ရာသီဥတုနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်ဖြင့် စပါးစိုက်ပျိုးရန်နှိုးဆော်
diz_admin
June 15, 2020မုတ်သုန်ဝင်ရောက်မှုနောက်ကျပြီး မိုးရွာသွန်းမှုလျော့နည်းနိုင်သည့်အတွက် ရာသီဥတုနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်ဖြင့် စပါးစိုက်ပျိုးကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တောင်သူလယ်သမားများသို့ အကြံပြု နှိုးဆော်ထားသည်။ ယခုနှစ်တွင် မုတ်သုန်ဝင်ရောက်မှုနောက်ကျပြီး မိုးရွာသွန်းမှု လျော့နည်းနိုင်သဖြင့် စိုက်ပျိုးရေးရေရရှိမှုနည်းပါးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းထားသည်။ယင်းကြောင့် ရာသီဥတုပြောင်းလဲမှု အခြေအနေများပေါ်မူတည်ကာ တုန့်ပြန်ဆောင်ရွက်နိုင်မည့် စိုက်ပျိုးရေးနည်းလမ်းများကိုအသုံးပြုကာ ပြောင်းလဲစိုက်ပျိုးကြရန် နှိုးဆော်ထားသည်။ ရေလိုအပ်ချက်နည်း၍ ဒေသနှင့် ကိုက်ညီသည့် ဈေးကွက်ဝင်သက်တမ်းတို စပါးမျိုး၊ ရေငတ်ဒဏ်ခံနိုင်သည့် စပါးမျိုးများကို စိုက်ပျိုးကြရန် တိုက်ထွန်းထားသည်။ ထို့အပြင် ရေလိုအပ်ချက်နည်းသည့် စိုက်ပျိုးနည်းစနစ်များဖြစ်သည့် သက်နု ကောက်ကွက်ကြဲစနစ်၊ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းစနစ်(အခြောက်/အစို)၊ Drum Seeder ဖြင့်စိုက်ပျိုးခြင်း၊ ကြဲခင်း စနစ်များကို လုပ်သားလိုအပ်ချက်အပေါ် မူတည်၍ ရွေးချယ်အသုံးပြုရန် ထုတ်ပြန်တိုက်ထွန်းထားသည်။ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူကမူ တနင်္သာရီတိုင်းသည် အခြားတိုင်းနှင့်ပြည်နယ်များနှင့်မတူဘဲ မိုးရေချိန်များသည့် […]