မောင်းမကန်ရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာခန့်ရောက်လာ
Dawei Watch
November 6, 2024လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား တစ်ရာခန့် ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။ မောင်းမကန် ရဲစခန်းအနီးတွင် နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀နာရီကျော်တွင် ပေါက်ကွဲသံများ ထွက်ပေါ် ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံက ပြောသည်။ “ပေါက်ကွဲသံကြားတာနဲ့ တံခါးပိတ်နေလိုက်ကြာတာပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲစခန်းရှေ့တွင် လူနာတင်ယာဉ်တစ်စီးရပ်ထားပြီး ပြန်ထွက်သွားသည်ကို မြင်တွေ့ ရကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် ပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းတို့က ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်း အသေးစိတ်အခြေအနေကို မသိရသေးပေ။ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ […]