BREAKING
March 1, 2025

ထားဝယ်

ထားဝယ်နှင့် ကော့သောင်းတို့တွင် အမှုသောင်တင်မှု အများဆုံး

diz_admin

August 25, 2020

ထားဝယ်ခရိုင်တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံးတို့တွင် ကြန့်ကြာနေသည့် အမှုအရေအတွက် အများဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။ ယခုနှစ်ဇူလိုင်လကုန်အထိ တနင်္သာရီ တိုင်းအတွင်းရှိ တရားရုံးအသီးသီးတွင် တစ်နှစ်မှ သုံးနှစ်အထက် ကြန့်ကြာနေသည့် ရာဇဝတ်မှု ၆၉ မှုနှင့် တရားမကြီးအမှု ၁၉ မှုရှိကြောင်း တိုင်းတရားလွှတ်တော်ရံးထံမှသိရပြီး အဆိုပါ တရားရုံးနှစ်ခုတွင် အများဆုံးဖြစ်သည်။ ဇူလိုင်လကုန်အထိစာရင်းအရ ထားဝယ် ခရိုင်တရားရုံးတွင် တစ်နှစ်အထက် ကြန့်ကြာနေသည့် ရာဇဝတ်အမှု ခြောက်မှုနှင့် သုံးနှစ်အထက်ကြာနေသည့် တရားမကြီးအမှု တစ်မှုရှိပြီး ကော့သောင်းမြို့နယ် တရားရုံးတွင် တစ်နှစ်အထက်ကြာနေသည့် ရာဇဝတ်အမှု(အချုပ်/ခံဝန်) ၁၆ မှုနှင့် သုံးနှစ်အထက်ကြာနေသည့် တရားမကြီးအမှု သုံးမှုရှိနေကြောင်း သိရသည်။ ထားဝယ်ခရိုင်တရားရုံးရှိ ကြာနေသည့် ရာဇဝတ်အမှုများအနက် တရားလိုပြ သက်သေများခြင်း၊ တရားခံက စိတ်ကျန်းမာရေးမကောင်းသည့်အတွက် စိတ်ကျန်းမာရေးဆေးရုံတွင် ကုသနေရခြင်း စသည့် […]

ထားဝယ်ဆေးရုံကြီးတွင် ကျောက်ကပ်ဆေးစက် လုံလောက်မှုမရှိ

diz_admin

August 25, 2020

ထားဝယ်ဆေးရုံကြီးတွင် ကျောက် ကပ်ဆေးရန် လိုအပ်သည့် လူနာများ အတွက် ကျောက်ကပ်ဆေးသည့်စက် ထပ်မံလိုအပ်နေသေးကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။ လက်ရှိတွင် အစိုးရက ချပေးထားသည့် ကျောက်ကပ်ဆေးစက်နှစ်လုံးရှိနေပြီး လူနာ ၁၁ ဦးကို ကုသ(ဆေး) ပေးနေကြောင်း ထားဝယ်ဆေးရုံကြီးရှိ ကျောက်ကပ်ဆေးဌာနတာဝန်ခံ ဒေါက်တာ အေးမင်းသူက ဆိုသည်။ ထားဝယ်ဆေးရုံကြီးဝင်းရှိ အောက်ဆီဂျင်အဆောက်အအုံ အလှူရှင်လိုအပ် အဆိုပါ စက်နှစ်လုံးကို ယခုနှစ်အတွင်း တပ်ဆင်ထားပြီး လူနာ ၁၁ ဦးကို အကြိမ်ပေါင်း ၃၅၀ ခန့်အထိ ဆေးပေးခဲ့ပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။ “အခုလောလောဆယ် ပြည့်နေတယ်။ ရှိတဲ့ စက်နှစ်လုံးနဲ့ ဆေးပေးနေတာ ရက်ပြည့်နေတယ်။ အခုက ပိတ်ရက်တွေပါ လိုက်ဆေးပေးနေရ တယ်” ဟု ဒေါက်တာအေးမင်းသူက ဆိုသည်။ လက်ရှိတွင် ကျောက်ကပ်ဆေးမည့် […]

စည်ပင်လေလံရငွေ ယခင်နှစ်ထက် သိန်းကိုးဆယ်ကျော်ပိုရ

diz_admin

August 25, 2020

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၏ လိုင်စင်အမျိုးအစား ၁၂ ခုကို လေလံတင်ရောင်းချရာ ယခင်ဘဏ္ဍာနှစ်ထက် ငွေကျပ်သိန်းကိုးဆယ်ကျော် ပိုရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ကမ်းနားပျံကျဈေးကောက်၊ လမ်းဘေးဈေးကောက်၊ စည်ပင်သာယာဈေး ကြီးပျံကျဈေးကောက် စသည်တို့အပါအဝင် အရပ်ရပ်အခွင့်အရေးလိုင်စင် ၁၂ ခုကို ယခုလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း လေလံတင်ရောင်းချခဲ့ရာ ကျပ် ၂၇၂၀ သိန်းကျော် ရရှိခြင်းဖြစ်သည်။ ပဲ့စင်ကျွန်းကိစ္စ ဟိုတယ်/ခရီးဌာနသဘောထား တောင်းခံထား ပြီးခဲ့သည့်နှစ်ကမူ အထက်ပါ လိုင်စင် ၁၂ ခုကို လေလံတင်ရောင်းချရာတွင် ငွေကျပ် ၂၆၂၉ သိန်းကျော် ရရှိခဲ့သည်။ “လေလံတွေမှာ အပြိုင်ဆွဲတဲ့သူတွေ များတဲ့အတွက် ဈေးပိုများလာတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ လက်ရှိတွင် သားသတ်လိုင်စင်နှင့် အပေါင်ဆိုင်လိုင်စင်အချို့ကို ရောင်းချရန် ကျန်ရှိနေသေးပြီး […]

ပဲ့စင်ကျွန်းကိစ္စ ဟိုတယ်/ခရီးဌာနသဘောထား တောင်းခံထား

diz_admin

August 25, 2020

ပဲ့စင်ကျွန်းတွင် ခရီးသွားလုပ်ငန်း လုပ်မည်ဟုဆိုကာ လုပ်ငန်းရှင်ကြီး တစ်ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားသည့်အပေါ် ပြည်ထောင်စုဝန်ကြီးဌာနက သဘောထားမှတ်ချက်တောင်းခံလာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ပြောကြားသည်။ ဇူလိုင်လနှောင်းပိုင်းက သဘောထားမှတ်ချက်တောင်းခံလာဖြင်းဖြစ်ပြီး ဌာနအနေဖြင့် လိုအပ်သည့်သတ်မှတ်ချက်များကို ကုမ္ပဏီကို ဖြည့်သွင်းစေပြီး ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဖိုးဖိုးကျောက်ကမ်းခြေသဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ ထိုသို့ ကွင်းဆင်းစစ်ဆေးပြီးပါက စာရွက်စာတမ်းများကို ပြည်ထောင်စု ဝန်ကြီးဌာနထံ ပေးပို့ကာ Video Conference ဖြင့် ရှင်းပြရန်ရှိသည်ဟု ၎င်းက ဆိုသည်။ “ကျွန်တော်ထင်တယ်။ အစောဆုံး သြဂုတ်လအကုန်လောက်မှာ။ တစ်လ လောက်တော့ ကြာသွားမှာပါ” ဟု ဦးညိုအေး က ပြောသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းတွင် Excellent […]

လျှပ်စစ်ထုတ်ရန် အကြိုစူးစမ်းသည့်ကုမ္ပဏီ NLDအစိုးရလက်ထက် နှစ်ဆယ်နီးပါးရှိ

diz_admin

August 25, 2020

လျှပ်စစ်ထုတ်ရန် ဖြစ်မြောက်နိုင် စွမ်းရှိ/ မရှိ အကြိုစူးစမ်းလေ့လာသည့် ကုမ္ပဏီပေါင်း လက်ရှိအစိုးရလက်ထက်တွင် နှစ်ဆယ်နီးပါးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ၂၀၁၆ ခုနှစ်မှ လက်ရှိအချိန်အထိ ဇီဝလောင်စာသုံးနှင့် နေရောင်ခြည်စွမ်း အင်သုံးလုပ်ငန်းများအတွက် လေ့လာခြင်းဖြစ်ပြီး အကြိုစူးစမ်းလေ့လာသည့်ကုမ္ပဏီ ၁၇ ခုနှင့် MoU စာချုပ်လက်မှတ်ထိုးခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။ ၎င်းတို့မှာ ထားဝယ်ခရိုင်အတွင်းလုပ်ငန်း ကိုးခု၊ မြိတ်ခရိုင်အတွင်း ငါးခုနှင့် ကော့သောင်းခရိုင်အတွင်း သုံးခု ဖြစ်သည်။ MoU စာချုပ်၏ သက်တမ်းမှာ ပျမ်းမျှအားဖြင့် ၁၂ လမှ ၁၈ လ ဖြစ်သည်။ ထို့အပြင် MoU စာချုပ်လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်နေသည့် ကုမ္ပဏီများလည်းရှိနေသေးပြီး ကိုဗစ်ကပ်ဘေး ကြောင့် နှောင့်နှေးနေကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ “တတ်နိုင်သလောက်တော့ ထိုးရမယ့်ဟာကတော့ […]

လောင်းလုံး- ရှင်မော် ပျက်၊ ဖာ လမ်းပိုင်းအချို့ လာမည့်နှစ် ပြင်မည်

diz_admin

August 24, 2020

ပျက်လိုက်၊ ဖာလိုက်ဖြင့် စခန်းသွားနေသည့် လောင်းလုံး- ရှင်မော်သွား လမ်းပိုင်းနေရာအချို့ကို လာမည့်နှစ်တွင် ၁၈ ပေလမ်းအဖြင့် အဆင့်မြှင်တင်ပြင် ဆင်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် လမ်းဦးစီးဌာနထံမှ သိရသည်။ ထားဝယ်- ရှင်မော်လမ်းသည် ထားဝယ်မှ ရဘဲကျေးရွာအထိ လမ်း ကောင်းမွန်နေပြီး ရဘဲကျေးရွာအလွန်မှ ကျောင်နီမော်ကျေးရွာအထိတွင် လမ်းတလျှောက်၌ ချိုင့်ခွက်များနေရာ အတော်တော်များများတွင်ရှိနေပြီး အချို့နေရာများတွင် ကတ္တရာလမ်းနှုတ်ခမ်းများ ပဲ့ကျ နေသည်ကိုတွေ့ရသည်။ ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေး အွန်လိုင်းမှ လျှောက်နိုင် ကျောက်နီမော်ကျေးရွာအလွန်တွင် လမ်းပြန်ကောင်းသွားပြီး ကြက်လွှတ်ရွာ အနီးတစ်ဝိုက်တွင် လမ်းပြန်ဆိုးနေပြန် သည်။ ပျက်နေသော အဆိုပါလမ်းများကို မြို့နယ်လမ်းဦးစီးဌာနမှ လာရောက်ဖာ ထေးပေးနေသော်လည်း ကြာကြာမခံဘဲ ပျက်စီးသွားလေ့ရှိကြောင်း ဇလွတ်ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးအောင်သူဦး က ပြောသည်။ “လမ်းက ပျက်လိုက်၊ ဖာလိုက်ဖြစ် နေတယ်။ […]

ထားဝယ်ဆေးရုံကြီးဝင်းရှိ အောက်ဆီဂျင်အဆောက်အအုံ အလှူရှင်လိုအပ်

diz_admin

August 24, 2020

ထားဝယ်ဆေးရုံကြီးဝင်းအတွင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင် အဆောက်အအုံကို နေရာပြောင်းရွှေ့ပြီး အသစ်တည်ဆောက်နေသဖြင့် အလှူရှင်လိုအပ်နေကြောင်း အာယုဒါနပါရမီ မြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့ထံမှ သိရသည်။ လက်ရှိအောက်ဆီဂျင် အဆောက်အအုံမှာ အသစ်တည်ဆောက်မည့် ဆေးရုံကြီးအဆောက်အအုံနှင့် မလွတ်ကင်းသည့်အတွက် ဖြိုဖျက်ကာ နေရာပြောင်းရွှေ့ကာ တည်ဆောက်ရခြင်း ဖြစ်သည်။ အဆောက်အအုံအသစ်ကို ဆေးရုံကြီး ဖျားနာဆောင်၏ အနောက်ဘက်တွင် ပြီးခဲ့သည့်အပတ်မှ စတင်တည်ဆောက်နေပြီး လက်ရှိတွင် သုံးပုံတစ်ပုံပြီးစီးနေ ပြီဖြစ်ကြောင်း ဦးအောင်မြင့်က ပြောသည်။ ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေး အွန်လိုင်းမှ လျှောက်နိုင် အဆောက်အအုံအသစ်အတွက် အလှူရှင်အချို့ရှိနေပြီးဖြစ်သော်လည်း ထပ်မံလိုအပ်နေဆဲဖြစ်ပြီး အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတည်ဆောက်နေသည့် အဆောက်အအုံအသစ်မှာ အကျယ်အဝန်းအားဖြင့် ၂၀ ပေ၊ ၃၀ ပေရှိပြီး တစ်ထပ်ဖြစ်သည်။ […]

ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေး အွန်လိုင်းမှ လျှောက်နိုင်

diz_admin

August 24, 2020

ကိုဗစ်ကာလအတွင်း လူမှုစီးပွား ထိခိုက်ရမှုများကို သက်သာစေရန်အတွက် အစိုးရကပေးမည့် ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေးကို အွန်လိုင်းမှတစ်ဆင့်လည်း လျှောက်ထားနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားပေးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေး လျှောက်ထားမှုကို သြဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်နေ့အထိ ခွင့်ပြုထားပြီး ကိုယ်ဝန်ဆောင်တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ ထောက်ပံ့ပေးမည်ဖြစ်သည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ယမန်နှစ်ထက် လျော့ကျ လျှောက်ထားလိုပါက ကိုယ်ဝန်ဆောင်များအနေနှင့် ကိုယ်တိုင်ဖြစ်စေ၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ သက် ဆိုင်ရာလူမှုဝန်ထမ်းဦးစီးဌာနနှင့် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများကဖြစ်စေ ငွေဗိုက် (Ngwe Bike) ဟူသော Application အား Google Play Store နှင့် Apple Store တို့မှ ဒေါင်းလုတ်ရယူပြီး […]