ဘူးထောင့်ကမ်းခြေတွင် သေနတ်ကိုင်ခြိမ်းခြောက်မှု ထပ်ဖြစ်
diz_admin
July 13, 2020လောင်းလုံးမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းရှိ ဘူးထောင့်ကမ်းခြေတွင် သစ်ခိုးထုတ်သူများက ဒေသခံရေလုပ်သားများကို တူမီးသေနတ်ကိုင်ပြီး ထပ်မံခြိမ်းခြောက်လာကြောင်း ရေလုပ်သား အချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း သစ်ခိုးထုတ်သူများက ယင်းကဲ့သို့ ခြိမ်းခြောက်မှုရှိခဲ့သည့်အတွက် ရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းခြင်း၊ သက်ဆိုင်ရာ သစ်တောဝန်ထမ်းများကို နေရာပြောင်း ရွှေ့ခြင်းစသည့် အရေးယူလုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်ခဲ့ပြီးနောက် သစ်ခိုးထုတ်မှုများ၊ သေနတ်ကိုင် ခြိမ်းခြောက်မှုများ မရှိတော့ကြောင်း ဒေသခံ ရေလုပ်သားအချို့က ပြောသည်။ သို့ရာတွင် သစ်ခိုးထုတ်မှု သေနတ်ကိုင်ဆောင် ခြိမ်းခြောက်မှုများက နှစ်အနည်း ငယ်သာ ငြိမ်သက်သွားခဲ့ရာမှ ယခုအခါ ယင်းအခြေအနေများ ပြန်ဖြစ်လာသည်ဟု ၎င်းတို့က ပြောဆိုကြသည်။ အနီးအနားကျေးရွာနေသူက ယင်းနေရာတွင် ကွမ်းပင်စိုက်ပျိုးသည်ဟု အကြောင်းပြကာ အနီးတစ်ဝိုက်ရှိသစ်ပင်များကို သစ်ဖြတ်စက်ဖြင့် ခုတ်လှဲ၍ လှေဖြင့်ခိုးထုတ်နေကြောင်း ဘူးထောင့် ကမ်းခြေနေ […]