BREAKING
February 28, 2025

ထားဝယ်

သုံးဘီးဆိုင်ကယ်များ လူမတင်ရန် ကန့်သတ်ထားမှု အချို့ကို ပြန်လည် ဖြေလျှော့

diz_admin

August 17, 2020

သုံးဘီးဆိုင်ကယ်များကို ခရီးသည် တင်ဆောင်ခွင့်မပြုတော့ဘဲ ကုန်ပစ္စည်း သီးသန့်တင်ရန် သတ်မှတ်လိုက်သည့် အပေါ် ပြန်လည်ဖြေလျှော့လိုက်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ပြောကြားသည်။ သက်တမ်းလာတိုးသည့် သုံးဘီးဆိုင်ကယ်အားလုံးကို လူတင်ဆောင်ခွင့်မရှိဘဲ ကုန်ပစ္စည်းသာ တင်ဆောင်နိုင်သည့် (က) လုပ်ငန်းလိုင်စင်အမျိုးအစားကို ထုတ်ပေးရန် ပြီးခဲ့သည့်ရက် သတ္တပတ်က ညွှန်ကြားထားသည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် လက်ရှိတွင် ယင်းကန့်သတ်ချက်ကို ဖြေလျှော့သည့်အနေဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မတိုင်မီက မှတ်ပုံ တင်ထားသည့် သုံးဘီးဆိုင်ကယ်များကို လူတင်ဆောင်နိုင်သည့် စီးလုံးငှားလုပ်ငန်း လိုင်စင် (ဂ) လိုင်စင်ကို ပြန်လည်ထုတ် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မတိုင်မီ မှတ်ပုံတင်ထားသည့် သုံးဘီးဆိုင်ကယ်များကို […]

နယ်စပ်ခိုးဝင်သူနှင့် KTV ခိုးဖွင့်သူတို့ကို အစိုးရ တင်း

diz_admin

August 17, 2020

တနင်္သာရီတိုင်းအတွင်းသို့ တရား မဝင်နယ်စပ်ဝင်ပေါက်များမှ ခိုးဝင်လာသူများနှင့် KTV ခိုးဖွင့်သူများကို သက်ဆိုင်ရာ ဥပဒေနှစ်ခုစီဖြင့် အရေးယူရန် တိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ပြီ။ ယင်းကဲ့သို့ ဥပဒေနှစ်ခုစီဖြင့် အရေးယူရန် သြဂုတ်လ ၁၄ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ဆိုသည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် ထိုင်းနိုင်ငံမှ တနင်္သာရီတိုင်းအတွင်းသို့ ဝင်ရောက်ရန် တရားဝင်နယ်စပ်ဂိတ် လေးခုဖွင့်ထားသော်လည်း လက်ရှိ တွင် တရားမဝင်အပေါက်များမှ ခိုးဝင်နေကြသလို ကိုဗစ်ကပ်ဘေးကာလအတွင်း KTV ဆိုင်များပိတ်ထားရန် မတ်လအတွင်း အစိုးရကညွှန်ကြားထားသော်လည်း ထားဝယ်မြို့ပေါ်ရှိ KTV ဆိုင်ကြီးအချို့မှာ သြဂုတ်လ ၁၃ ရက်ညအထိ ဖွင့်ထားဆဲဖြစ်သည်ကို ကိုယ်တိုင်သွားခဲ့သူများထံမှ သိရသည်။ ထိုကြောင့် သြဂုတ်လ ၁၄ […]

မှတ်ပုံတင်တွင် ထားဝယ်လူမျိုးဟု တပ်ခွင့်ရတော့မည်လော

diz_admin

August 17, 2020

နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)တွင် လူမျိုးအမည်နေရာ၌ ထားဝယ်ဟု ထည့်သွင်းနိုင်ပြီဖြစ်ကြောင်း ကျယ်ကျယ် ပြန့်ပြန့် သတင်းထွက်ပေါ်နေသည်။ လူမျိုးနေရာတွင် ထားဝယ်ဟု မိမိ ဆန္ဒအလျောက် ပြင်ဆင်လိုပါက သက်ဆိုင်ရာမြို့နယ် လဝကဌာနတွင် လျှောက်ထားနိုင်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လဝက) တာဝန်ရှိသူက ပြောကြောင်း ထားဝယ်တိုင်းရင်းသားများပါတီမှ ကိုယ်စားလှယ် လောင်းတစ်ဦးဖြစ်သူ ဦးကိုလေးလွင်က သူ၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် ယင်းကို ထပ်ဆင့်မျှဝေသူများစွာ ရှိခဲ့ပြီး ဒေသခံများအကြား ပြောဆိုဆွေးနွေးမှုများ မြင့်တက်လာခဲ့သည်။ ထားဝယ်ခရိုင်အတွင်းရှိ မဲဆန္ဒနယ်များအတွက် အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအား စိစစ်ရာတွင် လဝကဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြောဆိုခဲ့သည်ဟု ကိုယ်စားလှယ်လောင်း အချို့က ဆိုသည်။ ဖုန်းအပေါင်ထားပြီး ငွေချေးနိုင် “ထားဝယ်ဖြစ်အောင်ဆိုရင် မှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေ ယူပြီး ထားဝယ်လူမျိုးစုစည်းမှု ကော်မတီမှာ […]

၂၀၂၀ ရွေးကောက်ပွဲ တနင်္သာရီတိုင်းအတွက် ထူးခြားချက်များ

diz_admin

August 11, 2020

တနင်္သာရီတိုင်းတွင် ဝင်ပြိုင်ကြမည့် ပါတီအသီးသီးက ကိုယ်စားလှယ်များ စာရင်း ထွက်ပေါ်လာလေပြီ။ ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများ၏ တင်သွင်းထားမှုအရ လာမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ် လောင်းဦးရေသည် ပြီးခဲ့သည့်ငါးနှစ်ကထက် တစ်ရာဝန်းကျင် တိုးလာသည်ကို တွေ့ ရှိရသည်။ တိုင်းအတွင်း မဲစာရင်းအချက်အလက်မှားယွင်းသူ နှစ်သောင်းကျော်၊ ဝန်ကြီးချုပ် မဲစာရင်းမပါ ယင်းအချက်မှာ ပြိုင်ဆိုင်မှုပြင်း ထန်မည့်အသွင်ကို ဆောင်နေသည်။ တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရရှိသည့် စာရင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော အချက်အလက်များကို ကိုးကား၍ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲနှစ်ခုတို့ကို နှိုင်းယှဉ်ကာ ထူးခြားချက်အချို့ကို ထုတ်နုတ် ဖော်ပြပါမည်။ ၁။ ကိုယ်စာလှယ်လောင်းဦးရေတိုးလာ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီအသီးသီးမှ ရွေးချယ်ခံရန် တိုင်းရွေး ကောက်ပွဲကော်မရှင်ထံ လျှောက်လွှာ တင်သွင်းထားသူ […]

တက္ကသိုလ်ဝင်အောင်ချက်ရာခိုင်နှုန်း ခွင့်ပြုချက်မရှိဘဲ မထုတ်ပြန်ရ

diz_admin

August 11, 2020

တက္ကသိုလ်ဝင်အောင်ချက် ရာခိုင်နှုန်းများကို အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ထုတ်ပြန်ခွင့် မပြုတော့ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။ တစ်နိုင်ငံလုံးမှ တက္ကသိုလ်ဝင် အောင်ချက်ရာနှုန်းများကို အခြေခံပညာ ဦးစီးဌာနက တွက်ချက်အတည်ပြုပြီး ထုတ်ပြန်ပေးမှာသာလျှင် သက်ဆိုင်ရာ ကျောင်းအသီးသီးက ထုတ်ပြန်ရမည်ဖြစ်ကြောင်း အထက်ပါရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်မေစန္ဒာလွင်က ပြောသည်။ တက္ကသိုလ်ဝင်စာမေးပွဲ တနင်္သာရီတိုင်း ရှစ်နှစ်အတွင်း အောင်ချက်ရာနှုန်းအနည်းဆုံး အဆိုပါတားမြစ်ချက်ထဲတွင် အစိုးရပိုင်ကျောင်း၊ ဘုန်တော်ကြီးသင် ကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ကိုယ်ပိုင် ဘာသာရပ်သင် သင်တန်း (ဘော်ဒါ) များအားလုံးအကျုံးဝင်မည်ဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်နီးအချိန်တွင် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယခင်ကမူ သက်ဆိုင်ရာကျောင်းများက ကိုယ့်ဘာသာတွက်ချက်ပြီး အောင်ချက်ရာနှုန်းကို ထုတ်ပြန်လေ့ရှိသည်။ ယင်းကဲ့သို့ ထုတ်ပြန်ရာတွင် အချို့သော ကိုယ်ပိုင်ကျောင်း၊ ဘော်ဒါ၊ အစိုးရကျောင်း စသည့်တို့သည် […]

ရေကြီးနစ်မြုပ်လယ်များ မျိုးနှင့် နည်းပညာ အကူအညီတောင်းခံနိုင်

diz_admin

August 11, 2020

တနင်္သာရီတိုင်းတွင် ရေကြီးနစ်မြုပ်သည့် လယ်များအနေနှင့် ရက် ၉၀ သက်တမ်းတိုမျိုးစပါးနှင့် နည်းပညာ လိုအပ်ပါက ဆက်သွယ်အကူအညီရယူနိုင်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန၊ မျိုးစေ့ဌာနခွဲထံက နှိုးဆော် အသိပေးထားသည်။ တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိ ရေကြီးနစ်မြုပ်ချိန်၍ စပါးခင်း များပျက်ဆီးခြင်း၊ ရေကြီးနစ်မြုပ်ခံရသည့် စပါးပင်များ ပိုးမွှားကျရောက်ခြင်း၊ မျိုးစပါးလိုအပ်ခြင်းနှင့် နည်းပညာ လိုအပ်ပါက တိုင်းစိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲမှ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်စန်းစန်းမြိုင်၊ ဖုန်း ဝ၉၄၂၈၁၁၈၁၅၃ နှင့် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးသန္တာစိုး၊ ဖုန်း ဝ၉၄၂၂၂၁၁၇၃၄ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု နှိုးဆော်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ ရာသီဥတုပြောင်းလဲလာမှုကြောင့် တောင်သူများအနေဖြင့် ရာသီဥတုနှင့် ကိုက်ညီသည့် သက်တမ်းတို မျိုးစပါးများကို ပြောင်းလဲစိုက်ပျိုးသင့်သည်ဟု တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခန့်က ပြောသည်။ ကွမ်းသမားနှင့် ကိုဗစ် […]

တိုင်းအတွင်း မဲစာရင်းအချက်အလက်မှားယွင်းသူ နှစ်သောင်းကျော်၊ ဝန်ကြီးချုပ် မဲစာရင်းမပါ

diz_admin

August 11, 2020

တနင်္သာရီတိုင်းတွင် မဲစာရင်းအချက်အလက် မှားယွင်းသူ နှစ်သောင်းကျော်ရှိပြီး ယင်းတို့အထဲတွင် ဝန်ကြီးအချို့၏ အမည်စာရင်းလည်း ပါဝင်ကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။ ကွမ်းသမားနှင့် ကိုဗစ် မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်း မပါဝင်သဖြင့် ပုံစံ(၃)ဖြင့် တင်သွင်းလျှောက်ထားသူ ၁၂၀ဝ၀ ကျော်၊ မဲဆန္ဒရှင်စာရင်းတွင် မိဘအမည်၊ မိမိနာမည်၊ မှတ်ပုံတင်အမှတ် စသည့် အချက်အလက်မှားယွင်းမှုများကို ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်း လျောက်ထားသူ ၁၀ဝ၀ဝ ကျော်ရှိပြီး မပါဝင်သင့်သူများ ပါဝင်နေသဖြင့် ပုံစံ(၄)ဖြင့် ကန့်ကွက်လွှာတင်သွင်း လျှောက်ထားသူ ၃၀ဝ၀ ကျော်ရှိကြောင်း အထက်ပါ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။ “မဲစာရင်းသွားကောက်တဲ့အချိန်မှာ အိမ်မှာလူမရှိဘူး၊ သော့ပိတ်ထား တယ်ဆိုတော့ ဘယ်လိုလုပ်မလဲ၊ အဲ့လိုနဲ့ မဲစာရင်းမှာ အမည်စာရင်းမပါ တာတွေဖြစ်တာပေါ့” ဟု ဆိုသည်။ […]

လောင်းလုံး ငွေစုအမှု အစိုးရထံ အကူအညီတောင်း

diz_admin

August 11, 2020

လောင်းလုံးမြို့နယ်တွင် တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေသော ငွေစု၊ ငွေချေးလေလံစုမဲ ပြဿနာများ၏ နောက်ဆက်တွဲကိစ္စကို ကူညီဖြေရှင်းပေးရန် တိုင်းအစိုးရအပါအဝင် ဌာနငါးခုကို သြဂုတ်လ ၄ရက်က စာပို့ အကူအညီ တောင်းခံလိုက်သည်။ တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဥပဒေချုပ်၊ တိုင်းလွှတ်တော်မြေယာအငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့၊ တိုင်းတရား ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ လောင်းလုံးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ကိုတစ်ပြိုင်တည်း လိပ်မူတောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ကွမ်းသမားနှင့် ကိုဗစ် လောင်းလုံးမြို့နယ်ရှိကျေးရွာအချို့တွင် အလွန်ရှုပ်ထွေးပြီး ရှင်းပြရန်ခက်ခဲသော ငွေစု၊ ငွေချေး၊ လေလံပြဿနာ တစ်ရပ်လွန်ခဲ့သည့် ကိုးနှစ်ခန့်က ဖြစ်ပွားခဲ့သည်။ လောင်းလုံးမြို့နယ်တရားရုံးတွင်အဆိုပါ လေလံအမှု ပေါင်းထောင်ချီ တရားစွဲဆိုခဲ့ကြသည်။ ၂၀၁၈ခုနှစ်စက်တင်ဘာလတွင် အဆိုပါလေလံပြဿနာနှင့် ပတ်သက်ပြီး တရားစွဲခံရသူတို့ဘက်က ဆန္ဒပြသည်အထိ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယင်းပြဿနာ တစ်ခန်းရပ်သွားခဲ့သည်။ ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၁ ရက်တွင်မူ တရားမဇာရီအမှုအရ တရားရုံးမှ […]