ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် အစိုးရအဖွဲ့ဝင်ဟောင်းအများစု ပြန်ပါ
diz_admin
August 4, 2020မဲဆန္ဒနယ်တစ်ဝက် အနိုင်ရရန် မျှော်မှန်းထားဟုဆို လာမည့်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ဝန်ကြီးဟောင်း ခုနစ်ဦးအထိ ပြန်ပါလာသည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးမြတ်ကိုအပါအဝင် ဝန်ကြီးဟောင်း ခုနစ်ဦးအထိ ပြန်ပါဝင်လာခြင်းဖြစ်သည်။ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းဆွေနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကျော်ဆန်းမှလွဲ၍ ကျန်သည့်ဝန်ကြီးအားလုံးပြန်ပါကြောင်း ကြံ့ခိုင်ရေးပါတီ၊ တနင်္သာရီတိုင်းဥက္ကဋ္ဌ ဦးသန်းအောင်က ဆိုသည်။ အစိုးရအဖွဲ့ဝင်ဟောင်းများအပြင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့လည်း ပြန်ပါဝင်လာသည်။ လာမည့်ရွေးကောက်ပွဲ အခင်းအကျင်းမှာ အရေးကြီးသည့်အတွက် အတွေ့အကြုံရှိပြီးဖြစ်သည့် လူဟောင်းများကို ပြန်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဦးသန်းအောင်က ဆိုသည်။ ဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုသည် တိုင်းလွှတ်တော်အတွက် ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်အရွေးခံမည်ဖြစ်ပြီး NLDပါတီမှ ဒေါ်မိုးမိုးသူနှင့် အဓိကယှဉ်ပြိုင်ရဖွယ် ရှိသည်။ လူဟောင်းအများစုဖြင့် […]