ပဲ့စင်ကျွန်းကိစ္စ လျှို့ဝှက်စရာကိစ္စမဟုတ်ဟု တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ပြော
diz_admin
July 20, 2020ပဲ့စင်ကျွန်းလျှောက်ထားမှုနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ကပေးခဲ့သည့် သဘောထားမှတ်ချက်မှာ လျှို့ဝှက်စရာကိစ္စမဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောကြားသည်။ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စအတွက် ကျိုးပေါက်စေမည့်ကိစ္စမှလွဲ၍ ပြည်သူများသိသင့်သိထိုက်သည့် အခြားကိစ္စမှန်သမျှကို လျှို့ဝှက်စရာအကြောင်းမရှိကြောင်း ၎င်းက ဆိုသည်။ လောင်းလုံးမြို့နယ်အတွင်း ဧက ၁၄၀ ရှိ ပဲ့စင်ကျွန်းကို ရန်ကုန်မြို့အခြေစိုက် Excellent Fortune Development Group ကုမ္ပဏီက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် လျှောက်ထားခဲ့သည်။ အဆိုပါကျွန်းပေါ်တွင် နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်းများ၊ အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများ ရပ်နားနိုင်သည့် ဆိပ်ကမ်း၊ ရေပေါ် ရေအောက် ကစားကွင်းများနှင့် အိမ်ရာစီမံကိန်းလုပ်ရန်အတွက် အထက်ပါကုမ္ပဏီက ဗဟိုမြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီထံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့လျှောက်ထားမှုအပေါ် တိုင်းဒေသကြီးအစိုးရက ဗဟိုမြေလွတ်၊ မြေလပ် ကော်မတီထံ […]