တိုင်းအတွင်း NLD ပါတီ ကိုယ်စားလှယ်လောင်းလျှောက်ထားသူ တစ်ရာ့ခုနစ်ဆယ်နီးပါးရှိ၊ အမျိုးသမီး ၂၅ ရာခိုင်နှုန်းပါဝင်
diz_admin
July 6, 2020တနင်္သာရီတိုင်း NLD ပါတီတွင် ကိုယ်စားလှယ်လောင်းလျှောက်ထားသူ ၁၆၉ ဦး ရှိကြောင်း တိုင်းသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒေါ်မြရတနာထက်ထံမှ သိရသည်။ အမျိုးသားလွှတ်တော်အတွက် ၄၀ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၃၄ ဦး၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ အတွက် ၄၀ ဦး၊ အမှတ် ၂ အတွက် ၄၈ ဦး၊ ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ် နေရာအတွက် ၂ ဦး၊ သင့်လျော်ရာ မဲဆန္ဒနယ်ဟုဆိုရာ လျှောက်ထားသူ ၅ ဦး ရှိကြောင်း ဒေါ်မြရတနာထက်က ပြောသည်။ ယင်း ၁၆၉ ဦးအနက် ၄၂ ဦးမှာ အမျိုးသမီးများဖြစ်ပြီး ကရင်တိုင်းရင်သား ရေးရာကိုယ်စားလှယ်လောင်း လျှောက်ထားသူနှစ်ဦးမှာ ထားဝယ်နှင့် တနင်္သာရီ မြို့နယ်တို့မှ ဖြစ်ကြောင်း ၎င်းက ပြောသည်။ […]