ဆိုက်ကားဆရာ၊ အငှားယာဉ်မောင်းနှင့် ခေါင်းရွက်ဗျပ်ထိုးဈေးသည်ပါ တက်နိုင်သည့် သင်တန်း
diz_admin
August 19, 2020ယခုလကုန်ပိုင်းတွင် ဖွင့်လှစ်မည့် ခရီးသွားလုပ်ငန်းအခြေခံသင်တန်းသို့ ဆိုက်ကားဆရာ၊ အငှားယာဉ်မောင်း၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များပါ တက်ရောက်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ဟိုတယ်/ခရီး) ထံမှ သိရသည်။ ထို့အပြင် မြင်းလှည်းမောင်းသူ၊ စက်လှေမောင်းသူ၊ လက်မှုပညာသည် အစရှိသည့် ခရီးသွားလုပ်ငန်းများတွင် ဆက်စပ်ပါဝင်လုပ်ကိုင်နေသည့် အခြေခံ လူတန်းစားများလည်း လျှောက်ထား နိုင်မည်ဖြစ်သည်။ PPP ပါတီ ကိုယ်စားလှယ်လောင်း တစ်ဦး ပယ်ဖျက်ခံရ လက်ရှိဖွင့်လှစ်မည့်သင်တန်းကို သြဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ရှစ်ရက်ကြာဖွင့်လှစ်မည် ဖြစ်သည်။ သင်တန်းသည် ကိုဗစ်ကပ်ဘေးကြောင့် ကျဆင်းနေသည့် ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဟိုတယ်/ ခရီး ရုံးထံမှ သိရသည်။ “ပညာအရည်အချင်းကတော့ ကန့်သတ်ထားတာ ထူးထူးခြားခြားတော့ မရှိဘူး။ ဒါပေမဲ့လည်း […]