ထီးခီးလမ်းအဆင့်မြှင့်တင်ရေး လမ်းဒီဇိုင်းစစ်ဆေးမှု ပြီးစီးလုနီးဟုဆို
diz_admin
August 10, 2020ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံကိုဆက်သွယ်ထားသည့် ထီးခီးလမ်းအား အဆင့်မြှင့်တင်ရေးအတွက် လမ်းဒီဇိုင်းစစ်ဆေးမှုမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်ဇော်ဝင်းက ပြောကြားသည်။ ထီးခီးလမ်းအဆင့်မြှင့်တင်မည့် လုပ်ငန်းနှင့် ပတ်သက်၍ လမ်းဒီဇိုင်း အပါအဝင် အပြီးသတ်အစီရင်ခံစာကို ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံ NEDA (အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) က ဆောက်လုပ်ရေးဝန်ကြီးဌာနထံ တင်ပြထားသည်။ ထားဝယ်စီမံကိန်းကို အီတာလျံ-ထိုင်းအသက်ပြန်သွင်း၊ အဆင့်ငါးဆင့်ဖြင့် အကောင်အထည်ဖော်မည် လက်ရှိတွင် အဆိုပါ လမ်းဒီဇိုင်းကို စစ်ဆေးသည့်ကိစ္စက ကိုးဆယ်ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီဖြစ်ကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။ “ကျွန်တော်တို့က ဖိုင်နယ်(နောက်ဆုံး) ညှိနေတဲ့ အနေအထားပေါ့။ တော်တော် ခရီးပေါက်နေပါပြီ” ဟု ဦးသက်ဇော်ဝင်း က ပြောသည်။ စစ်ဆေးပြီး ထွက်ရှိလာမည့် လမ်းဒီဇိုင်းအပေါ်မူတည်ကာ ချေးယူမည့် […]