BREAKING
February 27, 2025

ထားဝယ်

ထားဝယ်မြို့အတွင်း အိမ်လူနာများ ဆေးရုံတင်လိုက ကြက်ခြေနီထံ ဖုန်းဆက်ပါ

diz_admin

July 13, 2020

ထားဝယ်မြို့အတွင်းရှိ အိမ်လူနာများ ဆေးရုံတင်ရန် လူနာတင်ကားလိုအပ်ပါက ဖုန်းဆက်အကူအညီတောင်းခံနိုင်ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ထံမှ သိရသည်။ အစိုးရဆေးရုံအပါအဝင် ပုဂ္ဂလိကဆေးရုံများသို့ တင်ဆောင်ရန်အတွက် ၂၄ နာရီပတ်လုံး ကြက်ခြေနီလူနာတင်ကား အကူအညီတောင်းနိုင်ကြောင်း ထားဝယ် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်က ဆိုသည်။ အိမ်လူနာကို ဆေးရုံသို့ပို့ပေးမည့် အစီအစဉ်ကို ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ထံမှ သိရသည်။ “ဖုန်းဆက်ပြီး ခေါ်လိုက်ရုံပဲ။ အားလုံး အခမဲ့။ တစ်ပြားလည်း ပေးစရာ မလိုဘူး” ဟု ဦးကိုကိုနိုင်က ပြောသည်။ ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်အသင်းကလည်း အရေးပေါ်လူနာများကို အခမဲ့သယ်ယူပို့ဆောင်ပေးနေသည်။ ကြက်ခြေနီတပ်ဖွဲ့မှ လူနာတင်ယာဉ်ကမူ မတော်တဆမှုဖြစ်သည့် အရေးပေါ် လူနာများကို သယ်ဆောင်မည်မဟုတ်ဘဲ အိမ်လူနာကိုသာ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။ […]

NLD အစိုးရလက်ထက် ခရီးသွားလုပ်ငန်းအတွက် ကျွန်းနှစ်ခု ခွင့်ပြု

diz_admin

July 13, 2020

NLD အစိုးရစတင်တာဝန်ယူချိန်မှ လက်ရှိအချိန်ထိ တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းနှစ်ခုကို ခရီးသွားလုပ်ငန်းအတွက် တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (BOT) စနစ်ဖြင့် ခွင့်ပြုခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။ ကော့သောင်းခရိုင်အတွင်းရှိ ငထွေးရူး ကျွန်းနှင့် ကျွန်းမဲကြီးတို့တွင် ခရီးသွားလုပ်ငန်းလုပ်ရန် ကုမ္ပဏီနှစ်ခုကို ခွင့်ပြုထားကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။ ယင်းကျွန်းများကို ၂၀၁၉ ခုနှစ် မတိုင်မီက နှစ် ၅၀ လုပ်ကိုင်ခွင့်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၎င်းက ပြောသည်။ ယခင်အစိုးရလက်ထက်ကလည်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ ကျွန်း ပေါင်း ၁၀ ကျွန်းကို BOT စနစ်ဖြင့် လုပ်ခွင့်ပြုထားကြောင်း အထက်ပါ ဝန်ကြီးဌာနထံမှ သိရသည်။ လက်ရှိတွင်လည်း ကျွန်း ၁၂ […]

တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူး ပြောင်းလဲ

diz_admin

July 13, 2020

တနင်္သာရီတိုင်း၏ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအတွက် အရေးပါသော ထိပ်တန်းနေရာ တစ်ခုဖြစ်သည့် ရဲတပ်ဖွဲ့မှူးနေရာကို အပြောင်းအလဲပြု လုပ်လိုက်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးသည် ရဲမှူးချုပ်အဖြစ် ရာထူးတိုးကာ ရဲလေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းင်းက ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ပြောင်းရွေ့တာဝန်ထမ်းဆောင် မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးအဖြစ် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်က ပြောင်းရွှေ့လာမည်ဟု ဆိုသည်။ “(အသစ်) တိုင်းရဲမှူးကြီးလည်း တနင်္လာနေ့ အရောက်လာမယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ရဲမှူးကြီးခင်မောင်အေးသည့် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးအဖြစ် စတင်တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂ နှစ်နီးပါးအကြာတွင် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

ကျေးရွာ ၁၁ ရွာတွင် စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု သင်တန်းပေးမည်

diz_admin

July 7, 2020

တိုင်းအတွင်းရှိ ကျေးရွာ ၁၁ ရွာတွင် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းထုတ်လုပ်မှုသင်တန်းပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ကာလတွင် ဒေသခံပြည်သူများ၏ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အနည်းနှင့်အများ ထိခိုက်မှုများရှိခဲ့သဖြင့် ယင်းကို ပြန်လည်ကုစားနိုင်ရန်အတွက် သင်တန်းများ ထပ်မံဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးကိုကိုသက်က ပြောသည်။ “အဓိကတော့ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင်ပေါ့” ဟု ဦးကိုကိုသက်က ဆို သည်။ စားသောက်ကုန်သင်တန်းတွင် သစ်သီးယိုထိုးနည်းများ၊ သစ်သီး ဖျော်ရည်လုပ်နည်း၊ ကိတ်လုပ်နည်း အမျိုးမျိုး၊ ဂျယ်လီလုပ်နည်း၊ တာရှည်ခံဆေး အသုံးပြုနည်း၊ အလှကုန်သင်တန်းတွင် ဆပ်ပြာလုပ်နည်း၊ ခေါင်းလျှော် ရည်လုပ်နည်း၊ အသားလှဆီလုပ်နည်း စသည်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဦးကိုကိုသက်က ပြောသည်။ သင်တန်းကို ဇူလိုင် ၁၅ […]

ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း စာရင်းကောက်

diz_admin

July 7, 2020

တည်ထောင်ဖွင့်လှစ်ခွင့် မှတ်ပုံတင်ဖြင့် ဖွင့်လှစ်ထားသည့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ၏ စာရင်းကောက်ယူကာ အခြေခံပညာဦးစီးဌာနသို့ ပေးပို့ရန် ဇွန်လ ၂၉ ရက်နေ့က ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ “အရင်တုန်းက ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းကိစ္စကို ရုံးချုပ်ကနေ တစ်ခါမှ မေးတယ်ဆိုတာ မရှိဘူး။ ဖွင့်လှစ်ခွင့်ပြုဖို့လား ဘာလားဆိုတာတော့ မပြောတတ်ဘူး။ စာရင်းတွေတော့ တောင်းထားတယ်” ဟု အထက်ပါဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပြောသည်။ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၊ ဘကကျောင်း များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဇူလိုင် ၂၁ ရက်မှ စတင်၍ အထက်တန်းအဆင့်ကို ဖွင့်လှစ်ခွင့်ပြုထားသော်လည်း ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းနှင့် ကျူရှင်များကို တရားဝင်ဖွင့်လှစ်ခွင့် ပြုထားခြင်း မရှိသေးကြောင်း ဦးအောင်စိုးက ဆိုသည်။ ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် […]

ရေဖြူဒေသခံနှင့် စစ်တပ်တို့အကြားက မြေယာပြဿနာကိစ္စ တိုင်းအစိုးရထံ တင်ပြ

diz_admin

July 7, 2020

ဇွန်လနောက်ဆုံးအပတ်က ရေဖြူမြို့နယ် မီချောင်းလှောင်ရွာဟောင်းနေ ဒေသခံအချို့နှင့် စစ်တပ်တို့အကြား ဖြစ်ပွားခဲ့သည့် မြေယာပြဿနာကိစ္စကို တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက လက်မှတ်ထိုးပြီး တိုင်းအစိုးရထံ ဇူလိုင်လ ၃ ရက်က စာပို့တင်ပြထား သည်။ မိချောင်းလှောင်ရွာဟောင်းအနီးရှိ ဒေသခံအချို့စိုက်ပျိုးထားသည့် မြေနေရာသည် စစ်တပ်ပိုင်မြေဖြစ်သည်ဟု ဆိုကာ ယင်းနေရာတွင် စိုက်ပျိုးလုပ်ကိုင်၊ နေထိုင်သည့် တဲငါးလုံးကို မီးရှို့ခြင်း၊ အပင်အချို့ကို ခုတ်လှဲခြင်းတို့ကို အမှတ် ၃၀၇ အမြောက်တပ်ရင်းနှင့် အမှတ် ၂၈၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့က ပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းပြဿနာဖြစ်ပွားပြီးနောက် ဇွန်လ ၃၀ ရက်တွင် ထိုနေရာအား ကွင်းဆင်းပြီး Google Map ဖြင့် တိုင်းတာခဲ့ရာ မြေဧရိယာ တစ်ထောင်ကျော်ရှိနေကြောင်း ဦးကြည်စိုးက ပြောသည်။ တိုင်းအစိုးရထံ တင်ပြထားသောစာအရ […]

ကျောင်းဖွင့်အမီ ကိုဗစ်စည်းကမ်းချက်များနှင့် ညီ၊ မညီ စစ်ဆေးမည်

diz_admin

July 7, 2020

အခြေခံကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျန်းမာရေးနှင့် အားကစားဌာနက ညွှန်ကြားချက်များအတိုင်း ပြင်ဆင်ထား ခြင်းရှိ၊ မရှိကို တိုင်း၊ ခရိုင်၊ မြို့နယ်ပညာ ရေးမှူးရုံးတို့က ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။ စာသင်ခန်းများကို အများဆုံး ကျောင်းသားဦးရေ ၂၀ ဦးအတွက် ပြင်ဆင်ခြင်း၊ လက်ဆေးစင်၊ ရေရရှိမှု၊ ဆရာ၊ ဆရာမ အင်အား အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ “ဇူလိုင်လ ၁၀ ရက်နောက်ပိုင်း လောက်ကျရင်တော့ ခရိုင်၊ မြို့နယ်၊ တိုင်းအားလုံလေ ဆင်းစစ်ပြီးတော့ ကြီးကြပ်ပေးမယ်ပေါ့။ လိုအပ်ချက်က ဘာတွေရှိမလဲဆိုတာ ကြည့်မယ်ပေါ့” ဟု ၎င်းက ပြောသည်။ ကျောင်းသားများကို ခြောက်ပေခွာပြီး စာသင်ကြားရမည်ဖြစ်သောကြောင့်၊ ဆရာအင်အားလိုအပ်ချက်နှင့် စာသင်ခန်း လိုအပ်ချက်က အဓိက အခက်အခဲဖြစ်နေကြောင်း […]

တနင်္သာရီတိုင်း ရပ်ရွာအခြေပြုအပန်းဖြေစခန်းများဥပဒေ ယခုလွှတ်တော်သက်တမ်းအတွင်း ပြဋ္ဌာန်းမည်

diz_admin

July 7, 2020

တနင်္သာရီတိုင်း အပန်းဖြေစခန်း များဥပဒေတစ်ခုကို ယခုလွှတ်တော် သက်တမ်းအတွင်း ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ တိုင်းအတွင်း အပန်းဖြေစခန်း လုပ်နေသူများ၊ ခရီးသွားအေဂျင်စီများ၊ ဧည့်လမ်းညွှန်များနှင့် ဆွေးနွေးညှိနှိုင်းပြီးပါက တနင်္သာရီတိုင်း ရပ်ရွာအခြေပြု အပန်းဖြေစခန်းများဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း ဦးခင်မောင်အေးက ပြောသည်။ “ဥပဒေနဲ့ ပတ်သက်ပြီးတော့ တို့လက်ထက်မှာ နောက်ဆုံး ဥပဒေလို့ ဆိုလို့ရတဲ့ ဥပဒေနှစ်ခု ရှိတယ်။ စည်ပင် သာယာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ တစ်ခုရှိမယ်။ နောက်တစ်ခုက အပန်းဖြေ စခန်းများဆိုင်ရာ ဥပဒေတစ်ခု ရှိမယ်” ဟု ဦးခင်မောင်အေးက ပြောသည်။ ယင်းဥပဒေမူကြမ်းကို ၂၀၁၈ ခုနှစ် ကတည်းက ရေးဆွဲထားခြင်းဖြစ်ပြီး ကြားထဲတွင် တိုင်းအစိုးရက ပေးပို့လာသော အခြားဥပဒေများကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေရသဖြင့် ကြန့်ကြာနေခြင်းဖြစ်ကြောင်း […]