BREAKING
February 27, 2025

ထားဝယ်

သုံးရက်အတွင်း ယာဉ်ဥပဒေသစ်ဖြင့် အရေးယူခံရသည့် ဆိုင်ကယ်စီးသူ တစ်ရာကျော်

diz_admin

July 7, 2020

တနင်္သာရီတိုင်းတွင် သုံးရက်တာ ကာလအတွင်း မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူခံရသည့် ဆိုင်ကယ်စီးနင်းသူ တစ်ရာကျော်ရှိကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ ခွဲမှူးရုံး (တနင်္သာရီ)ထံမှ သိရသည်။ ထိုသို့ဖမ်းဆီးအရေးယူမှုများအနက် ဆိုင်ကယ်တွင် နောက်ကြည့်မှန်မတပ်သည့် အမှုက အများဆုံးဖြစ်ပြီး ၄၆ မှုအထိရှိခဲ့ပြီး ဦးထုပ်မဆောင်းသူ ၃၆ မှု ရှိသည်။ ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ ခရိုင်အလိုက် ဖမ်းဆီးခဲ့သည့် စာရင်း ဖြစ်သည်။ လက်ရှိတွင် အရည်အသွေးမီ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ နောက်ကြည့်မှန်မတပ်ခြင်းနှင့် လမ်းပြောင်းပြန်မောင်းနှင်မှုများကိုသာ ဦးစားပေးဖမ်းဆီးနေကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ) မှ ရဲမှူးမိုးကျော်က ဆိုသည်။ “ယာဉ်မတော်တဆမှုဖြစ်ရင် လူကို ထိခိုက်နိုင်မယ့်ကိစ္စတွေပေါ့နော်။ အဲလောက်ပဲ ဦးစားပေးဖမ်းတာပါ” ဟု ရဲမှူး […]

စားသုံးသူသမဂ္ဂဖွဲ့ရေး စိတ်ဝင်စားက ဆက်သွယ်ကြပါ

diz_admin

July 7, 2020

စားသုံးသူများကို အကာအကွယ်ပေးရာတွင် ကူညီလုပ်ဆောင်ရန် တိုင်းအဆင့် စားသုံးသူသမဂ္ဂဖွဲ့စည်းမည်ဖြစ်ပြီး စိတ်ဝင်စားများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်း က ပြောကြားသည်။ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများ ထိရောက်အောင်မြင်နိုင်ရန်အတွက် ယင်းသမဂ္ဂကို ဖွဲ့စည်းရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းတွေကို အရှိန်အဟုန် ကောင်းကောင်းနဲ့ အောင်မြင်အောင်လုပ်ဖို့ဆိုလို့ရှိရင် စားသုံးသူသမဂ္ဂလိုမျိုး NGO အဖွဲ့ပေါ့ အဲလိုမျိုး အသင်းအဖွဲ့တွေလည်း လိုတယ်” ဟု ဦးဝင်းထွန်းက ပြောသည်။ သမဂ္ဂကို စားသုံးသူရေးရာဦးစီးဌာန၏ လက်အောက်တွင် တည်ရှိမည်မဟုတ်ဘဲ သီးခြားလွတ်လပ်သည့် အဖွဲ့ အစည်းအဖြစ် ရပ်တည်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သမဂ္ဂဝင်အဖြစ်လုပ်ကိုင်ရန် စိတ်ဝင်စားပါက သက်ဆိုင်ရာ ခရိုင်အသီးသီးရှိ စားသုံးသူရေးရာဦးစီးဌာနများထံ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ သမဂ္ဂဖွဲ့စည်းချိန်တွင် […]

သတ္တုကုမ္ပဏီအယူခံအမှု ကရင်တိုင်းရင်းသား ထပ်အနိုင်ရ

diz_admin

July 6, 2020

ဟိန္ဒားသတ္တုတွင်း တူးခွင့်ရ မြန်မာ ပွန်ပီပက် (MPC) ကုမ္ပဏီ၏ အယူခံအမှုကို တနင်္သာရီတိုင်းတရားလွှတ်တော်က ဇွန်လ ၂၆ ရက်က အမိန့်ချမှတ်ခဲ့ရာ ကရင်တိုင်းရင်းသား စောဒါးရွှေက ထပ်မံအနိုင်ရခဲ့ကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။ မြန်မာပွန်ပီပက်ကုမ္ပဏီက သတ္တု စွန့်ပစ်ပစ္စည်းများကြောင့် ကွမ်းသီးပင်များ ပျက်စီးရခြင်းအတွက် လျော်ကြေးငွေရလိုကြောင်း စောဒါးရွှေက ၂၀၁၅ ခုနှစ်တွင် တရားစွဲဆိုခဲ့သည်။ ယင်းအမူတွင် မြန်မာပွန်ပီပက် ကုမ္ပဏီက စောဒါးရွှေအား လျော်ကြေးငွေ ကျပ်သိန်းတစ်ထောင်ကျော် (၁၁၄၈ သိန်း) ပေးရန် ထားဝယ်ခရိုင် တရားရုံးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အမိန့်ချမှတ်ခဲ့သည်။ ထားဝယ်ခရိုင်တရားရုံး၏ အမိန့်ကို မြန်မာပွန်ပီပက်ကုမ္ပဏီက တိုင်းတရားလွှတ်တော်ထံ အယူခံတင်သွင်းရာတွင် ကရင်တိုင်းရင်းသား စောဒါးရွှေက ထပ်မံအနိုင်ရသွားခြင်း ဖြစ်သည်။ “တရားလို စောဒါးရွှေရဲ့ နစ်နာဆုံးရှုံးမှုအပေါ်မှာ လျော်ကြေးငွေကျပ် […]

တိုင်းအစိုးရအဖွဲ့ရုံးကို ဒုတိယအကြိမ်လေးခွဖြင့် ပစ်သူ

diz_admin

July 6, 2020

တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးကို ဒုတိယအကြိမ်မြောက် လေးခွဖြင့်ပစ်သူ ကို ၁၅ ရက်အတွင်း တရားစွဲတင်မည်ဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှူးက ပြောသည်။ လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာနေ အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသားက ဇွန်လ ၂၇ ရက် ည ၁၀ နာရီခွဲခန့်တွင် တိုင်းအစိုးရအဖွဲ့၏ တိုးချဲ့အဆောင်ရှိ မှန်များကို လေးခွဖြင့် ပစ်ခတ် ခဲ့ခြင်းဖြစ်သည်။ လေးခွဖြင့် ပစ်ခတ်မှုကြောင့် တိုးချဲ့ အဆောင်ရှိ အလျား ၃ ပေခွဲ၊ အနံ ၁ ပေခွဲရှိသည့် မှန် ၄ ချပ်ကွဲသွားခဲ့ကြောင်း ရဲစခန်းထံမှ သိရသည်။ အဆိုပါ အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တိုင်းအစိုးရအဖွဲ့ရုံးမှ ဦးစီးအရာရှိတစ်ဦးက ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ – […]

ငါးရှဉ့်ထောင်သူတို့ကြောင့် စပါးဖျက်ရွှေခရု ပိုပြန့်ပွားနိုင်ကြောင်း စိုက်ပျိုးရေးဌာန သတိပေး

diz_admin

July 6, 2020

စပါးဖျက်ရွှေခရုပြန့်ပွားရသည့် အကြောင်းရင်းများအနက် ရွှေခရုကို အစာအဖြစ်အသုံးပြုပြီး ငါးရှဉ့်ထောင် ဖမ်းခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ တိုင်းတာဝန်ခံက သတိပေးပြောကြား သည်။ ထားဝယ်မြို့နယ်နှင့် လောင်းလုံး မြို့နယ်ရှိ ကျေးရွာအချို့တွင် ရွှေခရုကို အစာအဖြစ် အသုံးပြုပြီး ငါးရှဉ့်ထောင် ဖမ်းနေသူတွေရှိကြောင်း လယ်သမားအချို့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က ပြောသည်။ ရွှေခရုနှင့်ပတ်သက်ပြီး အတွေ့ အကြုံမရှိသေးသည့် လယ်သမားအချို့ကမူ ငါးရှဉ့်ထောင်ဖမ်းသူတို့ကြောင့် ရွှေခရု ပိုပြန့်ပွားနိုင်ကြောင်းနှင့် ခရု စပါးဖျက်ဆီးပုံအကြောင်းကို သေသေချာချာ မသိကြပေ။ ယင်းသို့ ငါးရှဉ့်ထောင်ဖမ်းသူတို့ကြောင့် ကန်သင်းရိုးများ ပျက်စီးခြင်း၊ စပါးခင်းများ အပျက်အစီးရှိခြင်းကိုသာ အတွေ့အကြုံမရှိသေးသည့် လယ်သမားအချို့က ပြောဆိုနေကြသည်။ အတွေ့အကြုံရှိပြီးသော ကျေးရွာအချို့တွင်မူ လယ်ကွက်များအတွင်း ငါးရှဉ့် ဖမ်းခြင်းကို တားမြစ်နေကြသည်။ တိုင်းအတွင်း လယ်ကွက်များအတွင်း ရွှေခရုစတင်ကျရောက်လာသည်မှာ ၂၀၁၇ […]

မှုခင်းတပ်ဖွဲ့စုမှူးရုံးက လျှောက်ထားသည့် မြေနေရာကို လယ်သမားက ကန့်ကွက်

diz_admin

July 6, 2020

ထားဝယ်မြို့ ဆန်းချီတိုးချဲ့ကွက်သစ်တွင် ဆေးဝါးကွပ်ကဲရေးရုံးအနီးရှိ မြေနေရာအား တနင်္သာရီတိုင်း အမှတ်(၈) မှုခင်းတပ်ဖွဲ့စုမှူးရုံးထံ လွှဲပြောင်းပေးရန် လျှောက်ထားလာသည့်ကိစ္စကို လယ်သမားတစ်ဦးက ဇွန်လ ၂၆ ရက်တွင် ကန့်ကွက်စာ ပေးပို့လိုက်ကြောင်း သိရသည်။ အမှတ်(၈) မှုခင်းတပ်ဖွဲ့စုမှူးရုံးက လျှောက်ထားသည့်မြေနေရာ ဝ.၂၂ ဧက တွင် ဦးပိုင်အမှတ် လေးခုရှိနေကြောင်း ကန့်ကွက်လွှာခေါ်ယူထားသည်စာတွင် ဖော်ပြထားသည်။ အဆိုပါ ဦးပိုင်အမှတ်လေးခုအနက် သုံးခုမှာ အခြားသူတစ်ဦးပိုင်ဆိုင်သည့် မြေနေရာဖြစ်ပြီး အစားထိုးမြေနေရာ ယူထားဖြစ်ပြီးဖြစ်ကြောင်း ကန့်ကွက်ထားသူ၏ သမီးဖြစ်သူက ပြောသည်။ ကျန်တစ်ကွက်မှာ လျော်ကြေးမရသေးဘဲ ထားဝယ်မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနက စစ်ဆေးနေဆဲဖြစ်ပြီး တောင်သူများနှင့် သဘောတူညီမှု မရသေးသည့် မြေနေရာဖြစ်ခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ လုပ်ထုံးလုပ်နည်းအရ ကန့်ကွက်သူ ရှိက အဆိုပါကန့်ကွက်လွှာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက […]

လောင်းလုံးနှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်သူ မမိသေး

diz_admin

July 6, 2020

လောင်းလုံးမြို့နယ်အတွင်း ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုကျူးလွန်သူကို မမိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သဗြေရှောင်ကျေးရွာရှိ နေအိမ်အောက်ထပ်တွင် အသက် ၈၆ နှစ်အရွယ် အမျိုးသမီကြီးတစ်ဦးနှင့် နေအိမ်အပေါ် ထပ် ဘုရားခန်းတွင် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို သတ်ဖြတ်သွားခြင်း ဖြစ်သည်။ လက်ရှိတွင် တရားခံဖော်ထုတ်နိုင်ရေး လုပ်ဆောင်နေဆဲဖြစ်ပြီး ဖမ်းမိရန် နီးစပ်နေပြီဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။ ပြင်ပတွင်မူ လူသတ်တရားခံကို ဖမ်းမိပြီဖြစ်ကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသည်။ “လက်ရှိကတော့ သတင်းအစအန ဆွဲထုတ်နေတုန်းပေါ့နော်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ လောင်းလုံးတွင် ရည်းစားစကားပြောရာမှ ဓားဖြင့်ခုတ် ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် အမှုစစ်အဖွဲ့ဖွဲ့ကာ အလေးအနက်ထား လုပ်ဆောင်နေပြီး အချက်အလက်အချို့ ရရှိထားပြီးဖြစ်သည်ဟု […]

တိုင်းအတွင်း သစ်တောသယံဇာတ စာရင်းကောက်ယူ

diz_admin

July 6, 2020

သစ်တောသယံဇာတ အရင်းအမြစ်များ၏ ပကတိအခြေနေမှန်ကို သိရှိကာ လိုအပ်သည့် စီမံကိန်းများ ဆောင်ရွက်နိုင်ရန် တိုင်းအတွင်းရှိ သစ်တောသယံဇာတ စာရင်းကို ကောက်ယူခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ သစ်တောပြုန်းတီးမှုနှင့် သစ်တော အတန်းအစားကျဆင်းမှုကြောင့် လေထုအတွင်း ကာဗွန်ထုတ်လုပ်မှုလျော့ချရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ အစီအစဉ်ဖြင့် ဖင်လန်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှု၊ UNREDD Project၊ FAO ၏ နည်းပညာအကူအညီဖြင့် သစ်တောဦးစီးဌာနတို့ ပူပေါင်းကာ စာရင်းကောက်ယူခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြား ရေးမှူး ဦးမြင့်သိန်းထွန်းက ပြောသည်။ “သူတို့ ကျွန်တော်တို့နဲ့ လာပြီးပူးပေါင်း ပြီးလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ထာဝစဉ်တည်တံ့ခိုင်မြဲသော သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းကို အထောက်အပံ့ဖြစ်ဖို့ လုပ်ကြတာပေါ့” ဟု ဦးမြင့်သိန်းထွန်းက ဆိုသည်။ သစ်တောစာရင်းကောက်ယူရာတွင် စံနမူနာကွက်များရေးဆွဲ၍ သစ်တော နယ်မြေအတွင်းရှိ သစ်ပင်များ၊ […]