တိုင်းအတွင်း မသန်စွမ်း မဲဆန္ဒရှင် နှစ်ထောင်ခန့်ရှိ
diz_admin
July 1, 2020လာမည့်ရွေးကောက်ပွဲတွင် တိုင်းအတွင်း မသန်စွမ်းမဲဆန္ဒရှင် နှစ်ထောင့် တစ်ရာခန့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးထံမှ သိရသည်။ တိုင်းအတွင်းရှိ မသန်စွမ်းမဲဆန္ဒရှင်များတွင် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၁၁၀ဝ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၃၀ဝ ဦးခန့်၊ အပြောအကြား မသန်စွမ်းသူ ၄၀ဝ ဦးကျော်ခန့်၊ ဉာဏ်ရည်မသန်စွမ်းသူ ၁၀ဝ ဦးကျော်ခန့်ရှိကြောင်း အထက်ပါရုံးမှ အတွင်းရေးမှူးက ပြောသည်။ မဲရုံသို့ လာရောက်မဲမပေးနိုင်သည့် မသန်စွမ်းမဲဆန္ဒရှင်များသည် ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်ဖြစ်စေ အိမ်တိုင်ရာရောက်ဖြစ်စေ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ၎င်းက ပြောသည်။ ယခင် ရွေးကောက်ပွဲများတွင် မသန်စွမ်း မဲဆန္ဒရှင်စာရင်းကို သီးခြားကောက်ယူခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။ ထားဝယ်ခရိုင်တွင် မသန်စွမ်း မဲဆန္ဒရှင် ၁၂၀ဝ ကျော်ခန့်၊ မြိတ်ခရိုင်တွင် ၆၀ဝ […]