သုံးလောင်းပြိုင်လူသတ်မှု ငွေလိုသဖြင့် သတ်ခြင်းမဖြစ်နိုင်ဟု ရဲတပ်ဖွဲ့ပြော
diz_admin
June 23, 2020ရေဖြူမြို့နယ်ရှိ ပြည်ထောင်စုလမ်းမပေါ်ရှိ နေအိမ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်တွင် ငွေလိုသဖြင့် သတ်ခြင်းမဖြစ်နိုင်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ အသတ်ခံရသည့်နေအိမ်တွင်ရှိနေသည့် ငွေကျပ်နှစ်သိန်းကျော်၊ ဆိုင်ကယ်၊ ဆောင်းဘောက်၊ နားကပ် စသည့်ပစ္စည်း တစ်စုံတစ်ရာယူသွားခြင်း မရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ ပြည်ထောင်စုလမ်းမပေါ် ကားလမ်းပေါ် ရထားလမ်းဖြတ်သည့်နေရာတွင် နေထိုင်သည့် အသက်တစ်နှစ်ကျော် ကလေးတစ်ဦးအပါအဝင် မီးရထားဝန်ထမ်းမိသားစု သုံးဦးကို ဇွန်လ ၁၃ ရက်နေ့က နေအိမ်ပေါ်တွင်ပင် သတ်ဖြတ်သွားခဲ့သည်။ အဆိုပါနေအိမ်မှာ ထားဝယ်-ရန်ကုန်ကားလမ်းပေါ်ရှိ ၂၃ မိုင် ၄ ဖာလုံတွင်ရှိပြီး အနီးအနားတွင် အခြားနေအိမ် အဆောက်အအုံများမရှိပေ။ ယင်းအပြင် အသတ်ခံရသည့် လင်မယားကိုင်ဆောင်သည့် ဖုန်းနှစ်လုံးလည်း မယူသွားကြောင်း ယင်းရဲအရာရှိက ပြောသည်။ “သတ်ဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ လာပြီးတော့ သတ်သွားတယ်လို့ ယူဆရတယ်” ဟု […]