိုင်ခန့် ရှိပြီး […]

ယာယီပိတ်ထားသည့် ဟိုတယ်အများစု ပြန်ဖွင့်

diz_admin

June 15, 2020

ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်းယာယီပိတ်ထားသည့် ဟိုတယ်အများစု ပြန်ဖွင့်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။ တိုင်းအတွင်း ဟိုတယ်/ ခရီး လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၆ လုံးရှိသည့်အနက် လက်ရှိတွင် ၂၁ လုံး ပြန်ဖွင့်ပြီဖြစ်ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။ တိုင်းအတွင်းရှိ ဟိုတယ် ၃ လုံးမှလွဲ၍ ကျန်သည့်ဟိုတယ်အားလုံးနီးပါးက ကိုရိုနာရောဂါပိုး ကူးစက်ဖြစ်ပွားမှု အများဆုံး ကာလဖြစ်သည့် မတ်လနှင့် ဧပြီလတွင် ယာယီပိတ်ထားကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။ ယင်းကဲ့သို့ယာယီပိတ်ရန် တိုင်းအစိုးရနှင့် ၎င်းတို့ဌာနက ညွှန်ကြားခြင်းမဟုတ်ဘဲ လုပ်ငန်းရှင်များက ၎င်းတို့သဘောအရ ပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ပိတ်ထားသည့်ဟိုတယ်များအနက် မေလနှင့် ဇွန်လအတွင်း ၁၈ လုံး ပြန်ဖွင့်ပြီဖြစ်ကြောင်း ဦးညိုအေးက ဆိုသည်။ […]

ရေကြောင်းရဲတပ်ဖွဲ့က လျှောက်ထားသည့် မြေနေရာကို မူလပိုင်ရှင်ဆိုသူ ကန့်ကွက်

diz_admin

June 15, 2020

ထားဝယ်မြို့ ဆန်းချီတိုးချဲ့ကွက်သစ် တိုင်းဥပဒေချုပ်ရုံးကျောဘက်ရှိ မြေနေရာအား ရေကြောင်းရဲတပ်ဖွဲ့ခွဲ (ထားဝယ်) မှ မြေလွှဲပြောင်းပေးရန် လျှောက်ထားသည့်ကိစ္စကို မူလပိုင်ရှင်ဟုဆိုသူ ဦးသောင်းညွန့်က ဇွန်လ ၁၀ ရက်တွင် ကန့်ကွက်စာပေးပို့လိုက်ကြောင်း သိရသည်။ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်စား သောက်လာသည့် မြေနေရာဖြစ်ခြင်း၊ မြို့သစ်စီမံကိန်းကြောင့် ထိခိုက်ခဲ့သည့် ကိစ္စအားဖြေရှင်းရန် အစိုးရမှ စိစစ်ဆောင်ရွက်နေဆဲဖြစ်ခြင်းတို့ကြောင့် ယင်းသို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဦးသောင်းညွန့်၏ ကန့်ကွက်စာတွင် ဖော်ပြထားသည်။ ဦးသောင်းညွန့်အပါအဝင် လျော်ကြေးမရသေးဟုဆိုသည့် လယ်သမား ၃၀ ဦးကို ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မေလမှစတင် ခေါ်ယူစစ်ဆေးလျက်ရှိပြီး ယင်းကိစ္စမှာ ရှင်းရှင်းလင်းလင်း အဖြေမထွက်သေးပေ။ “ငါတို့ကိစ္စက မရှင်းလင်းသေးဘူးဆိုတော့ ကန့်ကွက်ထားရတာပေါ့။ ငါတို့က လျော်ကြေးနစ်နာကြေးတွေလဲ လုံးဝမရသေးဘူးလေ” ဟု ဦးသောင်းညွန့်က ဆိုသည်။ အဆိုပါမြေနေရာတွင် ဦးသောင်ညွန့်၏ ဆွေမျိုးသားချင်း မိသားစုနှစ်ခု နေထိုင်လျက်ရှိပြီး […]