BREAKING
December 22, 2024

ထားဝယ်

သရက်ချောင်းတွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်၍ အရပ်သားတစ်ဦးဒဏ်ရာရ

Dawei Watch

December 4, 2024

သရက်ချောင်းမြို့နယ်၊ ဆင်ကူး‌ကျေးရွာအနီး‌ဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီး‌ဖြင့် ပစ်ခတ်သဖြင့် အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၂ ရက် ညနေ ၄နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဆင်ကူးရွာနှင့် သုံးဖာလုံခန့်ဝေးသည့်နေရာတွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ကျရောက်ပေါက်ကွဲစဉ် ဥယျာဉ်ခြံလုပ်ကိုင်နေသည့် ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။ “ပစ်နေတာ ခုနစ်ချက်လောက် ကြားလိုက်တယ်။ လက်နက်ကြီး (အစ) စင်ပြီး ထိခိုက်သွားတာပါ။ လက်‌မောင်းမှာ ထိသွားတယ် နည်းနည်းပဲ။ မစိုးရိမ်ရပါဘူး” ဟု ၎င်းက ပြောသည်။ သရက်ချောင်းမြို့တွင် စစ်ကောင်စီ၏ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ၄၀၃ နှင့် ၄၀၄ […]

ဝေဒီရွာသူ ညီအစ်မနှစ်ဦး ထားဝယ်မြို့သို့သွားစဉ် ဖမ်းဆီးခံရ

Dawei Watch

December 4, 2024

လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှ ထားဝယ်မြို့သို့ သွားရောက်ခဲ့သည့် ညီအစ်မနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာလ ၄ ရက်တွင် ‌အသက် ၂၀ ဝန်းကျင်အရွယ် မယုလှိုင်နှင်းနှင့် ၎င်း၏ ညီမဖြစ်သူတို့သည် ကိစ္စတစ်ခုဖြင့် ထားဝယ်မြို့သို့ ဆိုင်ကယ်ဖြင့်သွားပြီး မြို့ပေါ်တွင် ရှိနေစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း နီးစပ်သူတို့က ပြောသည်။ ထားဝယ်မြို့ မြောင်းပုလဲစာသင်ကျောင်းအနီးရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် ၎င်းတို့ညီအစ်မနှစ်ဦး ရှိနေချိန် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးကြောင်း နီးစပ်သူတို့က ဆိုသည်။ “ယုလှိုင်နှင်းကတော့ ရွာမှာပဲနေတယ်။ သူ့ညီမလေးကတော့ မလေးရှားကနေ ပြန်လာတာ မကြာသေးဘူး။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိဘူးရှင့်” ဟု ဝေဒီရွာသူတစ်ဦးက ပြောသည်။ လတ်တလောတွင် ၎င်းညီအစ်မနှစ်ဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးပေ။ စစ်ကောင်စီတပ်သည် Facebook ကဲ့သို့သော […]

အသုဘအတွက် ဈေးလာဝယ်သူ ထားဝယ်ကမ်းနားဈေးတွင် လုယက်ခံရ

Dawei Watch

December 4, 2024

ထားဝယ်မြို့ ကမ်းနားလမ်း ကမ်းနားဈေး၌ ယနေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ဈေးလာဝယ်သည့် အမျိုးသမီးတစ်ဦး လုယက်ခံရကြောင်း စုံစမ်းသိရှိရသည်။ အသုဘအတွက် နယ်ကျေးရွာမှ မြို့တက်‌ပြီး ဈေးလာဝယ်သည့် အဆိုပါအမျိုးသမီးသည် ကမ်းနားဈေးထဲတွင် ဟင်းသီး၊ ဟင်းရွက်ဝယ်ယူနေချိန် လုယက်ခံလိုက်ရခြင်းဖြစ်ကြောင်း ကမ်းနားဈေးသည်အချို့က ပြောဆိုသည်။ “ပိုက်ဆံတွေကို ကျန်ကျောင်း အိတ်လိုမျိုး ပလပ်စတစ်အိတ် အပြာရောင်နဲ့ထုပ်ပြီး ဟင်းရွက်ရွေးနေတုန်းမှာ အိတ်ကိုဓားနဲ့ခွဲပြီး လုသွားတာ” ဟု ကမ်းနားဈေးသည်တစ်ဦးက ပြောသည်။ အသုဘအတွက်ဈေးဝယ်မည့်ပိုက်ဆံ ကျပ်သိန်း ၃၀ ကျော်ပါသွားကြောင်း ဈေးသူဈေးသားတို့က ဆိုသည်။ ဈေးသည်အချို့ကမူ လုယက်သူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းပြောဆိုပြီး အချို့ကမူ တစ်ဦးတည်းမဟုတ်ဘဲ အုပ်စုလိုက်ဖြစ်ကြောင်း ပြောဆိုကြသည်။ မျက်မြင်တွေ့ရသူဟုဆိုသည့် ဈေးသူတစ်ဦး၏အဆိုအရ လုယက်သူများထဲတွင် အမျိုးသား သုံးဦး၊ အမျိုးသမီး […]

လောင်းလုံးတွင် ဘုန်းကြီးကျောင်းခေါင်မိုးပြင်စဉ် လက်သမားဆရာပြုတ်ကျပြီး အပြင်းအထန်ဒဏ်ရာရ

Dawei Watch

December 3, 2024

လောင်းလုံးမြို့နယ်၊ ကမြောကြီးရွာတွင် ဘုန်းကြီးကျောင်း ခေါင်မိုး ပြုပြင်စဉ် လက်သမားဆရာဖြစ်သူ ပြုတ်ကျပြီး အပြင်းအထန်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာလ ၂ ရက် ညနေ ၄နာရီခွဲတွင် ကမြောကြီးကျေးရွာရှိ ကမြောကျောင်းသစ် ဆွမ်းစားဆောင် ခေါင်မိုးပြုပြင်နေချိန် လက်သမားဆရာ ခြေချော်ပြီး ခေါင်မိုးပေါ်က ပြုတ်ကျခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ကျောင်းက နှစ်ထပ်၊ အပေါ်က ကျလာတာ။ ဖြစ်တာနဲ့ သတိမေ့နေတယ်လို့လည်း ပြောတယ်” ဟု ၎င်းက ပြောသည်။ လက်သမားဆရာမှာ လောင်းလုံးမြို့နယ် အင်းဝန်းရွာသား အသက် ၄၀ ကျော် အရွယ် ဦးထွန်းဝေ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဦးထွန်းဝေကို ယင်းနေ့ ညနေပိုင်းတွင် ထားဝယ်အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ရှေးဦးပြုစုကုသပေးပြီး ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအဖွဲ့က […]

ကံပေါက်တိုက်နယ်က ကျေးရွာအချို့တွင် စပါးပိုးကျခဲ့၍ အထွက်နည်း

Dawei Watch

December 3, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်အတွင်းရှိ ဖောင်းတောကျေးရွာအုပ်စုနှင့် သဘွတ်ချောင်းကျေးရွာအုပ်စုများတွင် ယခုနှစ်မိုးရာသီက စပါးပိုးကျရောက်ခဲ့မှုကြောင့် ရိတ်သိမ်းကာလတွင် အထွက်နည်းနေကြောင်း ဒေသခံလယ်သမားများထံကသိရသည် ။ ယခုနှစ် စပါးစိုက်ပျိုးပြီးချိန် ဇူလိုင်လခန့်ကစ၍ စပါးပိုးစကျခဲ့ပြီး ပိုးစကျခဲ့သည် လယ်ကွက်များ ပျက်စီးသွားပြီး စပါးခင်းအချို့ မရိတ်သိမ်းရဘဲ စွန့်ပစ်လိုက်ရကြောင်း ၎င်းတို့ကဆိုသည်။ သဘွတ်ချောင်းကျေးရွာအုပ်စုတွင်ရှိသည့် လယ်ကွက်များ၏ လေးပုံတစ်ပုံခန့် စပါးပိုးကျ၍ စွန့်ပစ်လိုက်ရသည်ဟု ယင်းအုပ်စုက လယ်သမားတစ်ဦးကပြောသည် ။ ဖောင်းတောကျေးရွာအုပ်စုတွင် ဓမင်းဆိပ်နှင့် ပိုက်တဲလေး ကျေးရွာနှစ်ခုမှအပ ကျန်ရွာ ၄ ရွာရှိ လယ်ကွင်းအများစု စပါးပိုးထိခဲ့သည်ဟု ဖောင်းတောအုပ်စုမှ လယ်သမားများထံကသိရသည်။ ယခုနှစ် ကံပေါက်တိုက်နယ်ရှိ ကျေးရွာအချို့တွင် ကျရောက်ခဲ့သည့် စပါးပိုးမှာ “ဖြုတ်ညိုပိုး” ဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင် နှင့်တိုင်ပင်၍ ပိုးမကျအောင် ကာကွယ်နိုင်ခဲ့သည့် ကောင်းမှုရွာက လယ်သမားတစ်ဦးက ပြောပြသည် […]

မောင်မယ်ရှောင်တွင် တိုက်ပွဲဖြစ်နေ၍ အိမ်ရှေ့ပြင်ဂိတ်ပိတ်

Dawei Watch

December 3, 2024

စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ် တို့အကြားတိုက်ပွဲဖြစ်နေ၍ မြို့အဝင်အထွက်ဂိတ်ဖြစ်သည့် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်‌ပိတ်ထားကြောင်း ခရီးသွားဒေသခံများကပြောသည်။ ထားဝယ်မြို့ နယ်၊ ထားဝယ် -ရေဖြူလမ်းပိုင်း မောင်မယ်ရှောင်ကျေးရွာ အနီးရှိ ဒေသအခေါ် ဟားလီး ကွေ့ တွင် စစ်‌ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့(ဒီဇင်ဘာ ၃) နံနက် ၆ နာရီ ခန့်ကစပြီး နံနက် ၇ ဝန်းကျင်အထိ ပစ်ခတ်မှုများဖြစ်နေကြောင်း မြို့ခံခရီးသွားများကပြောသည်။ မောင်မယ်ရှောင်ရွာထိပ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ မှစပြီး စစ်ကောင်စီတပ် က တပ်စွဲထားသည်။

ထားဝယ်တွင် ကန်စွန်းမျိုးစေ့ ဝယ်ရခက်

Dawei Watch

November 29, 2024

ထားဝယ်တွင် ယခုလဆန်းပိုင်းကစ၍ ကန်စွန်းမျိုးစေ့များ စျေးကွက်တွင် ပြတ်လပ်လာသဖြင့် ဝယ်ယူရ ခက်ခဲလာကြောင်း ဟင်းရွက်စိုက်တောင်သူများနှင့် စိုက်ပျိုးရေးအရောင်းဆိုင်များထံမှ သိရသည်။ “အခုလဆန်းကတည်းက ကန်စွန်းမျိုးစေ့ ဝယ်ရတော်တော်ခက်လာတယ်။ အခုနည်းနည်းတော့ ပြန်ရနေတယ်။ အရင်လို အများကြီးတော့ ဝယ်လို့မရသေးဘူး” ဟု ထားဝယ်မြို့နယ်မှ ဟင်းရွက်စိုက်တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။ ကီလိုအထုပ်ကြီးများဖြင့် ရောင်းချခြင်းမပြုတော့ဘဲ နို့ဆီဗူးတစ်ဗူးပမာဏ အထုပ်ငယ်များခွဲ၍ ရောင်းချနေကြောင်း ထားဝယ်မြို့က စိုက်ပျိုးရေးအရောင်းဆိုင်တစ်ဆိုင်မှာ အရောင်းတာဝန်ရှိသူက ဆိုသည်။ အခြားအပင်မျိုးစေ့များကို ပုံမှန်အတိုင်းရောင်းချပေးနေပြီး ကန်စွန်းမျိုးစေ့တစ်ခုတည်းသာ စျေးကွက်တွင် ပြတ်လပ် လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ထားဝယ်ဒေသအတွက် ကန်စွန်းမျိုးစေ့ကို ရန်ကုန်မှ တင်သွင်းခြင်းဖြစ်ပြီး ရန်ကုန်ရှိ မျိုးစေ့အရောင်းဆိုင်များထံမှ မှာယူရာတွင် အနည်းငယ်သာ မှာယူ၍ ရရှိတော့ကြောင်း အထက်ပါအရောင်းတာဝန်ရှိသူက ဆိုသည်။ “အရင်လို တစ်သောင်း(ကျပ်)တန် ကီလိုအိတ်နဲ့ မျိုးစေ့ထုတ်တွေ […]

ထားဝယ်တွင် အက်တမ်ဖုန်းလိုင်း ပြတ်နေသော်လည်း စစ်တပ်ပိုင် မိုင်တဲဆင်းကတ်မရောင်းရ

Dawei Watch

November 28, 2024

ထားဝယ်ခရိုင်တွင် အက်တမ်(ATOM) ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် MPT ဆင်းကတ်နှင့် အော်ရီဒူး ဆင်းကတ်များ ရောင်းအားတက်နေသော်လည်း မိုင်တဲ(Mytel) ဆင်းကတ်များ မရောင်းရကြောင်း ဖုန်းဆင်းကတ်ရောင်းချသူများကပြောသည်။ မိုင်တဲ (Mytel) ဆက်သွယ်ရေးကုမ္ပဏီမှာ အာဏာသိမ်းစစ်ကောင်စီတပ်ကို ဝင်ငွေရှာဖွေပေးနေသည့် စစ်တပ်ပိုင် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး လုံခြုံရေးစိတ်ချရမှုမရှိသဖြင့် ပြည်သူအများစုက သုံးစွဲလိုခြင်း မရှိကြပေ။ ယခင်က MPT ဆင်းကတ် ၁၀ ကဒ်ဝယ်ကို တစ်လနီးပါးရောင်းရသော်လည်း ယခု တစ်ရက်နှစ်ရက်အတွင်း ကုန်သွားကြောင်း ထားဝယ်မြို့ရှိ ဖုန်းဆင်းကတ် ရောင်းချသူ အမျိုးသမီးတစ်ဦးကပြောသည်။ “MPT ဆိုရင် ရောင်းရများတယ်။ ရောင်းမလောက်တော့ဘူး။ အခုကုန်သွားပြီ၊ နောက် ထပ်ရောင်းရတာက အော်ရီဒူး ရောင်းရတယ်။ မိုင်တဲကတော့ သိပ်မရောင်းရဘူး”ဟု ဖုန်းဆင်းကတ်ရောင်းသူအမျိုးသမီးကပြောသည်။ ဖုန်းဆင်းကတ်ရောင်းရသည့်အပြင် ဈေးနှုန်းများပါ မြင့်တက်လျက်ရှိကြောင်း ထားဝယ်နှင့် ရေဖြူမြို့နယ် […]