BREAKING
January 10, 2025

ထားဝယ်

အခြေခံကျောင်းများတွင် ထားဝယ်စာသင်ကြားရေး အဆင့်လေးဆင့် ဖြတ်ရန် ကျန်

diz_admin

August 4, 2020

ထားဝယ်စာပေအား အခြေခံပညာ မူလတန်းအဆင့်တွင် သင်ကြားနိုင်ရန်မှာ အဆင့်လေးဆင့်ကို ဖြတ်ရန်ကျန်နေသေးကြောင်း ထားဝယ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီထံမှ သိရသည်။ မူလတန်းအဆင့်ဖြစ်သော KG ၊ ပထမတန်း၊ ဒုတိယတန်းတို့တွင် သင်ကြားမည့် ထားဝယ်စာဖြင့် ရေးသားထားသော ဒေသန္တရ သင်ရိုးညွန်းတမ်းသည် ယခင် အစိုးရလက်ထက်ကတည်းက ရေးဆွဲထားခြင်းဖြစ်ကြောင်း အထက်ပါကော်မတီအတွင်းရေးမှူး ဦးတင့်လွင်က ပြောသည်။ ဆိုပါသင်ရိုးညွန်တမ်းပါစာများကို ထားဝယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီက သဒ္ဒါပိုင်း ပြင်ဆင်ပြီး တိုင်းအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဆောင်သည့် ‌‌ဒေသန္တရသင်ရိုးညွန်းတမ်း ပြုစုရေးကော်မတီသို့ တင်ပြထားကြောင်း ၎င်းက ပြောသည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု သဒ္ဒါပိုင်းပြင်ဆင်ပြီး တင်ပြထားသည်တို့ကို ကန့်ကွက်ရန်မရှိကြောင်း ‌‌ဒေသန္တရသင်ရိုးညွန်းတမ်း ပြုစုရေးကော်မတီ ဥက္ကဋ္ဌဝန်ကြီး ဦးဟိုပင်က ပြောသည်။ “တို့ဘက်ကတော့ ကန့်ကွက်ရန် မရှိဆိုပြီး ပြောလိုက်ပြီးပြီ” […]

တနင်္သာရီတိုင်းတွင် မိုးကြီးမည်

diz_admin

August 4, 2020

တနင်္သာရီတိုင်းတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် နေရာကွက်၍ မိုးကြီးနိုင်ခြင်း ဖြစ်သည်။ သြဂုတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ရှစ်ခုတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မ(၇၇-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုလည်း […]

တိုင်းအစိုးရအား ပိုထိန်းကျောင်းနိုင်ရန် တိုင်းလွှတ်တော်အတွက် အဓိကဝင်ပြိုင်ခြင်းဖြစ်ဟု ထားဝယ်ပါတီဆို

diz_admin

August 4, 2020

ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြေညာထားပြီး ယင်းသို့ ရွေးချယ်ရခြင်းမှာ တိုင်းအစိုးရအား ထိန်းကျောင်းရာတွင် ပိုမိုအားကောင်းစေရန်ဆိုသည့် အချက်တစ်ခုလည်း အပါအဝင်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလ အတွေ့အကြုံအရ တိုင်းလွှတ်တော်အတွင်း ပါတီတစ်ခုတည်းမှ လွှတ်တော်ကိုယ်စားလှယ်များသာရှိနေခြင်းက တိုင်းအစိုးရကို ထိန်းကျောင်းရာတွင် အားနည်းချက်ရှိခဲ့ကြောင်း ဦးအေးမင်းက ပြောသည်။ “လွှတ်တော်ထဲမှာ အသံတွေစုံဖို့လိုမယ်။ တစ်နည်းအားဖြင့် တိုင်းလွှတ်တော်ထဲမှာ ပါတီစုံမယ်ဆိုရင် တိုင်းအစိုးရကို အရင်တုန်းကထက် ထိန်းကျောင်းပေးနိုင်မယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့် တိုင်းဒေသကြီးတစ်ခုတည်းကို ဝင်ပြိုင် ရခြင်းဖြစ်တယ်” ဟု ဦးအေးမင်းက ပြောသည်။ ထားဝယ်တိုင်းရင်းသားများပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးကို ကိုယ်စားလှယ် ၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လာမည့် ၂၀၂၀ […]

တနင်္သာရီတိုင်းပညာရေးမှူး အပြောင်းအလဲဖြစ်

diz_admin

August 4, 2020

လက်ရှိ တနင်္သာရီတိုင်းဒေသကြီး၏ ညွှန်ကြားရေးမှူးဖြစ်သူ တိုင်းပညာရေးမှူးသည် မကြာခင်တွင် အငြိမ်းစားယူရန်ရှိနေရာ ၎င်းနေရာတွင် နောက်ထပ် ညွှန်ကြားရေးမှူးတစ်ဦး အစားထိုးရောက် ရှိလာတော့မည်ဖြစ်ကြောင်း အဆိုပါ တိုင်းပညာရေးမှူးရုံးမှ သိရသည်။ အသစ်ပြောင်းရွှေ့လာမည့် ပညာရေးမှူးအသစ်သည် ဧရာဝတီတိုင်း ပညာရေးမှူးရုံးမှဖြစ်ပြီး သြဂုတ်လ ၆ ရက်နေ့တွင် ရောက်ရှိမည်ဟု လက်ရှိ တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ဒေါ်မြင့်စိန်သည် လက်ရှိနေရာတွင် လေးနှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုသြဂုတ်လမှစတင်၍ သက်ပြည့်အငြိမ်းစားယူမည်ဖြစ်သည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု အသစ်ရောက်ရှိလာမည့် ညွှန်ကြားရေးမှူးသည် ထားဝယ်ဇာတိဖြစ်သည်ဟုလည်း သိရသည်။ မိုးမြင့်

ကိုဗစ်ကာလ နိဗ္ဗာန်ဆော် တစ်ဖွဲ့ ၁၅ ဦးထက် မပိုရ

diz_admin

August 4, 2020

ဝါတွင်းကာလ ဘုန်းကြီးကျောင်းများ လူများပါက အသုတ်လိုက် သီလပေးရန် မေတ္တာရပ်ခံ ကိုဗစ်ကာလ ဝါတွင်းတွင် နိဗ္ဗာန်ဆော်အဖွဲ့များကို ပုံမှန်အတိုင်း အလှူခံထွက်ခွင့်ပြုမည်ဖြစ်သော်လည်း တစ်ဖွဲ့ ၁၅ ဦးထက် မပိုရန်ကဲ့သို့သော ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ ထားဝယ်ဒေသတွင် ဝါတွင်းကာလ၌ အပတ်စဉ် အဖိတ်နေ့နှင့် အကြိုအဖိတ်နေ့(တောဖိတ်)တို့တွင် နာမည်ကြီးဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများ၏ ဝေယျာဝစ္စအတွက် ဥပါသကာအဖွဲ့ များက အလှူခံထွက်လေ့ရှိသည်။ ထို့အပြင် ရပ်ကွက်/ကျေးရွာအလိုက် ဥပါသကာအဖွဲ့များလည်း ရှိသေးသည်။ လာမည့် ဝါတွင်းကာလတွင် နိဗ္ဗာန်ဆော်အဖွဲ့တွင် လိုက်ပါအလှူခံမည့် ဥပါသကာအရေအတွက်ကို ၁၅ ဦးထက် မပိုစေရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခြား နေရန်၊ နှာခေါင်းစည်းတပ်ဆင်ရန် အစရှိသည့် ကျန်းမာရေးညွှန်ကြားချက်များအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။ “အလှူခံနဲ့ ပတ်သက်ပြီးတော့ […]

Grade-11 သင်ရိုးဟောင်း ဘာသာတွဲပြောင်းလဲခွင့်ကို တစ်ကြိမ်သာခွင့်ပြုမည်

diz_admin

August 4, 2020

Grade-11 (ဒသမတန်း) သင်ရိုးဟောင်း ဘာသာတွဲပြောင်းလဲခွင့်ကို တစ်ကြိမ်သာ ပြောင်းလဲဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက တိုင်းပညာရေးမှူးရုံးသို့ ဇူလိုင်လ ၂၄ ရက်နေ့က အကြောင်းစာပေးပို့ထားသည်။ ဒသမတန်းသင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ပင်ရင်းဘာသာရပ် သုံးခုနှင့် စိတ်ကြိုက်ဘာသာရပ် သုံးခုပါဝင်သော ဘာသာတွဲရှစ်တွဲဖြင့် စစ်ဆေးကျင်းပမည်ဖြစ်ပြီး မိမိတို့ စိတ်ပါဝင်စားသည့် ဘာသာတွဲအား ရွေးချယ်သင်ယူခွင့် ရှိကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။ ဘာသာတွဲ ရှစ်တွဲအနက် တစ်ခုခုကို ရွေးချယ်ဖြေဆိုရန် လျှောက်လွှာတင်သွင်းပြီးသော ဘာသာတွဲမှ အခြားဘာသာတွဲကို ပြောင်းလဲဖြေဆိုလိုပါက ကြိုတင် လျှောက်ထားရမည်ဖြစ်သည့်အပြင် တစ်ကြိမ်သာ ပြောင်းလဲဖြေဆိုခွင့်ပြုမည် ဟု ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဘာသာတွဲပြောင်းလဲဖြေဆိုခွင့်ကို ယခင်ကတည်းက ခွင့်ပြုပေးထားသော်လည်း အထက်ပါညွှန်ကြားစာကို မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်သည်ကိုမူ မသိရကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ […]

မွေးမြူရေးတိရစ္ဆာန်များအတွက် သဘာဝဘေးကြိုတင်ကာကွယ်ရေး သတိပေး

diz_admin

August 4, 2020

မိုးရာသီတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ကာ မွေးမြူရေး တိရစ္ဆာန်များအတွက် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သဖြင့် ကြိုတင်ကာကွယ်ကြရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ကြေညာထားသည်။ တိရစ္ဆာန်များအတွက် အစာနှင့် သောက်သုံးရေများ ကြိုတင်စုဆောင်းထားရန်နှင့် မိုးလေဝသတိပေးချက်များကို ဂရုပြုနားထောင်၊ ဖတ်ရှုကြရန် အသိပေးထားသည်။ ယင်းအပြင် ရေကြီးရေလျှံဖြစ်ပေါ် လေ့ရှိသော ဒေသများ၌ ရေဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန်နှင့် အခြားသဘာဝဘေးအန္တရာယ်များကို ကာကွယ်ရန် တိရစ္ဆာန်များကို အကာအကွယ်ရှိသောခြံများတွင် စနစ်တကျမွေးမြူရန် ထုတ်ပြန်ချက်က တိုက်တွန်းထားသည်။ ရေဘေးအန္တရာယ်ကျရောက်ပြီး ရေပြန်ကျချိန်တွင် ကူးစက်ရောဂါများ ဖြစ်ပွားတတ်သဖြင့် တိရစ္ဆာန်ရောဂါကာ ကွယ်ဆေးများ ကြိုတင်ထိုးနှံထားရန်နှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာမွေးမြူ ရေးဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားရန်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ မိုးမြင့်

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအတွက် ကိုဗစ်ချေးငွေလျှောက်လွှာ အသေးစားငွေချေးလုပ်ငန်းများတွင် ရယူနိုင်

diz_admin

August 4, 2020

ကိုဗစ်ကာလအတွင်း ထိခိုက်မှုရှိသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကျပ်သိန်း ၁၀ဝ အထိချေးနိုင် အစီအစဉ်အတွက် လျှောက်လွှာများကို အသေးစားငွေရေးကြေးရေး(အသေးစား ငွေချေး)လုပ်ငန်းများတွင် ရယူနိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်မှုရှိသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များက ချေးငွေ ၃၅ သိန်းမှ ကျပ်သိန်း ၁၀ဝ အထိ ချေးယူနိုင်မည်ဖြစ်သည်။ ငွေထုတ်ချေးရာတွင် အတိုးနှုန်း ၂ ရာခိုင်နှုန်းသတ်မှတ်ထားပြီး ချေးငွေ၏ သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။ ချေးငွေဆိုင်းငံ့ကာလမှာ သုံးလဖြစ်ပြီး ကျန်သည့် ကိုးလတွင် သုံးလတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။ ငွေထုတ်ချေးရာတွင် မတည်ရင်းနှီးငွေ ကျပ်သိန်း ၅၀ ရှိသည့် ဆိုင်ငယ်များကို အများဆုံး ကျပ် ၃၅ သိန်း၊ […]