ဧည့်လမ်းညွှန်လိုင်စင် သက်တမ်းတိုးရန် အခက်ကြုံ
diz_admin
September 2, 2020ထားဝယ်မြို့နယ်အတွင်း ဒေသဆိုင် ရာဧည့်လမ်းညွှန်လိုင်စင်(RG) သက်တမ်း တိုးရန်မှာ အခက်အခဲကြုံတွေ့နေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူ အချို့ထံမှ သိရသည်။ ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်သက်တမ်းတိုးရန်အတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့မဟုတ်) ဝင်ငွေမပြသနိုင်ပါက အကျိုးအကြောင်းခိုင်လုံစွာဖြင့် လျှောက်ထားကာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်သည်။ ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ၆ ရာခိုင်နှုန်း တိုးလာ အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မရရှိခြင်းကြောင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်လည်း မရ၊ အကျိုးအကြောင်းခိုင်လုံစွာ ဝန်ခံကတိဖြင့် တင်ပြသည်ကိုလည်း ဟိုတယ်ခရီးက လက်မခံသဖြင့် ဒေသဆိုင်ရာဧည့် လမ်းညွှန်အချို့မှာ လိုင်စင်သက်တမ်းတိုးရန် အခက်တွေ့နေကြခြင်းဖြစ်သည်။ ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းများကို လက်ခံဆောင်ရွက်ခဲ့သည်မှာ ရက်အနည်းငယ်ခန့်သာ လုပ်ကိုင်ခဲ့သဖြင့် အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မရရှိကြောင်း ထားဝယ်မြို့နယ်မှ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ကိုင်နေသူ ဦးအောင်မိုးသူက ပြောသည်။ အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မတင်ပြနိုင်သဖြင့် […]