တနင်္သာရီတိုင်းအတွင်း ကိုဗစ် စည်းကမ်းဖောက်သူ နှစ်ရာကျော်ကို အရေးယူ
diz_admin
September 1, 2020တနင်္သာရီတိုင်းအတွင်း ကိုဗစ် ကပ်ဘေးစတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိ ကိုဗစ်စည်းကမ်းဖောက်ဖျက်သူ နှစ်ရာကျော်ကို အရေးယူခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ တိုင်းအစိုးရက ကိုဗစ်စည်းကမ်းချက်များစတင်ထုတ်ပြန်ချိန်မှ သြဂုတ်လ ၂၄ ရက်နေ့အထိ ကိုဗစ်စည်းကမ်း ဖောက်ဖျက်သူ ၂၃၁ ဦးကို အရေးယူခဲ့ကြောင်း အထက်ပါရုံး၏ စာရင်းအရ သိရသည်။ ထားဝယ်တွင် လမ်းဘေးဆိုင်များ ထပ်ဖွင့်ခွင့်မပြုတော့ဟုဆို ကိုဗစ်ကာလအတွင်း သတ်မှတ် ဦးရေထက်ပိုသည့် လူစုလူဝေးမလုပ်ရန်၊ ထိုင်းနိုင်ငံမှ ပြန်လာပါက တရားဝင် နယ်စပ်ပေါက်မှသာ ဝင်ရန် ၊ KTV ဆိုင်များ ပိတ်ထားရန်စသည့် စည်းကမ်းချက်များအပြင် ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြထားသည်။ အထက်ပါကာလတွင် ညမထွက် ရအမိန့်ဖောက်ဖျက်သည့်အမှု ၁၁၃ မှု၊ တရားမဝင်နယ်စပ်ပေါက်မှ ဝင်လာသည့် အမှု ၆ မှု အပါအဝင် ကျန်းမာရေးစစ် ဆေးမှုကို နှောင့်ယှက်သည့်အမှု၊ […]